ဆီဘူးမြို့က တောင်တွေ၊ ပင်လယ်တွေနဲ့ ဝန်းရံထားတဲ့ လှပတဲ့ ကျွန်းမြို့ကလေး တမြို့ပါ။ မြို့တော်မနီလာလို တနှစ်ကို တိုင်ဖုန်း ၁၀ကြိမ်ထက်မနည်း တိုက်ခတ်ခြင်းမှ ကင်းလွတ်တဲ့၊ သဘာဝ ဘေးအန္တာရာယ်တွေ ကင်းရှင်းတဲ့ ကျွန်းမြို့ကလေးမို့ ကံကောင်းတဲ့ မြို့ကလေးပါပဲ။ ဒေသခံတွေကိုယ်တိုင်က မနီလာမြို့ကြီးကို Favorite of Typhoon လို့ ကျီစယ် ခေါ်ဝေါ် လေ့ရှိကြပါတယ်။

ဆီဘူးရဲ့ အနီးအနား ဘိုဟိုးလ်-Bohol လို့ ခေါ်တဲ့ ကျွန်းမြို့ကလေးကိုလည်း သွားရောက်ခဲ့ပြီး အဲဒီ့ ကျွန်း ၂ ကျွန်းပေါ်က တွေ့သမျှ၊ မြင်သမျှ၊ ဓါတ်ပုံရိုက်ဖို့ လက်လှမ်းမီသမျှ ပန်းတွေကို သိမ်းကြုံးရိုက်ခဲ့ပါတယ်။ Flowers of Cebu and Bohol လို့သာ ဆိုကြပါစို့....။
ဒီပိုစ့်ကိုတော့ ကဇာတ်တွေ၊ အငြိမ့်ပွဲတွေမှာ မင်းသမီးမထွက်ခင် ရှေ့ထွက်မင်းသမီးလေးတွေ အရင်ထွက်ပြီး ဖျော်ဖြေ အသုံးတော်ခံသလိုပဲ လို့ သဘောထား ကြည့်ရှူပေးကြပါနော်....:)


ရှေ့ထွက်မင်းသမီးလေးများ(ပန်းလေးများ)ကို ကြည့်သွားပါတယ်..။
ReplyDeleteမချစ်ကြည်အေး ပန်းလေးတွေ က လှလိုက်တာဗျာ။
ReplyDeleteကင်မရာ အကောင်းစား နဲ့ဆိုတော့လဲ ကြွားတယ်ပေါ့လေ။ :)
ပျော်ရွှင်ချမ်းမြေ့ ကြပါစေ။
ချစ်ကြည်အေး ရေ
ReplyDeleteပုံတွေ ကတော့ တကယ့်ကို ကောင်းပါပေတယ် နောက်ထပ် လည်း ဖတ်ဘို့ စောင့်နေမယ်နော်
ခင်မင်တဲ့
ရွှေစင်ဦး
ရှေ့ထွက်မင်းသမီးတွေတော့ ပြီးသွားပြီ အစ်မရေ...နောက်ထွက်ကလေးမြန်မြန်လုပ်ပါဗျို့ :)
ReplyDeleteခင်တဲ့(ချိုကျ)
အားပါးပါး လှတယ်ဗျာ အမကြီးချစ်နဲ့တူတယ်
ReplyDeleteမုန့်များများ ၀ယ်ခဲ့နော် နောက်ထပ် ခရီးသွားမှတ်တမ်း ဇာတ်လမ်းလေးတွေ လေး မျှော်နေမယ်
ခင်တဲ့
seesein
ရှေ့ထွက်မင်းသမီးလေးတွေကလှလိုက်တာဗျာ...။
ReplyDeleteကင်မရာကလဲကောင်း ပန်းကလေးတွေကလဲလှ ရိုက်တဲ့သူကလဲတော်..။
ဖို့ကပ်စ်ယူထားတာကောင်းတော့ ပန်းလေးတွေအလှက ပိုကြွသွားတယ်..။“
ခင်မင်စွာဖြင့်
မိုးငွေ့
သဘောကျလို့ ပြုံးသွားတယ်...
