1.a. ကျွန်မက....
မယုံလိုက်ကြပါနဲ့ရှင်.....
ကျွန်မက ညာတတ်လို့ပါ။ ကျွန်မမှာ ရည်းစားပေါင်း တစ်ကျိပ်မက ရှိခဲ့ဖူးပါရဲ့။ သေချာတယ်။ သူတို့အားလုံး အညာခံခဲ့ကြရတယ်။ တစ်ကယ်ချစ်တာလို့ အားလုံးကို ပြောခဲ့တယ်။ သေချာပါတယ်။ သူတို့အားလုံး ယုံခဲ့ကြတယ်။ ခုလည်း ကျွန်မမှာ ပြောစရာရှိတယ်။ ဒါကိုတော့ ရှင်တို့ နှုတ်လုံမှ ဖြစ်မယ်။ ဘယ်သူ့ကိုမှ ပြန်မပြောပါဘူးလို့ ကျွန်မကို ကတိတစ်ခုတော့ပေး။
ဒါပေမဲ့ ရှင်တို့ သိထားဖို့က ကျွန်မက ညာတတ်တယ် ဆိုတာပဲ။
1.b. ကျွန်မက....
သူက မိဘတွေပေးစားလို့ ယူလိုက်ရတဲ့ ယောကျာ်း။ ကျွန်မထက် ၁၀နှစ် ကြီးတယ်။ ဘယ်လိုမှ မနေပါဘူး။ သမီးတို့ ချစ်ခြင်းကို မခွဲကြပါနဲ့ လို့လည်း မိဘတွေကို ကျွန်မ မပြောခဲ့ဘူး။ လက်ရှိရည်းစားကို အဆက်ဖြတ်ပြီး အမေပေးစားတဲ့ လူကို ကောက်ယူလိုက်တာပဲ။ ယူချိန်တန်လို့ ယူလိုက်တယ်ပဲ သဘောထားလိုက်ပါတယ်။ တစ်ကယ်အေးဆေးပဲ။ ကျွန်မ ညာတတ်ပေမဲ့ ဒါကို ရှင်တို့ မယုံချင်လည်းနေ။
ဝဋ်လည်တယ်ဆိုတာကို ရှင်တို့ ယုံကြသလား။ ယုံယုံ မယုံယုံ၊ ကျွန်မကတော့ ပြန်ရနေပြီ။ ကျွန်မဘက် ပြန်လာနေပြီ။ ပြန်မယူချင်လို့ မရအောင် အားလုံး ရုန်းမရတဲ့နွံထဲ ကျွံခဲ့ပြီ။ စိတ်ရှုပ်နေရင် လုပ်နေကျအတိုင်း ကျွန်မ ပြုံးလိုက်တယ်။ ကျွန်မလုပ်ခဲ့သမျှတွေ ကျွန်မ ပြန်ယူရဲရမှာပေါ့ရှင်။ ဟုတ်ဖူးလား။
2.a. ညာတတ်တယ်။
အိမ်ထောင်ရေးဆိုတာဟာ ကြံတစ်ချောင်း စုပ်ရသလို အချိုကုန်တဲ့နောက်မှာ ကျန်နေတဲ့ ဖွာတာတာ ကြံဖတ်ကြီးပါပဲ။ အဲဒါ ကျွန်မ ပြောတာ။ အနည်းဆုံးတော့ ကျွန်မဒဿနဟာ ကျွန်မအတွက်တော့ မှန်နေတယ်လေ။ ကျွန်မက ဖွာတာတာ ကြံဖတ်ကြီး။ ချိုမှ မချိုတော့တာဘဲ။ အိမ်ထောင်သက် ၃နှစ်ပြည့်အပြီးမှာ သူ အပြင်မှာ အချိုတွေ ထပ်ရှာတော့တယ်။ တစ်ယောက်မဟုတ်၊ နှစ်ယောက်လည်း မဟုတ်။ တစ်ယောက်ပြီး တစ်ယောက်။
