စိမ်းစိမ်းစက်စက် မြနုရွက်တို့
တိမ်းလျှက်ဘယ်ညာ ပုလဲရွာစွေ
ပုဝါငွေသား ခြုံလွှာပါးဖြင့်
ပိုင်းခြားမထင် မောင့်ရုပ်သွင် မှန်း
ချစ်မက်တမ်းသော အလွမ်းမောခက်
ပစ်ချရက်ဘူး နှောင်ငင်ဦးမည်
ကြည်လင်စိမ်းဖန့် ရေသားပြန့်တွင်
အရိပ်ထင်သော် မောင်ပင်ဖြစ်လိမ့်
လူးလှိမ့်ကွဲအက် လွမ်းရေးခက်ရှာ
အနားမှာနေ ကြည်ဖြူစေစိမ့်
နှစ်သိမ့်ရော်ရမ်း စိတ်ဝယ်မှန်းဆ
တသသရှင့်.....။
(ကာရန်နဲ့ ကဗျာလေးတွေကို သတိရလို့...)
နှောင်ငင်ဦးမည် ဆိုတဲ့ စာသားလေး ကြိုက်တယ် အမချစ်..ရိုးရိုးလေး ဆိုပေမဲ့ ရင်ထဲထိတယ်...း)
ReplyDeleteစွယ်စုံပါလား မချစ်ရေ။ ရိုးရိုးကဗျာလေးဆိုပေမယ့် ကာယံညီတော့ စာပီသနေတယ်။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မိုးရာသီနဲ့လိုက်ဖက်တဲ့ ကဗျာနုနုလှလှကလေး....း)
ReplyDeleteကာရန်နဲ့ ကဗျာလေးတွေကို သတိတရ ရှိတဲ့အတွက် ၀မ်းသာမိသလို ကျေးဇူးလဲ တင်မိတယ် အမချစ်ကြည်ရေ ... ။
ReplyDeleteဒီကဗျာလေး ဖတ်ရတာ နူးညံ့သိမ့်မွေ့လို့ ချစ်စရာလေး။
အဲဒါမျိုးကဗျာလေး...မိုးနတ်လဲရေးတတ်ချင်လိုက်တာ...ခံစားရတာ နူးညံ့လိုက်တာရှင်..အားကျခြင်းများစွာနဲ့ အားပေးသွားပါတယ်နော်
ReplyDeleteကဗျာလေးက တိုပေမယ့် ကောင်းလိုက်တာ..
ReplyDelete"နှစ်သိမ့်ရော်ရမ်း စိတ်ဝယ်မှန်းဆ
ReplyDeleteတသသရှင့်....." တဲ့လား...၊
အမချစ်ကြည်အေးက ကာရန်နဲ့ဆိုလည်း ဖြစ်တာပါပဲလား၊း) သွပ်မိုးပေါ် တဖြောက်ဖြောက် ကျနေတဲ့ မိုးစက်တွေနဲ့ နေ့လယ်ခင်းတစ်ခုမှာ စိမ့်ဝင်ခံစားဖို့ အသင့်ဆုံး ကဗျာလေးပါပဲဗျာ...။း)
This comment has been removed by the author.
ReplyDeleteကဗျာလေးက လှလိုက်တာ...။
ReplyDeleteချစ်တယ် အမရေ..ကဗျာလေးကို..