ပိတ်သတ်ကြီးများရဲ့တောင်းဆိုချ က်အရ ပီကင်းခရီးစဉ်ကို ဟိုးအစကနေ ပြန်စရေးပါမယ်။ တစ်နေ့မှာပေါ့ ရှင်၊ အိမ်ကလူရယ် ကျွန်မရယ် ခပ်စောစော အိပ်ရာထပြီး ရှင်းကျားဖောရဲ့ ဟိုးအရှေ့ဖျားက အိတ်စ်ပို-Expo လို့ခေါ်တဲ့ ဂိုထောင်ကြီးတွေရှိရာအရပ်ကို ရထားစီးပြီး သွားခဲ့ကြတယ်။ အဲဒီမှာ Natas Travel Fair လို့ခေါ်တဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင် ကြီးတွေ အစုလိုက် အပုံလိုက် ဈေးပြိုင်လျှော့ဈေးနဲ့ ခရီးသွားလက်မှတ်တွေ ကို ရောင်းချတဲ့ပွဲကြီးရှိတယ်လေ။
အုပ်စုလိုက် (Group Tour)ပဲသွားသွား၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် (Free & Easy) ပဲ သွားသွား၊ ဒါမှမဟုတ် လေယာဉ်လက်မှတ်ချည်းပဲ ဝယ်ဝယ်၊ ဟိုတယ်ပဲ ဘွတ်ကင်လုပ်လုပ် အကုန်ရတယ်။
ကျွန်မတို့နှစ်ယောက်က ကိုယ့်ကိုယ်ကို စောလှပြီနဲ့ စောလှကြည် မှတ်နေတာ၊ ဟိုရောက်မှ အထဲဝင်ဖို့ တန်းစီနေတဲ့ လူအုပ်ကြီးတစ်အုပ်ကို ကိုယ့်ရှေ့မှာ ဒေါင်လိုက်ကြီးတွေ ရပ်နေတာ တွေ့လိုက်ရတယ်။ ဒါတောင် အထဲဝင်ဖို့ တစ်ယောက် ၄ကျပ်၊ ဒီလူအုပ်ကြီးနဲ့ဆို မနည်းဘူးပဲ။ ဘာမှ မဝယ်ဘူးပဲထား တစ်နေ့လူဝင်ခတင် နည်းမှာမဟုတ်။ ကွာ...ဒီလူအုပ်ကြီး ချစ်ကြည်အေးဘလော့ဂ် တစ်ခါဝင်ဖတ် တစ်ကျပ် လုပ်လိုက်ရရင်တော့...ဟင်းဟင်းးး ။
အဝင်ဝမှာတင် အိတ်အကြီးကြီး တစ်ယောက်တစ်လုံးပေးတယ်။ အထဲမှာ ခမ်းမကြီးက ကျယ်သလောက် Travel Agent တွေကလည်း သူ့နေရာနဲ့သူ အများကြီး။ ကျွန်မတို့လည်း လူအုပ်ကြီးထဲ မျောပြီးပါလာရင်း နဲ့ ဖြတ်သွားသမျှ Travel Agent တွေက ကမ်းပေးနေသမျှ အကုန်ယူပြီး လွယ်ထားတဲ့ အိတ်ကြီးထဲ ပစ်ထည့် ထားလိုက်တာပဲ။ ကမ်းတာက ကြော်ငြာတွေရယ်၊ အမှတ်တရပစ္စည်းလေးတွေရယ်ပါ။ ဘောလ်ပန်၊ အိတ်ဆောင် ပြက္ခဒိန်၊ Sticky note pad အဲဒါမျိုးလေးတွေပါ။
