Sunday, August 14, 2011
ချစ်သော ပုဂံမြေ-၂
ကိုင်း မျက်လုံးထောင့်စွန်းက မျက်ရည်တွေကို တစ်ရှူးစလေးနဲ့ အသာတို့သုတ်ပြီး ဟီးချငိုခဲ့ရတာကိုရပ်လို့ ပုဂံခရီးကို ဆက်ပါမယ်။ ခုတလော ဟီးချငိုတာတွေ ခေတ်စားနေတယ်...ညှင်း ညှင်း ညှင်း...
ပြီးခဲ့တဲ့ ပိုစ့်မှာ တင်ခဲ့တဲ့ ပုဂံနေအထွက်ပုံကို ရိုက်အပြီး ဟိုတယ်ကိုပြန်ပြီး မနက်စာစားပါတယ်။ ကျွန်မတို့သွားခဲ့တဲ့အချိန်က ပုဂံဧည့်ရာသီကျော်ခဲ့ပြီဆိုတော့ ဟိုတယ်မှာလည်း ဧည့်ရှင်းနေတဲ့အတွက် ထင်ပါရဲ့၊ မနက်စာကို ညဘက်ကတည်းကို ကြိုတင်မှာကြားထားပြီး သူတို့မီနူးထဲက ကြိုက်ရာ ရွေးချယ် ခွင့်ပေးပါတယ်။ ကျွန်မက သူတို့မီနူးထဲမှာ မပါတဲ့ မုန့်ဟင်းခါးစားချင်တယ်ဆိုတော့ ဟိုတယ်ဝန်ထမ်းက အနီးအနား ရတဲ့ဆီကဝယ်ပြီး ရအောင်စီစဉ်ပေးထားရှာပါတယ်။ မုန့်ဟင်းခါးက ပဲအနှစ်များများနဲ့ ပုဂံစတိုင်လ်ချက်ထားတာမို့ စားဖူးနေကျ ရန်ကုန်မုန့်ဟင်းခါးနဲ့ မတူဘဲ အရသာတစ်မျိုးလေး ထူးနေပါတယ်။
မနက်စာစားပြီးလို့ ဟိုတယ်လော်ဘီထဲအရောက်မှာ ကျွန်မတို့ရဲ့ ဧည့်လမ်းညွှန်ကြီးကို တွေ့လိုက်ရပါတယ်။ အရပ်ခပ်ပျပ်ပျပ်၊ အသားညိုညို၊ ကိုယ်လုံးကိုယ်ထည်ပြည့်ပြည့်နဲ့ ပုဆိုးတိုတို၊ လွယ်အိတ်တစ်လုံးလွယ်၊ ကွမ်းဝါးထားတဲ့ အာခေါင်နီနဲ့ သူ့ကိုတွေ့လိုက်ရချိန်မှာ ကျွန်မစိတ်ထဲ အင်မတန်မှ နှစ်လိုခင်မင်ဖွယ် အကိုကြီးတစ်ယောက်ကို တွေ့လိုက်ရသလိုပါ။ စကားတစ်ခွန်း နှစ်ခွန်း ပြောမိကြတဲ့အခါ သူဟာ မြင်းကပါရွာသား ပုဂံသားစစ်စစ်ကြီး ဖြစ်တဲ့အကြောင်း သိလိုက်ရပါတယ်။
ပထမဦးဆုံး ကျွန်မတို့ကို ခေါ်ဆောင်သွားခဲ့တာက ဖွားစောရွာ သစ်မထီးကျောင်းတိုက်အနီးမှာရှိတဲ့ ဓမ္မရာဇိကစေတီကိုပါ။ ၁၁၉၇ခုနှစ် (တချို့စာအုပ်အညွှန်းအရ ၁၁၉၈ခုနှစ်)မှာ နရပတိစည်သူမင်း တည်ခဲ့တာ ဖြစ်ပါတယ်။ များသောအားဖြင့် ပုဂံစေတီပုထိုးတော်တွေမှာ အာရုံခံမုဒ်ဦး လေးဘက်လေးတန် ရှိပေမဲ့ ဓမ္မရာဇိကစေတီမှာတော့ ငါးမျက်နှာမှာ မုဒ်ဦးငါးခုရှိပါတယ်။ ကျွန်မတို့ ဘဒ္ဒကမ္ဘာမှာ ပွင့်တော်မူခဲ့ပြီးသော ဘုရားလေးဆူနဲ့ နောင်ပွင့်မဲ့ အရိမတ္တေယျဘုရားတို့ကို ရည်မှတ်ပြီး ကြေးဆင်းတုငါးဆူ စံပါယ်ဖို့အတွက် မုဒ်ဦး ငါးခုတည်ဆောက်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအတွက် ပန္နက်အောက်ခြေကိုက စတုရန်းပုံမဟုတ်ဘဲ ငါးမြှောင့်ပုံ ပန္နက်ချထားတာ တွေ့ရပါတယ်။
ပစ္စယာတစ်ဆင့်ချင်းမှာ ရေဆင်းပေါက်တွေကို (ဘယ်လိုခေါ်တယ် ကျွန်မမသိပါ) ဒီလို ကွန်ကရစ်တွေ နဲ့ ပြန်ပြင်ထားတာ တွေ့ရပါတယ်...
