Wednesday, July 21, 2010

Cebu မြို့(ဖိလစ်ပိုင်) သို့ တခေါက်-၁

ခရီးသွားပိုစ့် မတင်ခင် ကျမရဲ့ တောရိုက် တောင်ရိုက် ပုံလေးတွေ အရင် ကြည့်ကြပါအုံးလေ။ ကျမတို့က ဒီတခေါက် Tour Guide နဲ့ သွားတာ မဟုတ်ပဲ ခင်ရာမင်ရာ ဒေသခံမိတ်ဆွေတွေနဲ့ သွားတာမို့ တချို့ အချက်အလက်တွေ Wikiထဲ ပြန်ရှာ ချင်ပါသေးတယ်။

ဆီဘူးမြို့က တောင်တွေ၊ ပင်လယ်တွေနဲ့ ဝန်းရံထားတဲ့ လှပတဲ့ ကျွန်းမြို့ကလေး တမြို့ပါ။ မြို့တော်မနီလာလို တနှစ်ကို တိုင်ဖုန်း ၁၀ကြိမ်ထက်မနည်း တိုက်ခတ်ခြင်းမှ ကင်းလွတ်တဲ့၊ သဘာဝ ဘေးအန္တာရာယ်တွေ ကင်းရှင်းတဲ့ ကျွန်းမြို့ကလေးမို့ ကံကောင်းတဲ့ မြို့ကလေးပါပဲ။ ဒေသခံတွေကိုယ်တိုင်က မနီလာမြို့ကြီးကို Favorite of Typhoon လို့ ကျီစယ် ခေါ်ဝေါ် လေ့ရှိကြပါတယ်။



ဆီဘူးရဲ့ အနီးအနား ဘိုဟိုးလ်-Bohol လို့ ခေါ်တဲ့ ကျွန်းမြို့ကလေးကိုလည်း သွားရောက်ခဲ့ပြီး အဲဒီ့ ကျွန်း ၂ ကျွန်းပေါ်က တွေ့သမျှ၊ မြင်သမျှ၊ ဓါတ်ပုံရိုက်ဖို့ လက်လှမ်းမီသမျှ ပန်းတွေကို သိမ်းကြုံးရိုက်ခဲ့ပါတယ်။ Flowers of Cebu and Bohol လို့သာ ဆိုကြပါစို့....။

ဒီပိုစ့်ကိုတော့ ကဇာတ်တွေ၊ အငြိမ့်ပွဲတွေမှာ မင်းသမီးမထွက်ခင် ရှေ့ထွက်မင်းသမီးလေးတွေ အရင်ထွက်ပြီး ဖျော်ဖြေ အသုံးတော်ခံသလိုပဲ လို့ သဘောထား ကြည့်ရှူပေးကြပါနော်....:)


















22 comments:

  1. ရှေ့ထွက်မင်းသမီးလေးများ(ပန်းလေးများ)ကို ကြည့်သွားပါတယ်..။

    ReplyDelete
  2. မချစ်ကြည်အေး ပန်းလေးတွေ က လှလိုက်တာဗျာ။
    ကင်မရာ အကောင်းစား နဲ့ဆိုတော့လဲ ကြွားတယ်ပေါ့လေ။ :)
    ပျော်ရွှင်ချမ်းမြေ့ ကြပါစေ။

    ReplyDelete
  3. ချစ်ကြည်အေး ရေ

    ပုံတွေ ကတော့ တကယ့်ကို ကောင်းပါပေတယ် နောက်ထပ် လည်း ဖတ်ဘို့ စောင့်နေမယ်နော်

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  4. ရှေ့ထွက်မင်းသမီးတွေတော့ ပြီးသွားပြီ အစ်မရေ...နောက်ထွက်ကလေးမြန်မြန်လုပ်ပါဗျို့ :)

    ခင်တဲ့(ချိုကျ)

    ReplyDelete
  5. အားပါးပါး လှတယ်ဗျာ အမကြီးချစ်နဲ့တူတယ်
    မုန့်များများ ၀ယ်ခဲ့နော် နောက်ထပ် ခရီးသွားမှတ်တမ်း ဇာတ်လမ်းလေးတွေ လေး မျှော်နေမယ်