တစ်နေရာအရောက်မှာ ကျွန်မတို့သွားနေကျ Agentကိုတွေ့တာနဲ့ ဈေးစနည်းနာကြတယ်။ ပီကင်းကို အုပ်စုလိုက် ၈ရက်ခရီးစဉ် S$၁၃၃၀တဲ့၊ ချိုင်းနားအဲတဲ့။ ဒါ မဟုတ်သေးဘူး။ ပုံမှန်ဈေးလောက်ပဲရှိတာများ။ ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက်ကြည့်ကြတယ်။ မျက်စပစ်ပြတယ်။ လျှာထုတ်ပြတယ်။ လျှောက်ကြည့်ဦးမယ် ပြောပြီး ကောင်တာထဲက အောင်မြင်စွာ ပြန်ထွက်လာကြတယ်။ လူတွေများ မုန်လာဥချဉ်မှတ်လို့။
နောက်တစ်ကောင်တာ ရှေးကအတိုင်းပဲ ဈေးမေးတယ်။ ပီကင်းကို အုပ်စုလိုက် ၈ရက်ခရီးစဉ် S$၉၂၄ တဲ့။ ကက်သေးပစိဖိတ်အဲနဲ့ ဟောင်ကောင်ထရန်စစ်တဲ့။ Local 5star ဟိုတယ်တဲ့။ ဟယ်...မဆိုးဘူးပဲပေါ့။ ဘတ်ဂျက်က တစ်ယောက် ၁၀၀၀ဆိုတော့ ဝင်တယ်ပေါ့။ ဒါပေမဲ့ နောက်တစ်ခု ထပ်မေးကြည့်ကြရအောင်ပါ ဆိုပြီး ရှေ့ဆက်လျှောက်ခဲ့ကြတယ်။
နောက်တစ်ကောင်တာ ရှေးကအတိုင်းပဲ ဈေးမေးတယ်။ ပီကင်းကို အုပ်စုလိုက် ၈ရက်ခရီးစဉ် S$၈၅၈တဲ့။ ကက်သေးပစိဖိတ်အဲနဲ့ ဟောင်ကောင်ထရန်စစ်တဲ့။ Local 4star ဟိုတယ်တဲ့။ ကြယ်တစ်လုံးလေး ကွာလိုက်တာနဲ့ ၆၆ကျပ်ကြီးများတောင် ကွာသွားတယ်။ နှစ်ယောက်စာဆိုတော့ ၁၃၂ကျပ်ပေါ့။ မနက်၊ နေ့လည်၊ ညစာတွေလည်း အကုန်ပါတယ်။ ဟိုတယ်မှာနေချိန်ရယ်လို့ ညအိပ်ချိန်ပဲဆိုတော့ ကြယ်ကလေးတစ်လုံးကွာတဲ့အတွက် ဝီဒုံ့မိုင်း ပဲပေါ့ရှင်။ ၈ရက်ခရီးစဉ်ကို S$၈၅၈မို့ တစ်ရက်ကို S$၁၀၇.၂၅ပဲ ကျတယ်။ ဟန်ကျပြီဟေ့ဆိုပြီး ပျော်ပျော်ပါးပါးကြီး ဝယ်တယ်ကွာ ဝယ်တယ်ကွာဆိုပြီး ဝယ်ပစ်ခဲ့လိုက်တယ်။
ပြောချင်တာက မိတ်ဆွေများ အဲသလို ဈေးရောင်းပွဲတွေသွားဖြစ်ခဲ့ရင် စိတ်ကြိုက်မတွေ့မချင်း ရှာပါ။ ပတ်ပါ။ မေးပါ။ စုံပါ။ စမ်းပါ။ ကိုယ့်အိတ်ထဲက အသပြာ ထွက်ရမဲ့အရေးဖြစ်တာမို့ အရမ်းကာရော အားမနာပါနှင့်။ စိတ်တိုင်းကျဖြစ်ပြီဆိုမှ ဝယ်ပါ။ ဤကား စီကေအေ၏ မေတ္တာလက်ဆောင် Buying Tipsဖြစ်သတည်းးး