ပြောရဦးမယ်၊ တွေ့ခဲ့တာ၊ ကြားခဲ့တာလေး။ ဘယ်စာအုပ်ထဲမှာမှ မရှိဘူး ရှာမကြည့်နဲ့။ ပြောပြမယ်၊ တိုးတိုးလေး...။ ဗိုလ်ချုပ်ကြီးတစ်ယောက် တန်ခိုးထွားစဉ်ကတဲ့ကွယ်...  သူ မှာယူ သွန်းလောင်း ထားတဲ့ ကြေးဆင်းတုတော် တစ်ဆူကို ပုဂံလာပြီး လှူသွားသတဲ့။ အဲဒီအထိ ကျွန်မ သာဓု  နှစ်ကြိမ်ခေါ် မိပါတယ်။ သူက အာရုံခံမုဒ်ဦးထဲရှိနေတဲ့ ရှေးဘုရားကို ပလ္လင်ပေါ်က ဘေးကိုချ၊ သူ့ဆင်းတုတော်ကို ပလ္လင်ပေါ် တင်သတဲ့ကွဲ့။ မကြာပါဘူး သူလည်း ရာထူးကပြုတ်လို့ ပလ္လင်အောက်ကျရရှာသတဲ့။ ကိုင်း ပုံပြင်ကလေးကတော့ ဒါပါပဲကွယ်။ သတိပြု မှတ်သားရမဲ့ အချက်ကတော့ ရှေးဘုရား တို့မည်သည် မူလတည်ခဲ့သူက သစ္စာတွေ၊ ကျိန်စာတွေနဲ့ တည်ထားခဲ့ကြတာမို့  ပြောင်းချင် ရွှေ့ချင်၊ ပြင်ချင်တိုင်း ပြင်လို့ မရတဲ့ အချက်ပါပဲ။
နောက်တစ်ခု ပြောပြချင်တာက သရပါတံခါးပါ။ သရပါဆိုတာ " မြားကို ဆီးကာသော တံခါး"လို့ အဓိပ္ပါယ် ရပါတယ်။  ပုဂံရဲ့ ကျုံးမြို့ရိုး လေးမျက်နှာပါတ်လည်မှာ တံခါး ၁၂ရပ်တည်ထားခဲ့တဲ့အနက် သရပါဟာ အရှေ့မျက်နှာ အလယ်ဗဟိုတံခါးဖြစ်ပါတယ်။ ခုတော့ ဒီတံခါးပေါက်တစ်ခုပဲ ထင်ရှားကျန်ရစ်ပါတယ်။ ၈၄၉ ခုနှစ်မှာ ပုဂံရဲ့ ၃၉ဆက်မြောက် ပျဉ်ပြားမင်း တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ တံခါးရဲ့ ဘေး တစ်ဖက်တစ်ချက်မှာတော့ မဟာဂီရိ နတ်မောင်နှမကို အစောင့်အရှောက်အဖြစ် တွေ့နိုင်ပါတယ်။
အချပ်ပို
မနက်စာ ဆီထမင်း 
ဒါက ဒီနေ့ အိမ်ကလူ သွေးတောင်းလို့ လုပ်စားဖြစ်တဲ့ မန္တလေး မြီးရှည်ပါ။ စားကြပါဦးလား....
ဝက်ရိုးဟင်းချိုလေးနဲ့ ဝက်ခေါက်ကြော်လေးနဲ့ တွဲစားပါတယ်...
အိမ်ကလူကြီးကတော့ မျက်လုံးလေးသာ မှိတ်ပြီး စားရင် မန္တလေး-ဗထူးကွင်းရှေ့က မြီးရှည် စားနေရသလို ပါပဲ တဲ့... ဟင်း ဟင်း :)))
22 comments:
  1. ဖတ်ရတာ မ၀ဘူး။ အောက် ကပုံတွေကြည့် တော့မှပဲ
    ReplyDelete
  2. This comment has been removed by the author.
    ReplyDelete
  3. အပြစ်တင်ရင်လဲ ခံရတော့မှာပဲ... ပိုစ့်ကို စိတ်ပါဝင်စားစွာ ဖတ်လာလိုက်တာ မြီးရှည်တွေလည်း တွေ့ရော အပေါ်က ဖတ်လာတဲ့ ပုဂံအကြောင်းတွေ ဘယ်ရောက်သွားမှန်း မသိတော့ဘူး...