သူဟာ လူရိုးလူအေး၊ စီးပွားရှာတော်သူမို့ အမေက ပေးစားခဲ့တာ။ လူရိုးလူအေး၊ စီးပွားရှာတော်သူမို့လည်းပဲ ဒီလိုဖြစ်ခဲ့တာလား၊ ကျွန်မကပဲ ပေးဆပ်ဖို့ ၀ဋ်ကြွေးပါလာတာလား။ ဖြစ်တတ်ပါတယ်။ လူရိုးလူအေးက လူပွေလူရှုပ်ဖြစ်၊ မိန်းမဆိုးက မိန်းမပီသ ပိပြားသူဖြစ်။ ငါ့သမီးလေး ကံနည်းရှာတယ်တဲ့ အမေက။ အဲဒီအတွက် ကံနည်းသူမ ကျွန်မက ငိုချင်းပဲ ချရတော့မလို။ တစ်ကယ်ပါ။ ကျွန်မက ညာတာကို ဘိန်းစွဲသလို စွဲနေတဲ့ မိန်းမ၊ သူက အချိုကို ကိုကင်းလို ဖြတ်မရတဲ့သူ။ ဇာတ်က ကောင်းနေပြီ။ ဒီနေရာမှာ ၀ဋ်ဆိုတဲ့ အရသာထဲ ဘာကဘယ်လောက်ဆိုတာကို ပါဝင်မှုအချိုးအစားနဲ့တကွ ရှင်တို့ကို ကျွန်မ ပြောပြဖို့ လိုသေးလို့လား။
2.b. ညာတတ်တယ်။
သူက ၀က်တစ်ကောင်လို အစားကျူးတယ်။ ၀က်မြေမနင်းသားလေး တစ်ကောင်ကို ၀ီစကီတစ်လုံးနဲ့ တစ်နေ့လုံး ထိုင်စားလား စားရဲ့။ ဘဲကင်တစ်ခြမ်း၊ ကြေးအိုးတစ်ပွဲနဲ့ ၀ိုင်နီတစ်လုံး တစ်ယောက်ထဲ၊ တစ်ထိုင်ထဲ ကုန်အောင် စားမလား စားနိုင်ရဲ့။ လုပ်ပေါ့ စားပေါ့၊ ရှာသမျှ ငွေဝင်နေတာပဲ။ ကျွန်မ မျက်စေ့ရှေ့ သူ စားပိုးနင့်ရင်တောင် ကျွန်မ ၀ဋ်ကြွေးကျေချိန် တန်ပြီဆိုပြီး ထိုင်ကြည့်နေမိမှာ။ ကျွန်မ ညာတတ်တယ်။ ဒါပေမဲ့ ဒါကိုတော့ ရှင်တို့ ယုံလိုက်ကြဖို့ ကောင်းတယ်။
တစ်နေ့က သူ သောက်စားမူးရူးပြီး အန်ထားလိုက်တာ၊ ပေပွနေတာပဲ။ ကျွန်မလား သန့်ရှင်းပေးရမှာပေါ့။ မိန်းမ၀တ္တရားထဲ ယောကျာ်းအမူးသမား အန်ဖတ်ကျုံးရန်ဆိုတာ ဘယ်အရူးကထည့်သွားတယ် ကျွန်မ မသိနိုင်ဘူး။ ခဏတော့ ဒီအတိုင်း ပစ်ထားလိုက်တယ်။
ကျွန်မ ကားမောင်းပြီး သူ့အမေကို သွားခေါ်ခဲ့တယ်။ သူ့အမေကို သူ့သားအခြေအနေ အရှိအတိုင်း လိုက်ဖ်ပြလိုက်တယ်။ uncut, uncensored ပဲ။ ကြည့်ပေတော့။ အမူးလွန်ပြီး ဘုရားစင်ရှေ့ ပက်လက်ကြီး လဲနေတာကို သေပြီမှတ်နေတဲ့ အဖွားကြီးက သူ့သားကို အနီးကပ် အနုလုံ ပဋိလုံ ရှု့စားအပြီးမှာ မျက်ရည်လည်ရွဲနဲ့။ အတ္တဘောကဖြင့် မသေနိုင်သေးဘူး။ ကျွန်မက ပြုံးပြုံးလေးပဲ သူ့သား ချေးထုတ်ကို သန့်ရှင်းရေး လုပ်နေလိုက်တယ်။ အဲဒီညက အဖွားကြီး အိမ်မပြန်ဘဲ ကျွန်မတို့ အိမ်မှာပဲ အိပ်တယ်။