တိုတိုပဲ ပြောကြပါစို့။ ဒါနဲ့ပဲ လေဆိပ်ဆင်းကြရော။ ချက်အင် ည ၁၁ခွဲကို အိမ်ကည၁၀နာရီမှာထွက်တယ်။ ချက်ချင်းတက်ကစီရ၊ ချောမွေ့စွာနဲ့ပဲ လေဆိပ်ရောက်တော့ ည ၁၀ခွဲပဲ ရှိသေးတာ။ အိမ်ကလူ လိန်ပျံချစ်ပုံများ။ အဲလိုအစောကြီးသွား၊ ကျွန်မ မျက်နှာကြီး ဘေးချထားပြီး လိန်ပျံကြည့်သတဲ့ရှင်။ ကျွန်မလည်း လေဆိပ်ထဲ လိန်လို့ ပိန်လို့။ ဟိုရိုက် ဒီရိုက်၊ ရိုက်စရာကုန်သွားတော့ ကိုယ့်ဘာသာ ပြန်ရိုက် (ဓါတ်ပုံ)နဲ့ပဲ...မနက် ၁နာရီခွဲ ဟောင်ကောင် ကို ထွက်မဲ့လိန်ပျံပေါ်တက်။ ကျွေးသမျှ အပြောင်စား၊ အိပ်မယ် လုပ်ရင်း ပျော်သွားရင်းနဲ့ပဲ မနက်၅နာရီ မှာ ဟောင်ကောင်လေဆိပ်ရောက်ကရော။
ဟောင်ကောင်လေဆိပ်ကြီးကဖြင့် မနိုးသေးဘူး။ ဒါနဲ့ ချက်အင်လုပ်ရမဲ့ ဂိတ်နဲ့ မနီးမဝေးက ၃ယောက်တန်း ခုံပေါ်မှာ ဆန့်ဆန့်လေး လျောင်းတယ်။ အလယ်က ခုံလက်တန်းတွေကြောင့် ကွေးမရခဲ့ပေါင်ပါရှင်။
ဆက်အိပ်မရတော့တာနဲ့ ဟိုနားဒီနား စားသောက်ဆိုင်လေးတွေနား ရစ်သီရစ်သီငေးကြတယ်။ စားကောင်းမယ်ထင်တဲ့ တစ်ဆိုင်ရှေ့ရပ်ပြီးမေးတယ်။ စင်္ကာပူဒေါ်လာနဲ့ ပေးလို့ ရမလားပေါ့။ မရဘူးတဲ့၊ ယူအက်စ်နဲ့ ယူရိုပဲတဲ့ရှင်။ တကယ်က တရုတ်ငွေ ယွမ်လဲလာတာကို သုံးမရဘူး ထင်ပြီး၊ စလုံးပိုက်ဆံတော့ သုံးလို့ရမယ် မှတ်တာ။ ခရက်ဒစ်ကဒ်နဲ့တော့ ရသတဲ့။
အုပ်စုလိုက် (Group Tour)ပဲသွားသွား၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် (Free & Easy) ပဲ သွားသွား၊ ဒါမှမဟုတ် လေယာဉ်လက်မှတ်ချည်းပဲ ဝယ်ဝယ်၊ ဟိုတယ်ပဲ ဘွတ်ကင်လုပ်လုပ် အကုန်ရတယ်။
ကျွန်မတို့နှစ်ယောက်က ကိုယ့်ကိုယ်ကို စောလှပြီနဲ့ စောလှကြည် မှတ်နေတာ၊ ဟိုရောက်မှ အထဲဝင်ဖို့ တန်းစီနေတဲ့ လူအုပ်ကြီးတစ်အုပ်ကို ကိုယ့်ရှေ့မှာ ဒေါင်လိုက်ကြီးတွေ ရပ်နေတာ တွေ့လိုက်ရတယ်။ ဒါတောင် အထဲဝင်ဖို့ တစ်ယောက် ၄ကျပ်၊ ဒီလူအုပ်ကြီးနဲ့ဆို မနည်းဘူးပဲ။ ဘာမှ မဝယ်ဘူးပဲထား တစ်နေ့လူဝင်ခတင် နည်းမှာမဟုတ်။ ကွာ...ဒီလူအုပ်ကြီး ချစ်ကြည်အေးဘလော့ဂ် တစ်ခါဝင်ဖတ် တစ်ကျပ် လုပ်လိုက်ရရင်တော့...ဟင်းဟင်းးး