    ချက်စားမယ်ဆိုတာ ပြောလည်းမပြောဘူး...
    ဒီမှာ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ အခြေအနေ ဖြစ်နေတာ သိရဲ့သားနဲ့...
    ဟွန့်... လူဆိုး.............
    ReplyDelete
  4. မောင်ဝေးSun Aug 14, 09:41:00 PM GMT+8
    ဆီထ္မင်း တပုဂံ၊ မြီးရှည် တပုဂံ၊ ဝက်ခေါက်ကြော် တပုဂံ၊ ဝက်ရိုးဟင်းချို တပုဂံ ဟာကွာ... ငါ့နှယ်နော် အပေါ်က ပုဂံဘုရားပုထိုးတွေကို သပ္ပာယ်ကြည်ညိုစိတ်ပေါက်ရမယ့်အစား ငတ်ကြီးကျစိတ်တွေပဲ ပေါက်နေတော့ပါလားနော်၊ ပန်းကန်နဲ့ ပုဂံလဲ စာလုံးပေါင်းတွေမွှားကုန်ပြီ၊ အဲဒါ ညည်းအပြစ် ညည်းအပြစ် ဟင်း...။
    ReplyDelete
  5. ဟားဟား ကိုသောမတ်စ် ရယ်ရတယ်....:)
    တက်ဂ်ဝေလေး အပြစ်တင်ပါဘူးကွယ်၊ အစီအစဉ်မရှိဘဲ လုပ်ဖြစ်သွားတာဟ၊ နောက်တစ်ခါကျ ခေါ်မယ်နော်...
    ကမောင်ဝေးတစ်ပုဂံ...။ ဟုတ် ညည်းအပြစ်ပဲ ထားလိုက်ပါဒယ်...ခွိ ခွိ
    ReplyDelete
  6. ပုဂံအလွမ်းပြေလေး ကြည့်ခွင့်ရလို့ ကျေးဇူးပါကွယ်။
    ပုဂံဘုရားတွေ ထပ်ဖူးချင်သေးတယ်။
    မနက်ဖြန်မနက်စာ ဆီထမင်းထိုးစားဖို့ အကြံလေးရသွားပြီး))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  7. ချော(အစိမ်းရောင်လွင်ပြင်)Sun Aug 14, 11:42:00 PM GMT+8
    အင်းပါ အင်းပါ
    ကြွားထားပါ။ ညီမလည်းတစ်နေ့တော့ ပုဂံရောက်ဦးမှာပါ။ ဆီထမင်းလည်း စားရဦးမှာပါ။ ဟဲဟဲ
    ဒါနဲ့ ဗထူးကွင်းရှေ့က မြီးရှည်က ဘယ်သူကျွေးတာပါလိမ့်
    ညီမလည်းနောက်တစ်ခါ မန်းရောက်ရင် သွားကျွေးခိုင်းဦးမှး)
    ReplyDelete
  8. အော် ချစ်ကြည် ချစ်ကြည် မန်းလေးမှိုင်း မိနေရှာသည်။
    (ဘ၀တူချင်းမို့ တနားဒယ်)
    ပုဂံအကြောင်းလည်း ဖတ်သွားပါသည်။
    မန်းကိုချစ်ရင် ပုဂံကိုလည်း ချစ်ရမည်။
    (ဆိုင်ဆိုင် မဆိုင်ဆိုင်အေ...သူတောင် အချပ်ပို ထည့်သေးတာပဲ)
    ReplyDelete
  9. ဓမ္မရာဇိကမှာ ရှေးခေတ်က စစ်သူကြီး သူရဲကော မတွေ့ခဲ့ဖူးလား...၊ ဘုရားကို ဓါတ်ပုံရိုက်တုန်းမှာ သူက ဓါတ်ပုံထဲ ခန့်ခန့်ကြီး ပေါ်လာတာလေ...၊း) အရင်တုန်း ကတော့ ဘုရားဂေါပက ဆီမှာ အဲဒီဓါတ်ပုံ တောင်းကြည့်လို့ ရတယ်ဗျ...၊
    ReplyDelete
  10. ပုဂံဘုရားကိုတော့ ဘယ်ချိန်သွားဖူးဖူး ရိုးတယ်လို့မရှိပါဘူး...။ ပုဂံရောက်ဖူးတာ သုံးလေးခေါက်ရှိပြီ...ခုအမချစ်တင်တဲ့ပုံတွေကိုကြည့်ပြီး ထပ်သွားချင်သေးတယ်...။
    မပြောနဲ့ မပြောနဲ့ ဗထူးကွင်းရှေ့က မြီးရှည်ကိုအရမ်းစားချင်နေတာ မကြီးရွှေစင်ကို...အဲဒီမြီးရှည်ပုံတင်ပေးပါလို့ ပြောထားတယ်။
    ခင်တဲ့
    မိုးငွေ့
    ReplyDelete
  11. ညီမ ချစ်ကြည်အေး ရေ
    တစ်ရူးစ နဲ့ နှပ်နှပ် တွေ ရောသုတ်သေးလား... လမ်းလျှောက်ရင်း လမ်းမပျောက်ဖို့ က အဓိက ပါ ..