မနက်လင်းတော့ သားအမိနှစ်ယောက် လည်ချင်းယှက်ပြီး အလွမ်းသယ်နေကြလေရဲ့။ ကျွန်မကိုလည်း သူ့သားအနွံအတာ ခံတော်မူရှာတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း ပြောပါရဲ့။ နေ့လည်စာ စားသောက်ပြီးတော့ သားဖြစ်သူ ခွေးမြီးကောက်ကို ကျည်တောက်စွတ်ပေးပြီး အဖွားကြီး ပြန်သွားတယ်။
3.a. ဒါပေမဲ့
အဲဒီနေ့က ကျွန်မ အိမ်ပြန်ရောက်တော့ သူ ထမင်းစားခန်းထဲမှာ။ သူကြိုက်တဲ့ စပရိုက်အချိုရည်တွေ ကျွန်မ ရေခဲသေတ္တာထဲ ၀ယ်ထည့်ပေးထားတဲ့ဟာကို ယူသောက်နေတယ်။ ၂ပုလင်းကုန်လို့ နောက် တစ်ပုလင်းတောင် စသောက်နေပြီ။ ရာသီဥတုက ပူတယ်။ ချွေးပြိုက်ပြိုက်ကျအောင်ပူနေတဲ့ ရာသီ နဲ့ အေးစိမ့်နေတဲ့ စပရိုက်က သူ့အကြိုက် လိုက်ဖက်ညီလို့။
3.a. ဒါပေမဲ့
ခုတစ်လောတော့ အရက် မသောက်တော့ပြန်ဘူး။ သူ အရက်ဖြတ်မှ ဖြစ်တော့မယ်လို့လည်း ပြောပြောနေ တာပဲ။
အဲဒီနေ့က ကျွန်မ အိမ်ပြန်ရောက်တော့ သူ ထမင်းစားခန်းထဲမှာ။ သူကြိုက်တဲ့ စပရိုက်အချိုရည်တွေ ကျွန်မ ရေခဲသေတ္တာထဲ ၀ယ်ထည့်ပေးထားတဲ့ဟာကို ယူသောက်နေတယ်။ ၂ပုလင်းကုန်လို့ နောက် တစ်ပုလင်းတောင် စသောက်နေပြီ။ ရာသီဥတုက ပူတယ်။ ချွေးပြိုက်ပြိုက်ကျအောင်ပူနေတဲ
အ၀တ်အစားလဲပြီးလို့ ကျွန်မ ပြန်ထွက်လာတော့ ထမင်းစားစားပွဲပေါ်မှာ ပြန့်ကြဲနေတဲ့ မင်းဂွတ်သီးအခွံတွေ။ အဲဒါက သရက်သီးနဲ့ တွဲစားဖို့ ကျွန်မ ၀ယ်ထားတာ (ကျွန်မ ညာမပြောဘူး တစ်ကယ်)။ မင်းဂွတ်သီးတွေကို သူ့လက်ဖ၀ါးနှစ်ဘက်ထဲ ဖျစ်ထည့်ခွဲရင်း တစ်လုံးပြီး တစ်လုံး စားနေလိုက်တာ။ အရမ်းချိုတာပဲ စားကြည့်ပါ လားတဲ့။ နေပါစေလို့ ကျွန်မ ပြန်ပြောလိုက်တယ်။ စားပါစေ။ သူက အချိုကြိုက်သူကြီး မဟုတ်လား။
တော်တော်များများ စားအပြီးမှာ သူ ထိုင်နေရာက လဲကျသွားတယ်။

Love it :)
ReplyDeleteမညာပါဘူး... ကြိုက်ပါတယ်... အရေးအသားရော ဇာတ်လမ်းပါ။
ReplyDeleteမအားလို့ မရောက်ဖြစ်ပေမဲ့ အားတာနဲ့ လာအားပေးသွားပါတယ်။
ခင်တဲ့
ဆွိ
စပရိုက် နဲ့ မင်းကွတ်သီး မတည့်ဘူးလားဟင်....