အဝင်ဝမှာတင် အိတ်အကြီးကြီး တစ်ယောက်တစ်လုံးပေးတယ်။ အထဲမှာ ခမ်းမကြီးက ကျယ်သလောက် Travel Agent တွေကလည်း သူ့နေရာနဲ့သူ အများကြီး။ ကျွန်မတို့လည်း လူအုပ်ကြီးထဲ မျောပြီးပါလာရင်း နဲ့ ဖြတ်သွားသမျှ Travel Agent တွေက ကမ်းပေးနေသမျှ အကုန်ယူပြီး လွယ်ထားတဲ့ အိတ်ကြီးထဲ ပစ်ထည့် ထားလိုက်တာပဲ။ ကမ်းတာက ကြော်ငြာတွေရယ်၊ အမှတ်တရပစ္စည်းလေးတွေရယ်ပါ။ ဘောလ်ပန်၊ အိတ်ဆောင် ပြက္ခဒိန်၊ Sticky note pad အဲဒါမျိုးလေးတွေပါ။
တစ်နေရာအရောက်မှာ ကျွန်မတို့သွားနေကျ Agentကိုတွေ့တာနဲ့ ဈေးစနည်းနာကြတယ်။ ပီကင်းကို အုပ်စုလိုက် ၈ရက်ခရီးစဉ် S$၁၃၃၀တဲ့၊ ချိုင်းနားအဲတဲ့။ ဒါ မဟုတ်သေးဘူး။ ပုံမှန်ဈေးလောက်ပဲရှိတာများ။ ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက်ကြည့်ကြတယ်။ မျက်စပစ်ပြတယ်။ လျှာထုတ်ပြတယ်။ လျှောက်ကြည့်ဦးမယ် ပြောပြီး ကောင်တာထဲက အောင်မြင်စွာ ပြန်ထွက်လာကြတယ်။ လူတွေများ မုန်လာဥချဉ်မှတ်လို့။
နောက်တစ်ကောင်တာ ရှေးကအတိုင်းပဲ ဈေးမေးတယ်။ ပီကင်းကို အုပ်စုလိုက် ၈ရက်ခရီးစဉ် S$၉၂၄ တဲ့။ ကက်သေးပစိဖိတ်အဲနဲ့ ဟောင်ကောင်ထရန်စစ်တဲ့။ Local 5star ဟိုတယ်တဲ့။ ဟယ်...မဆိုးဘူးပဲပေါ့။ ဘတ်ဂျက်က တစ်ယောက် ၁၀၀၀ဆိုတော့ ဝင်တယ်ပေါ့။ ဒါပေမဲ့ နောက်တစ်ခု ထပ်မေးကြည့်ကြရအောင်ပါ ဆိုပြီး ရှေ့ဆက်လျှောက်ခဲ့ကြတယ်။
နောက်တစ်ကောင်တာ ရှေးကအတိုင်းပဲ ဈေးမေးတယ်။ ပီကင်းကို အုပ်စုလိုက် ၈ရက်ခရီးစဉ် S$၈၅၈တဲ့။ ကက်သေးပစိဖိတ်အဲနဲ့ ဟောင်ကောင်ထရန်စစ်တဲ့။ Local 4star ဟိုတယ်တဲ့။ ကြယ်တစ်လုံးလေး ကွာလိုက်တာနဲ့ ၆၆ကျပ်ကြီးများတောင် ကွာသွားတယ်။ နှစ်ယောက်စာဆိုတော့ ၁၃၂ကျပ်ပေါ့။ မနက်၊ နေ့လည်၊ ညစာတွေလည်း အကုန်ပါတယ်။ ဟိုတယ်မှာနေချိန်ရယ်လို့ ညအိပ်ချိန်ပဲဆိုတော့ ကြယ်ကလေးတစ်လုံးကွာတဲ့အတွက် ဝီဒုံ့မိုင်း ပဲပေါ့ရှင်။ ၈ရက်ခရီးစဉ်ကို S$၈၅၈မို့ တစ်ရက်ကို S$၁၀၇.