Wednesday, February 20, 2013

လက်ရှိထဲမှာ စီကေအေမျောပါသွားခြင်း


ယောက်ယက်ခတ်နေတဲ့ စီကေအေက သူ့ကိုယ်သူ နှာသီးဖျားပေါ် တင်ထားကြည့်တယ်
ဝင်သက်ထွက်သက်တိုင်း သိတယ်တဲ့  လာသေးတယ်
လူကဖြင့် ဂဏှာမငြိမ်ဘဲနဲ့လေ
ခန္ဓာကိုယ်ထဲက တစ်သျှူးတွေ တစ်စနဲ့တစ်စအကြား အလစ်အလပ်ကို သူက ရှာဖွေတယ်
ဝေဒနာတွေ  ဝေဒနာတွေ  ဖြစ်ပျက်  ဖြစ်ပျက် ဘယ်အရာမှ မမြဲတဲ့သဘော
စာမျက်နှာ ၁၅ထဲက ပိတ်ကားပေါ်မြင်နေရတဲ့ ဟိုတစ်ကွက် ဒီတစ်ကွက်
အဖြစ်နဲ့ အပျက်တွေကို ဆက်စပ်ကြည့်နေတယ် ဝေဒနာတွေပါပဲ တဲ့
စွဲလန်းခြင်းဥပါဒါန်နဲ့ အလွမ်းဆိုတာတွေကို မစ်စတာBean ကြည့်နေရသလို
စီကေအေက ကြည့်ကြည့်ပြီး ရယ်နေတယ် စိတ်လိုလက်ရ
နေစမ်းပါဦး ဥပါဒါန်လေးမျိုးမှာ ဒါက ဘယ်သင်းမှာ ပါပါလိမ့်
စပယ်တွေရဲ့ မွှေးမြမှုကရော အမြဲမှန်ကန်နေတဲ့ universal truth ထဲမှာ ပါသလား
အလွမ်းမှာ မှတ်ပုံတင်မရှိတော့ စာတိုက်ကပို့ဖို့ ခက်တယ်
အေးစက်စွတ်မှုတွေကို မုန်းလို့ ကိုယ်ပေါ်က အနွေးထည်ကို မချွတ်တာ
မဖြစ်နိုင်တာတွေကို ဘဝမှာ ဘယ်နှစ်လီတာလောက် ကောက်ရခဲ့ဖူးလဲ
တစ်လီတာကို ရေနှစ်ဆနဲ့ ရောသောက်ကြည့်ရင်ရော....
ဘဝက အလိုမလိုက်တတ်တဲ့ ဒိုင်လူကြီးလို အပေါ်စီးက ကဲကြည့်နေတုန်း

6 comments:

  1. ကြိုက်တယ်...အစ်မချစ်။ ဇွန်တောင် ခုတလော စိတ်များနေလို့ ကြိုးစားပြီး တရားလေးပြန်မှတ်နေတယ်။ :D

    ReplyDelete
  2. အင်းးးးးးးးးးး
    ညလေးလဲ တခါတခါတော့ တရားပြန်မှတ်ရအုံးမယ်...:)
    တရားဆိုတာ ကြီးတယ်ငယ်တယ်မဟုတ်ဘူးးးးးးး
    အမြဲရှိနေ မှတ်နေရမှာ ..

    ReplyDelete
  3. သံဝေဂရစရာ ကဗျာကလေး

    ReplyDelete
  4. တရားသဘောနဲ.သံဝေဂရစရာစာပိုစ်.
    လေးကိုဖတ်ရှု.အားပေးသွားပါတယ်။
    ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
  5. ဘ၀က တိုတိုလေးပါအစ်မရေ...နော်..
    မမြဲ အစိုးမရ အနတ္တ..
    ဒီရက်ပိုင်း ဒါပဲ ရေရွတ်မိနေတာ.. :)

    ReplyDelete
  6. အလွမ်းမှာ မှတ်ပုံတင်ရှိရင် စာတိုက်ကများ တစ်ကယ် ပို့ မယ်ထင်တယ်နော်..။ မကြီးချစ်ကို ချစ်တယ်..။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...