ReplyDeleteမညာနဲ့နော်။
မိုက် ခိုက် .
ReplyDeleteကြိုက်စ်
ReplyDeleteမချစ်.. ဘာနဲ့ ဘာက မတည့်တာလဲ
ReplyDeleteညာမပြောနဲ့နော်..
တကယ်မသိလို့မေးတာ
စမ်းလည်း မကြည့်ရဲလို့
ဟီးးး
မင်းကွတ်သီးက သကြားနဲ့မတည့်ဘူးကြားဖူးတယ်....။ ဇာတ်လမ်းလေးမိုက်တယ် မကြီးဆွဲထားတဲ့ ပန်းချီလေးကြိုက်စ်.....။
ReplyDeleteသိပြီ၊ မင်းဂွတ်သီးနဲ့ သကြား မတည့်တာ။ အရေးအသားကတော့ ရှယ်ပဲ အစ်မချစ်။ :)
ReplyDeleteမညာနဲ့  :)
ReplyDelete1.5 လီတာ ပုလင်းကြီး ၂ လုံးနဲ့  မင်းဂွတ်သီး တခြင်းbဆိုရင်တော့ မသိ။ နည်းနည်ပါးပါး ဆိုရင်တော့ မသေပပါ။။
ဇာတ်လမ်း ကောင်းပါတယ်။
မင်းဂွတ်သီးက စပရိုက်နဲ့ဆို ဂွတ်တာ =)
ReplyDeleteယုံလိုက်မနော် မကြီးချစ်ချစ်
ဘယ်သူ့ဇာတ်ဝင်ခံစားလိုက်တာပါလိမ့်..
ReplyDeleteကျွန်မညာတတ်တယ်..
ReplyDeleteအိမ်ထောင်ရေးဆိုတာဟာ ကြံတစ်ချောင်း စုပ်ရသလို အချိုကုန်တဲ့နောက်မှာ ကျန်နေတဲ့ ဖွာတာတာ ကြံဖတ်ကြီး...။
ကျွန်မက ဖွာတာတာ ကြံဖတ်ကြီး။ ချိုမှ မချိုတော့တာဘဲ...။
ကျွန်မ ညာတတ်တယ်..
သူက ၀က်တစ်ကောင်လို အစားကျူးတယ်..။
ကျွန်မညာတတ်တယ်..
သူ့အတွက်စပရိုက်၊မင်းကွတ်သီးလောက်နဲ့တင်..
ဖြစ်သင့်တယ်မထင်မိဘူး။း)
ကျွန်မညာတတ်တယ်..
ကျွန်မက..အရမ်းသွေးအေးတာဘဲ :P
ကျွန်မက.ညာတတ်တယ်။ဒါပေမယ့်..
(ဒီဇာတ်လမ်းလေး..အရမ်းကောင်းတယ်
ဘယ်သူ့ကိုမှမပြောပါဘူးးးးးးး။ ;)
ပန်းချီလေးက တကယ်သရုပ်ပေါ်တယ် မမချစ်..
ReplyDeleteဟိုက်....ရေခဲသေတ္တာထဲမှာ မင်းကွတ်သီးရှိမရှိ ရှာကြည့်ဦးမှပဲ....:P:P
ReplyDeleteညညဆို ရေခဲသေတ္တာဖွင့်သံကြားရလိမ့်မယ်
ReplyDeletePerfect Murder
ReplyDeleteကြောက်စရာကြီး။
ReplyDeleteကြိုက်တယ်...ဖတ်လို့ကောင်းတဲ့ဇာတ်လမ်းလေး
ReplyDeleteပုံ ၁ က ပိုတူတယ် ပိုကြိုက်တယ်
ReplyDeleteပိုစ့်လေးက ဘတ်ရတာကောင်းတယ် လို့ ပြောရင် ရှင်တို့ ယုံလိုက်ပါ
ကျမ ကတော့.....
တကယ်လို့ ယုံအောင်ကို
ညာတတ်တယ်
ညာတာလေးလည်းကောင်းတာပါပဲသူငယ်ချင်း။
ReplyDeleteမညာဘဲ ရေးသွားရရင် ညာတတ်တယ်
ReplyDeleteချစ်အမကြီး
ရွှေစင်ဦး
အစ်မချစ်ရေ
ReplyDeleteကောင်းလွန်းလို့ ဘယ်လိုပြောရမှန်းမသိ ဖြစ်သွားတယ်
ရေးဟန်လေးကို သဘောကျတာ..