၂၅ပဲ ကျတယ်။ ဟန်ကျပြီဟေ့ဆိုပြီး ပျော်ပျော်ပါးပါးကြီး ဝယ်တယ်ကွာ ဝယ်တယ်ကွာဆိုပြီး ဝယ်ပစ်ခဲ့လိုက်တယ်။
ပြောချင်တာက မိတ်ဆွေများ အဲသလို ဈေးရောင်းပွဲတွေသွားဖြစ်ခဲ့ရင် စိတ်ကြိုက်မတွေ့မချင်း ရှာပါ။ ပတ်ပါ။ မေးပါ။ စုံပါ။ စမ်းပါ။ ကိုယ့်အိတ်ထဲက အသပြာ ထွက်ရမဲ့အရေးဖြစ်တာမို့ အရမ်းကာရော အားမနာပါနှင့်။ စိတ်တိုင်းကျဖြစ်ပြီဆိုမှ ဝယ်ပါ။ ဤကား စီကေအေ၏ မေတ္တာလက်ဆောင် Buying Tipsဖြစ်သတည်းးး
တိုတိုပဲ ပြောကြပါစို့။ ဒါနဲ့ပဲ လေဆိပ်ဆင်းကြရော။ ချက်အင် ည ၁၁ခွဲကို အိမ်ကည၁၀နာရီမှာထွက်တယ်။ ချက်ချင်းတက်ကစီရ၊ ချောမွေ့စွာနဲ့ပဲ လေဆိပ်ရောက်တော့ ည ၁၀ခွဲပဲ ရှိသေးတာ။ အိမ်ကလူ လိန်ပျံချစ်ပုံများ။ အဲလိုအစောကြီးသွား၊ ကျွန်မ မျက်နှာကြီး ဘေးချထားပြီး လိန်ပျံကြည့်သတဲ့ရှင်။ ကျွန်မလည်း လေဆိပ်ထဲ လိန်လို့ ပိန်လို့။ ဟိုရိုက် ဒီရိုက်၊ ရိုက်စရာကုန်သွားတော့ ကိုယ့်ဘာသာ ပြန်ရိုက် (ဓါတ်ပုံ)နဲ့ပဲ...မနက် ၁နာရီခွဲ ဟောင်ကောင် ကို ထွက်မဲ့လိန်ပျံပေါ်တက်။ ကျွေးသမျှ အပြောင်စား၊ အိပ်မယ် လုပ်ရင်း ပျော်သွားရင်းနဲ့ပဲ မနက်၅နာရီ မှာ ဟောင်ကောင်လေဆိပ်ရောက်ကရော။
ဟောင်ကောင်လေဆိပ်ကြီးကဖြင့် မနိုးသေးဘူး။ ဒါနဲ့ ချက်အင်လုပ်ရမဲ့ ဂိတ်နဲ့ မနီးမဝေးက ၃ယောက်တန်း ခုံပေါ်မှာ ဆန့်ဆန့်လေး လျောင်းတယ်။ အလယ်က ခုံလက်တန်းတွေကြောင့် ကွေးမရခဲ့ပေါင်ပါရှင်။
ဆက်အိပ်မရတော့တာနဲ့ ဟိုနားဒီနား စားသောက်ဆိုင်လေးတွေနား ရစ်သီရစ်သီငေးကြတယ်။ စားကောင်းမယ်ထင်တဲ့ တစ်ဆိုင်ရှေ့ရပ်ပြီးမေးတယ်။ စင်္ကာပူဒေါ်လာနဲ့ ပေးလို့ ရမလားပေါ့။ မရဘူးတဲ့၊ ယူအက်စ်နဲ့ ယူရိုပဲတဲ့ရှင်။ တကယ်က တရုတ်ငွေ ယွမ်လဲလာတာကို သုံးမရဘူး ထင်ပြီး၊ စလုံးပိုက်ဆံတော့ သုံးလို့ရမယ် မှတ်တာ။ ခရက်ဒစ်ကဒ်နဲ့တော့ ရသတဲ့။