ReplyDeleteဝယ်လာတဲ့ မုန့်က ဘယ်တော့ စားရမှာလဲ...း))
ပန်းတွေကလှတယ်နော်။
ReplyDeleteပန်းပုံလေးတွေ သိပ်ကြိုက်တယ်။ တပွင့်ချင်းထက် အများကြီးပွင့်နေတဲ့ ပန်းခင်းပုံလေးတွေကို ပိုနှစ်သက်မိတယ်။ ရိုက်ထားတာ လှမှလှ. :)
ReplyDeleteပန်းလေးတွေက လှလိုက်တာ..
ReplyDeleteစိတ်ကို ကြည်နူး သွားစေတယ် အစ်မချစ်ရေ
ခင်တဲ့
ယွန်း
ပန်းတွေက ဗမာပြည်ကအတိုင်းပဲ...
ReplyDeleteမယ်ချစ်..ပြန်ရောက်ပြီလား
စပယ်လို ဖြူဖြူ သေးသေး အပွင့်လေးတွေကို ချစ်တယ်။
ReplyDeleteရှေ့ထွက်မင်းသမီးလေးတွေကလည်း လှတာပါပဲ :))
ReplyDeleteမမချစ်ကြည်ရေ.. နှစ်စပိုင်းတုန်းက ရောက်ခဲ့တယ်..
ReplyDeleteမျောက်လေးတွေကြည့်လာခဲ့နော်..း)
Gay လိပ်ပြာရော..း)))
မမချစ်ရေ ပန်းတွေ အားလုံး လှမှ လှပဲ....ကစ်စမီပန်းလေးတွေကို တွေ့တော့ မေမေနဲ့ ယောက္ခမမေမေရဲ့ ကစ်စမီလေးတွေကို သတိရသွားတယ်... တပွင့်တည်းသော အဝါရောင်ပန်းလေးကိုလဲ ကြိုက်တယ်
ReplyDeleteမမချစ်ရဲ့ ခရီးသွားအတွေ့ကြုံလေးတွေ မျှော်နေမယ်နော်...
ရှေ့ထွက်မင်းသမီး ပြီးရင် နှစ်ပါးသွား လား အစ်မ။
ReplyDeleteတင်ထားတဲ့ ပန်းလေးတွေလိုပဲ လှတဲ့ အစ်မချစ်ကြည် (ဖားတာ ဟဲ)... ဒီတစ်ခေါက် ဖိလစ်ပိုင်ခရီးစဉ်မှာတော့ စုံတွဲပုံတင်ရမယ်...ဒါပဲ...:)
ReplyDeleteမောင်ငယ်
ွှTWZ
ဆီဘူးက ပန်းတွေပေါ့လေ..။ တစ်ခုခုလိုနေသလိုပဲ။ နောက်ပို့စ်တွေကိုပဲ စိတ်ဝင်စားတယ်ဗျာ..။ ပြန်လာရင် တစ်လုံးလောက် ဆွဲလာခဲ့ဦးနော်။
ReplyDeleteဖိလစ်ပိုင်သူလေးတွေ ချောလားဗျ
ReplyDeleteဒီတစ်ခါတော့ ဘလော့ဂါပီသစွာ ကင်မလာကြီးနဲ့ သွားခဲ့တယ်ပေါ့လေ။း))
ReplyDeleteအသုံးတော်ခံတယ်သာပြောတာ၊ သုံးလည်းမသုံးလိုက်ရပါဘူး အစ်မရာ (ဟမ်)
ReplyDeleteလှပါ့. . .
ReplyDeleteလက်ဆောင်.....လက်ဆောင်...နော်..အနော့်အတွက်။