အစ်မက ရသအစုံရေးနိုင်တယ် တော်လိုက်တာ.
စကားမစပ် အစ်ကိုကြီးက ရေခဲသေတ္တာထဲက စပရိုက်သောက်ဖို့ လန့်နေဦးမယ်း)
မချစ်ကြည်ရေ မညာဘူး ကြိုက်တယ်။
ReplyDeleteပုံလေးဆွဲထားတာလည်း ကြိုက်တယ်။
ReplyDeleteပြောဖို့ ကျန်သွားလို့ ပြန်လှည့်လာတာပါ။
အစ်ကို့ ကို ပြောရမယ် မင်းဂွတ်သီးတွေတွေ့ ရင် သတိထားဖို့ ကို...
ReplyDeleteညာလည်း ယုံလောက်အောင် ကောင်းနေတဲ့ဇာတ်ပါပဲ။ ဒါမျိုးလေးတွေ ပြန်တွေ့ရတာ ၀မ်းသာတယ် မချစ်ကြည်။
ReplyDeleteခင်မင်သော သတိုး
ဇာတ်လမ်းလေးကထူးထူးခြားခြားလေးပဲ မချစ်ရေ။
ReplyDeleteဘယ်သူ့မှမပြောပါဘူး နှုတ်လုံပါတယ်။
like လုပ်ရုံလေးလုပ်သွားတယ်နော်း)
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။
မေတ္တာဖြင့်
အန်တီတင့်
ကျွန်တော်လဲ ညာကြည့်မယ်...
ReplyDeleteဒီပို့စ်ကို ကြိုက်ဘူး..
:P
ကျွန်မက ညာတတ်တယ် ..ဒါပေမယ့် ..သူသေသွားတာက တကယ်...
ReplyDeleteကြိုက်တယ် အမရေ..
ချစ်တဲ့
ဝသုန်
ကြိုက်လို. လိုက်သွားတယ်နော်
ReplyDeleteကျားကျား
Nice!
ReplyDeleteအဲ့ဒီနှစ်ခု မတည့်တာ မှတ်ထားဦးမှ..။ စားမိမှာစိုးလို့ပါ.. :)
ReplyDeleteအဲ့ဒီ ညာတတ်တာလေးကိုက ယုံချင်နေမိတာ......။
လန့်ထှာာ
ReplyDeleteကြောက်ချာဂျီး။
ReplyDeleteအရမ်းကောင်းပါတယ်
ReplyDeleteကျွန်မက...ညာတတ်တယ်။ ဒီပို့စ်ကို လုံးဝ..မကြိုက်ဘူးးးးး။
ReplyDeleteညာတာမကောင်းဘူး မမရဲ့ ဒါပေမယ့် မမညာတာလေးဖတ်ရတာကောင်းတယ် ။ မင်းဂွတ်သီး ကြိုက်တတ်တဲ့ ကျွန်တော်လည်း သတိရှိသွားတာပေါ့ ။
ReplyDeleteဝတ္တုထဲမှာ
ReplyDeleteအိမ်ထောင်ရေးဆိုတာဟာ ကြံတစ်ချောင်း စုပ်ရသလို အချိုကုန်တဲ့နောက်မှာ ကျန်နေတဲ့ ဖွာတာတာ ကြံဖတ်ကြီးပါပဲ။
ဆိုတဲ့ စကားကို သဘောကျလိုက်တာ။ အေးအေးဆေးဆေးနဲ့ သွေးအေးတဲ့၊ ခံစားချက်ကို ရှေ့တန်းမတင်တတ်တဲ့ အမျိုးသမီးတစ်ယောက်ကို မြင်ယောင်သွားတယ် အစ်မရေ။
လေးစားစွာဖြင့်
မြတ်ပန်းနွယ်
မကြီးချစ် ညာတတ်မှန်း မသိလိုက်ဘူး..။ အခုမှပဲ သိတော့တယ်..။
ReplyDelete