ဒါနဲ့ မှာမလို့လုပ်တော့ မဖွင့်သေးဘူးတဲ့။ ၆နာရီမှ ဖွင့်မယ်တဲ့။ နာရီကြည့်လိုက်တော့ ၅နာရီ ၅၅။ အဲဒီအရောင်းကောင်မလေး ဝတုတ်ကလေးကို ကိုင်ပေါက်ပစ်ချင်လိုက်တာများ။ ၅မိနစ် စောင့်လိုက် လို့ရပေမဲ့ ဆက်ဆံရေး ဆင်းရဲပုံကြောင့် မစားခဲ့ကြဘူး။ လျောင်းတော်မူခဲ့တဲ့နေရာ ဆန့်ဆန့်ကလေး ဆီပဲ ပြန်လာခဲ့ကြတယ်။
ပိုစ့်ရှည်သွားပြီ၊ ဘလော့ဂ်ဂါ အိပ်ငိုက်သည်။ ဆက်ပါဦးမည်...ZZzzzzzz.....
ဟွန်း....ဒီတိုင်းဆို ဒီပို့စ်လည်း နှစ်ပတ်လည်အောင်ဖတ်
ReplyDeleteရမယ်ထင်ပါ့.....:) ကြည့်...ခုပဲ တစ်ကပြန်စနေပြီ......:)))
ဖေ့စဘွတ် မှာ က ပုံတွေ မြင်ရသေးတယ်။ ဒမှာဂ ပုံလည်းမကြည့်ရဘူး။
ReplyDeleteအဟင့် လုပ်ပြန်ပြီ တန်းလန်းကြီး..
ReplyDeleteအေးကလေ..
ReplyDeleteပုံလေးတစ်ပုံတောင်မှ မမြင်ရ
ဘာခရီးသွားတုန်း ဟွန်း
သများက ပုံကြည့်ချင်လို့ ပြေးလာပါတယ်ဆိုမှ။
သူက လေဆိပ်ထဲဓာတ်ပုံတွေ အများကြီးရိုက်လာတယ်ပြောပြီး တစ်ပုံမှလည်း မတင်။
ကြည့်ရတာ ဓာတ်ပုံတွေ ကင်မလာထဲမှာ မှိုတွေများ တက်နေရော့သလား။
ငှက်သိုက်ကြီးနဲ့ပုံတော့ ဖွဘုတ်မှာတွေ့လိုက်ရသား ။ မြန်မြန်တင်ပါဗျို့...း)
၅ မိနစ် အလွဲမခံတဲ့ ဝတုတ်တုတ် အရောင်းကောင်မလေးကို မရိုက်ခဲ့ဘူးလား..၊ အနည်းဆုံးတော့ ကင်မရာနဲ့ပဲ ဖြစ်ဖြစ်..၊း) ဒီပို့စ်က လိန်ပျံလက်မှတ်ကို ဈေးဆစ်ပြီး ဝယ်တာက ပြန်စပြီ ဆိုတော့ မဟုတ်မှလွဲရော.. အားကြိုးမာန်တက်နဲ့ ဒေါင်းတိမောင်းတိ အခန်းဆက်တွေ လာတော့မယ် ထင်ပါရဲ့ဗျား...။း)
ReplyDeleteလိန်ပျံကပိုချောလို့နေမယ် မမချစ်
ReplyDeleteအညံ့မခံနဲ့ လှအောင်ပြင်နော် ဟီးဟီး
တွေ့မယ် အိပ်ငိုက်နေတဲ့ဘလော့ဂါ..
