များသောအားဖြင့်တော့ ဒေါင်လိုက်ကြီး နေလိုက်တာပါပဲ
တစ်နေရာစာရှိရင်တော့ ၉၀ ဒီဂရီအတိုင်း ထောင့်မချိုးဘဲ ကွေးချပျင်းရိလို့
ကိုယ်ဖြစ်ချင်တာ လုပ်ချင်တာတွေအတွက် ထုံးစံတွေ ကျင့်ဝတ်တွေဆိုတာကို
I G N O R A N C E ဆိုတဲ့ ခြင်းကြီးတစ်လုံးထဲ လုံးထွေးလွှင့်ပစ်ထားလိုက်တတ်တယ်
ဘဝမှာ ဖြစ်တည် လက်ခံထားမှုတွေကို စိမ်းလန်းနေအောင် ရေလောင်းပေါင်းသင်မှု ပြုနေရတာလောက်
ငြီးငွေ့ဖို့ကောင်းတာ မရှိဘူး
သံယောစဉ်တွေကို သူ့အတိုင်းစာလုံးပေါင်းရင်း ရေညီမျဉ်းအတိုင်း အလျားလိုက်ချကြည့်
လစ်တမာ့စက္ကူနဲ့တို့ပြီး အရောင် ပြောင်း မပြောင်း စမ်းကြည့်
ကိုယ့်ကိုယ်ကို ဘောင်တွေ ကနားတွေခတ်ထားခြင်းမှာ မုန်းတီးရင်း
ငြိတွယ်ခြင်းတွေကို အရောင်ချွတ်ဖို့ ဘယ်လိုချွတ်ဆေးမျိုး လိုအပ်မလဲ
ဒဏ်ရာတွေ အနာတရတွေကိုတော့ အဖြူရောင်အတိုင်းထားပြီး တန်းထိုးချိတ်ဆွဲလိုက်တယ်
ကိုယ့်ရဲ့ နေ့ တစ်ဓူဝတွေထဲ...တသသကြည့်နေဖို့
ပြီးမှ အောက်ခြေစာတမ်းကို R E D အနီရောင်လို့ စာတမ်းထိုးလိုက်မယ်
ကိုယ်ဟာ ဖြစ်တည်မှုတစ်ခုကနေ ဖြစ်တည်မှုတစ်ခုကို လှမ်းချိတ်
ကိုယ့်သွေးတွေကို ဖောက်ထုတ်လိုက်တော့ အစိမ်းတောက်တောက်တွေ ပန်းထွက်လာ
အစိမ်းရောင် တဲ့...
ကဲ မင်း ဘယ်လို ဘာသာပြန်ကြည့်ချင်သလဲ
ကဲ မင်း ဘယ်လို ဘာသာပြန်ကြည့်ချင်သလဲ
ကိုယ်ဟာ....
ကိုယ် စိတ် နှလုံး သုံးပါးစလုံး စရံအဖြစ် မင့်ဆီ ထားပစ်ခဲ့တဲ့သူ
မင့်ဘယ်ဘက်ကို ၄၅ ဒီဂရီ ငဲ့စောင်းကြည့်လိုက် ပြူတင်းပေါက်မှာ
မျက်ဝန်းတွေကို အပြင်ဘက်လွှတ်ပို့ထားတဲ့ ကိုယ့်ညာဘက်ပါးပြင်တစ်ခြမ်း
အလွမ်းဆိုတာကို ဆန္ဒရှိသလို မက်မောနမ်းရှိုက်ရင်း...
အတူဆို ညည်းခဲ့ဖူးတဲ့ သီချင်းတွေကို ပဲ့တင်ပြန်ကြားရင်း
ဒီအတိုင်းပဲ ဒီအတိုင်းပဲ ဒီအတိုင်းပဲ ဒီအတိုင်းပဲ...
ပစ်ချ ထားခဲ့လိုက်ပါတော့ ဖြစ်သလို ကြုံသလို
ပစ်ချ ထားခဲ့လိုက်ပါတော့ ဖြစ်သလို ကြုံသလို
ကိုယ်ဟာ....
မြေပြင်ညီရဲ့အပေါ် ခပ်ကွေးကွေးလေး အိပ်စက်နေခဲ့တယ်
CKA ဖြစ်တည်မှုလေး အရေးအသားကောင်းလွန်လွန်းလို့ ခတ်ထားတဲ့ ဘောင်တွေတောင်ဖယ်ပေးလို့ရရင် ဖယ်ပေးလိုက်ချင်ပါဘိ။
ReplyDeleteတစ်နေ့ကပဲ မချစ်ရဲ့ ညီမတော်ပို့စ်ကိုဖတ်ဖြစ်သေးတယ် ညီအစ်မနှစ်ယောက် စာရေးကောင်းတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဒီတစ်ပုဒ်ကိုလည်း ကြိုက်တယ် အစ်မချစ်ရေ...၊ ရေလည်မိုက်တယ်..၊း)
ReplyDeleteဒီဂရီတွေ၊ မြေပြင်ညီတွေ၊ အရောင်တွေ၊ ဘောင်တွေကြားမှာ.. တစ်ကြောင်းချင်းစီကို နှစ်ခါ ဖတ်သွားခဲ့တယ်....။
အမချစ်ရေ....
ReplyDeleteအလန်းဗျ....ကောာင်းလွန်းလို့ ကြိုက်လွန်းလို့ မိုးနတ်
ရင်ဘတ်ထဲ ထဲ့စီပြီး ခံစားခဲ့တယ်ရှင်...:)))
တော်လိုက်တဲ့ ငါ့အမ :P
အစိမ်းရောင်တွေကို လိုသလို ဘာသာပြန်ပစ်လိုက်တယ်
ReplyDeleteခံစားလို့ ရလို့ ကြိုက်တယ်...း-)
ReplyDeleteလစ်တမတ်စက္ကူနဲ့တို့လိုက်တာ.. ဘာအရောင်ပြောင်းသွားလဲအစ်မ.
ReplyDeleteစကားလုံးတွေ သုံးထားတာ လန်ထွက်နေတာပဲ.။
မိုက်လိုက်တဲ့ စာလုံးတွေ ဘယ်တော့များမှ အဲလိုရေးတတ်မယ် မသိ ..
ReplyDeleteအားလုံးကို ချစ်တယ်း)))
ReplyDeleteကောင်းတယ် မကြီးးချစ်ရေ
ReplyDeleteစာလုံးတိုင်းအဓိပ္ပါယ် ရှိတယ်..
စီကေအေ ဖြစ်တည်မှု က မိုက်တယ်ကွာ..။
ReplyDelete