    ညီမ ရဲ့ ပုဂံ ပို့စ် ထဲက အချပ်ပို ကို အပြတ်ဆွဲသွားတယ် ဒီတခါ ဗထူးကွင်း မြီးရှည် အစစ် ကိုသွားစားမယ် ဒါပေမဲ့ ညီမ လက်ရာကလည်း မှီပုံ ရပါတယ်
    ရွှေစင်ဦး
    ReplyDelete
  12. ဖတ်ရင်းဖတ်ရင်းနဲ့
    မြီးရှည်လဲရောက်ရော
    တွေးနေတာနဲ့အတော်ကဖြစ်သွားရော...
    စားချင်လိုက်တာနော်....း(
    ခင်မင်လေးစားလျှက်
    မဒိုးကန်
    ReplyDelete
  13. အစ်မရေ
    ဘုရားလာဖူးသွားတယ်ဗျာ့
    စားစရာတွေအကြောင်းရေးတဲ့သူတွေကို စိတ်ဆိုးချင်လာပီ
    ဂလုဂလုဖြစ်ဖြစ်နေတယ်း)း)း)
    မောင်ဘကြိုင်
    ReplyDelete
  14. ဟင့်..ပုဂံဘုရား‌တွေကိုလာဖူးရင်းနဲ့..‌ရြွှေပည်ကြီးကို
    လဲလွမ်း..ဆီထမင်းကိုလဲလွမ်းးးးလို့..ချုံးပွဲချငိုချင်သွား
    တယ်...မချစ်မ‌ကောင်းဘူး..ဟူးးးး။
    ReplyDelete
  15. Envy, hungry, envy, hungry, humm, Ma Ma CKA, can't think of another words other than envy and hungry.
    ReplyDelete
  16. ဒေါ်ချစ် ချက်နည်းလေး လုပ်ပါ
    ReplyDelete
  17. ဟုတ်ပ...မသက်ဝေ ပြောသလိုပဲ... ပုဂံအကြောင်း ရင်ဘတ်နဲ့ ခံစားပြီးဖတ်လာတာ အဆုံးရောက်မှ မြီးရှည်က အားလုံးကို ဖုံးသွားတယ်။
    ဒါပဲနော်... နောက်တစ်ခေါက်ဆို မြီးရှည်မှ... :P
    ReplyDelete
  18. မြီးရှည်.... မြီးရှည်.... မြီးရှည်....
    ReplyDelete
  19. အင်း စီဗုံးထဲက စာ ဖတ်ပြီး မျက်စိလည်ကုန်ပြီ။
    ပျဉ်ပြားမင်းက နောက်ဆုံးမင်းလားလို့ ?
    ReplyDelete
  20. ပုံပြင်ထဲ xxxx ကို သိတယ်။ အဲဒီဘုရားပြင်တာလဲ သူပဲလေ။ သူရဲက လူဝင်ပူးပြီး သူ့ ဘုရားကိုလည်း စောင့်ရှောက်ဘို့  ပြောတယ်လို့  သတင်းထွက်လာသေးတယ်။
    ReplyDelete
  21. မိုးညိုရစ်ဝိုင်းမှိုင်းပြမှောင်..၀ါဆို၊၀ါခေါင်မုတ်သုံဦး..
    ဧရာရေဇလာလှိုင်းလွန့်လူး..နာဝါလှေငယ်ဖြတ်လို့ကူး..
    အညာပုဂံဘုရားဖူး..ရွှေစည်းခုံကိုရည်စူး..
    အာနန္ဒာကိုကြည်နူး..ဗူးဘုရားမှာနှစ်ဦးသားနားရာ..
    သီတာသောင်ခြေဦး..မခွဲဘူးမခွာဘူး..
    အမြဲတမ်းရည်စူး..မြတ်စိန္တေထံဆုပန်ကာ...ဖူး..
    တို့မောင်မယ်နှစ်ဦး....
    စိတ္တသုခ၊ကာယသုခနှင့်ပြည့်စုံပါစေရှင်...
    :)))) မိစံ
    ReplyDelete
  22. please share myee-shay recipe.
    ReplyDelete
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်
ကိုယ် ချစ်တဲ့ကဗျာ
နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်
နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...