နှောက်ယှက်မယ် ဆက်မရေးမချင်းး)
အင်း မှတ်သားသွားပါတယ် ဘယ်လိုဝယ်ရသလဲဆိုတာ။
ReplyDeleteအင်း စောသွားတော့လည် ဒဗယ်ချတ်စ် လွတ်တာပေါ့ အမရာ။ လေယာဉ်လဲမှီလို့  စိတ်ချ၊ လက်ချ လိန်ပျံကြည်နိုင်တာပေါ့။ အဟီး
ကညိမ်းရေ..အဲလိုမပြောပါနဲ့ တို့မကြီး မနှစ်ကမြန်မာပြည်ခရီးစဉ်ပို့စ်တောင်မပြီးသေးဘူး နှစ်ပတ်လည်တော့မယ်...။ ဖဘမှာ မမလှလှနဲ့ ကိုကြီးနဲ့ပုံကိုကြည့်ခဲ့တယ်...။
ReplyDeleteမချစ်ကတော့လုပ်ပြီ...တကယ့်ကို တန်းလန်းကြီးတော့..။ ပုံတွေလည်း မမြင်ရဘူးရှင့်။
ReplyDeleteမချစ်ကို ဘေးထားပြီး လိန်ပျံကသိုဏ်းရှုတဲ့ ကိုပန်းသီးကို မကျေနပ်ဝူး။ တို့မချစ်က လိန်ပျံထက် သားနားပါတယ်ဟယ်..။ ဆက်ရန်..လာဖတ်ပါဦးမည် အစ်မချစ်..။
အစအဆုံးဖတ်ရပြီထင်နေတာ
ReplyDeleteဖတ်ကောင်းတဲ့အချိန်မှာပဲ
ဆက်ရန်..........
စောင့်မျော်လျှက်ပါရှင်။
အတွေ့အကြုံလေးတွေအတွက် ကျေးဇူးပါ မချစ်ရေ။ ပုံလေးတွေတော့ ကြည့်ချင်တာပေါ့ကွယ်း)
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
ဝတုတ်မလေး လေထဲမြှောက်တက်သွားတဲ့အခန်းကို လာကြည့်တာပါဆိုနေ..
ReplyDeleteဟင့်..အသစ်ဖတ်ချင်လို့နေ့တိုင်းလာကြည့်နေရတာ..
ReplyDeleteရော့..အင့်.တစ်ဆယ်..း(။
ခရီးသွားချင်နေတာအတော်ပဲ။း)
ReplyDeleteခင်တဲ့
မေသိမ့်
အဲ့လိုTravel Fair ရှိတဲ့အခါ အီးမေးလ်ပို့ရင် သိပ်ကောင်းမယ်...
ReplyDeleteရှိရင် အီးမေးလ်ပေးထားချင်တယ် အစ်မချစ်...
ဒီခရီးစဉ်အကြောင်း စဖတ်ရကတည်းက အခုလို အစကနေ ဖတ်ပြီး တူတူလိုက်ချင်တာ၊ ဒါ့ပုံလေးနဲ့ဆိုရင်တော့ ပိုအသက်ဝင်မယ်။
လေဆိပ်ကနေ အပြင်ကို ထွက်ပါတော့ဗျို့ :))
လိုက်လဲလိုက်တဲ့စုံတွဲး)) ဟိဟိ
ReplyDeleteရေးပါဗျာ့ မြန်မြန်လေး တားကအားမှ အဆင်ပြေမှ ဘလော့လည်စာဖတ်နိုင်သမို့ပါး)
ReplyDeleteမောင်ဘကြိုင်
သူတို့  ဆားဗစ်ကတော့ လန်ထွက်တယ်နော် မမချစ်..ဓာတ်ပုံလေးတော့ တင့်ပါ မမချစ်ရယ်..မျက်စိထဲ ပုံဖေါ်တာ မမြင်လို့ ...
ReplyDelete