    ခင်တဲ့
    seesein

    ReplyDelete
  6. ရှေ့ထွက်မင်းသမီးလေးတွေကလှလိုက်တာဗျာ...။
    ကင်မရာကလဲကောင်း ပန်းကလေးတွေကလဲလှ ရိုက်တဲ့သူကလဲတော်..။
    ဖို့ကပ်စ်ယူထားတာကောင်းတော့ ပန်းလေးတွေအလှက ပိုကြွသွားတယ်..။“

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  7. သဘောကျလို့ ပြုံးသွားတယ်...
    ဝယ်လာတဲ့ မုန့်က ဘယ်တော့ စားရမှာလဲ...း))

    ReplyDelete
  8. ပန်းတွေကလှတယ်နော်။

    ReplyDelete
  9. ပန်းပုံလေးတွေ သိပ်ကြိုက်တယ်။ တပွင့်ချင်းထက် အများကြီးပွင့်နေတဲ့ ပန်းခင်းပုံလေးတွေကို ပိုနှစ်သက်မိတယ်။ ရိုက်ထားတာ လှမှလှ. :)

    ReplyDelete
  10. ပန်းလေးတွေက လှလိုက်တာ..
    စိတ်ကို ကြည်နူး သွားစေတယ် အစ်မချစ်ရေ

    ခင်တဲ့
    ယွန်း

    ReplyDelete
  11. ပန်းတွေက ဗမာပြည်ကအတိုင်းပဲ...
    မယ်ချစ်..ပြန်ရောက်ပြီလား

    ReplyDelete
  12. စပယ်လို ဖြူဖြူ သေးသေး အပွင့်လေးတွေကို ချစ်တယ်။

    ReplyDelete
  13. ရှေ့ထွက်မင်းသမီးလေးတွေကလည်း လှတာပါပဲ :))

    ReplyDelete
  14. မမချစ်ကြည်ရေ.. နှစ်စပိုင်းတုန်းက ရောက်ခဲ့တယ်..
    မျောက်လေးတွေကြည့်လာခဲ့နော်..း)
    Gay လိပ်ပြာရော..း)))

    ReplyDelete
  15. မမချစ်ရေ ပန်းတွေ အားလုံး လှမှ လှပဲ....ကစ်စမီပန်းလေးတွေကို တွေ့တော့ မေမေနဲ့ ယောက္ခမမေမေရဲ့ ကစ်စမီလေးတွေကို သတိရသွားတယ်... တပွင့်တည်းသော အဝါရောင်ပန်းလေးကိုလဲ ကြိုက်တယ်

    မမချစ်ရဲ့ ခရီးသွားအတွေ့ကြုံလေးတွေ မျှော်နေမယ်နော်...

    ReplyDelete
  16. ရှေ့ထွက်မင်းသမီး ပြီးရင် နှစ်ပါးသွား လား အစ်မ။

    ReplyDelete
  17. တင်ထားတဲ့ ပန်းလေးတွေလိုပဲ လှတဲ့ အစ်မချစ်ကြည် (ဖားတာ ဟဲ)... ဒီတစ်ခေါက် ဖိလစ်ပိုင်ခရီးစဉ်မှာတော့ စုံတွဲပုံတင်ရမယ်...ဒါပဲ...:)
    မောင်ငယ်
ွှTWZ

    ReplyDelete
  18. ဆီဘူးက ပန်းတွေပေါ့လေ..။ တစ်ခုခုလိုနေသလိုပဲ။ နောက်ပို့စ်တွေကိုပဲ စိတ်ဝင်စားတယ်ဗျာ..။ ပြန်လာရင် တစ်လုံးလောက် ဆွဲလာခဲ့ဦးနော်။

    ReplyDelete
  19. ဖိလစ်ပိုင်သူလေးတွေ ချောလားဗျ

    ReplyDelete
  20. ဒီတစ်ခါတော့ ဘလော့ဂါပီသစွာ ကင်မလာကြီးနဲ့ သွားခဲ့တယ်ပေါ့လေ။း))

    ReplyDelete
  21. အသုံးတော်ခံတယ်သာပြောတာ၊ သုံးလည်းမသုံးလိုက်ရပါဘူး အစ်မရာ (ဟမ်)

    ReplyDelete
  22. လှပါ့. . .
    လက်ဆောင်.....လက်ဆောင်...နော်..အနော့်အတွက်။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...