ပြောဆိုရင်းနှီး ပေါင်းသင်းငြင်းခုန်
ဆဲဆိုရန်ဖြစ် အော်ဟစ်ဆူပွ
ရေးကြ လိုက်ခ်ကြ မန့်ကြ ဖွကြရာ...။
မျက်နှာစာအုပ်လို့ခေါ်တဲ့ ဖေ့စ်ဘုတ်အကောင့် နှစ်ခုတိတိ ရှိ
သူသူငါငါဆီ ရေးပို့ မျှဝေဖို့ အီးမေးလ်လို့ခေါ်တဲ့ စာတိုက်ပုံးကြီး ငါးခုတိတိ ရှိ
ဒေါ့ကွန်းနဲ့ဆုံးပြီး ရေးချင်ရာရေးနေတဲ့ ဘလော့ဂ်ကြီး တစ်ခုတိတိ ရှိ
ဟိုရိုက် ဒီရိုက် စိတ်ကူးတည့်ရာ၊ ခလုတ်နှိပ်တိုင်း အရာထင်ရာ၊ ရိုက်ထားတဲ့ပုံတွေ တင်စရာ ဖလစ်ကာတစ်ခုတိတိ ရှိ
ဝါသနာအရ မဆိုရမနေနိုင်၊ တောင်အော် မြောက်အော် အသံသွင်းတင်ပစ်လိုက် အသံတိမ်တိုက်တစ်ခုတိတိ ရှိ
လာထား...
ဖရီးဆို ဖွင့် ဖရီးဆို ဖွင့် ဖရီးဆို ဖွင့်
ဖွင့် ပွင့် ဖွင့် ပွင့်နဲ့
တအုံးအုံး တရုန်းရုန်း သုံး သုံးလာလိုက်တာ...။
မှာထားခဲ့ပါရစေ
ငါ မသေခင်...ငါ့ဖြစ်တည်မှု ငါ မမေ့ခင်...
ငါ့အုတ်ဂူပေါ် အမှတ်တရ ရေးထိုးထားရစ်...
ဖရီးများသုံး ပြုံးပြုံးကလေး ချစ်ကြည်အေး
ဖဘ အီးမေးလ် ဒေါ့ကွန်း ဖလစ်ကာ အသံတိမ်တိုက်တို့၌ ပျော်မွေ့သူ...
တခါတခါ ၀င်ခွင့်စကားလုံး ပါ့စ်ဝါ့ဒ်များ မေ့မေ့နေတတ်သူ...
ဗာကျူရယ်ကမ္ဘာမှာ တမေ့တမော မျောပါရာက အချိန်တွေနဲ့ အဆက်ပြတ်သွားတတ်သူ...
သူ....သူ...
အာ-အိုင်-ပီ-ချစ်-ကြည်-အေး...
ဖွ...ဟဲ့..။ ပေါက်ပေါက်ရှာရှာကဗျာ...။ အဲ့လိုမှာစရာလား အစ်မတော်ရယ်..။ အခုမှ စလုံးရေစတုန်း ရှိသေးတာ ဟုတ်ဖူးလား...။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခါတစ်ရလို့ ၀မ်းသာမိကြောင်း.. :)
ReplyDeleteအွန်....စ_စ
ReplyDeleteမှာတမ်းလေးမှာ ပြည့်စုံသွားပြီ မချစ်ရေ။
ReplyDeleteထောက်စရာမရှိတော့ဘူးး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တကယ်ပဲဗျာ.... အလကားရတိုင်း ဖွင့် ပွင့်နဲ့ ... ကျွန်တော်လည်း အဲလိုပဲဗျို့ မချစ်ကြည်ရေ..... ၀ရုန်းသုန်းကားလည်းဖြစ်.... အလွယ်တကူလည်း တက်လို့ရနေတဲ့ မျက်နှာစာအုပ်ကြီးပေးပဲတက်ဖြစ်ခဲ့...
ReplyDeleteစာပေချစ်ဘလော့ဂါမိတ်ဆွေများနဲ့အဆက်အသွယ် ပြတ်ခဲ့တာလည်းကြာပေါ့..... သို့သော်.. သို့သော်.... ငယ်ကချစ်အနှစ်တရာမမေ့သာသလိုပဲ ကျွန်တော့်ရဲ့ စာလေးတွေအသက်ရှင်တဲ့ ဘလော့ကိုတော့ ပြန်လာဦးမည်....
ခင်မင်စွာဖြင့်
ကိုကိုးအိမ်
ဖရီးဆို ဖွင့် ဖရီးဆို ဖွင့် ဖရီးဆို ဖွင့်
ReplyDeleteဖွင့် ပွင့် ဖွင့် ပွင့်နဲ့ ဆိုတာ နာ့ကို စောင်းပြောဒါဘဲ... :D :D :D
လောလောဆယ်တော့စိတ်ချမ်းသာရပါတယ်
ReplyDeleteဖရီးများသုံး ပြုံးပြုံးကလေးချစ်ကြည်အေး ရေ
လာလည်သွားပါတယ်
ReplyDeleteအေးလေ အေးလေ...မကြီး ဘာတွေလျှောက်ရေးမှန်းမသိဘူး..။
ReplyDeleteဘလော့တစ်ခု။ အီးမေးလ်တစ်ခု။
ReplyDeleteဖဘ (ဖွင့်ကားဖွင့်ထား၏။ မသုံးဖြစ်) တစ်ခု။
ဂလောက်ပါဘဲ မချစ်ကြည်။း)))
နောက်ဆုံးစာကြောင်း R.I.P ဆိုတာ Rise If Possible ကို ပြောတာလား အမချစ်ကြည်အေး...?းD
ReplyDeleteကဗျာက ရေလည်လန်းတယ်...။း)
တူလိုက်တာ..
ReplyDeleteဖရီးရတိုင်း အကောင့်တွေဖွင့်ပြီး ပတ်စ်ဝပ်တွေ မေ့သွားလို့ သုံးမရတော့တာ ခဏခဏရယ်။း))
ကဗျာက ဖလန်း ဖလန်း ထနေလိုက်တာ မကြီးရယ်း))
ReplyDeleteအယ် ..အာ့လိုတော့ မနောက်ပါနဲ့ အစ်မရယ်.. ခုမှ ငယ်ငယ်လေးရှိသေးတာ
ReplyDeleteစိတ်နဲ့ စိတ်ကို ပြန်ဖတ်ကြတဲ့ နေရာတွေ .. FB ပေါ်တော့ သိပ်မရောက်ဖြစ်ဘူး ... Blog ကို ပိုသဘောကျမိသလိုတော့ ရှိသား ...
ReplyDeleteမကြီးချစ်ကို ချစ်လို့ ပါဗျို့ ..။
ReplyDelete