Thursday, February 2, 2012

FROZEN


ဇီးရိုးဒီဂရီ စင်တီဂရိတ်ရဲ့အောက်  မိုင်းနပ်စ် 9.5 မှာ....
Clarence Birdseye ရဲ့ ၁၉၂၉ကစခဲ့တဲ့ စမ်းသပ်ဖြန့်ချိမှုအောက်မှာ...
စက်စွမ်းအင်နဲ့ စည်းနှောင်ပိတ်ကြပ် သေသပ်စွာထုတ်ပိုးမှုတစ်ခုရဲ့ အထဲမှာ...
ဗီတာမင်တစ်ချို့တစ်ဝက် လျော့ပါးပျောက်ဆုံးမှုတွေကြားမှာ...။   ။

အချိန်စီးမှုအလိုက် တန်ဘိုးအဖြတ်ခံကြရ...
IQF နည်းပညာတွေနဲ့ ပြောင်းလဲ စမ်းသပ် ခံခဲ့ကြရ...
မူရင်းအရသာမပျက်ယွင်းစေဘဲ အနံ့အရသာမဲ့ CMCတွေ ထည့်ဝင်ပေါင်းစပ်ခံကြရ....
Thawing လုပ်ပြီးတဲ့အခါ ၂၄နာရီထက် အပြင်မှာ ပိုမထားရန်...
သတိပေးစာတမ်းတွေလည်း ကိုယ်ပေါ်မှာ အကပ်ခံကြရ။    ။

တစ်ချိန်က...
  ဘာကောင်ကြီးပဲ ဖြစ်ခဲ့ ဖြစ်ခဲ့
တစ်လုံးပိုရှူလို့ မရတဲ့ ဘ၀တူတွေထဲမှာ
ကျုပ်တို့ဟာ....
အသက်မဲ့  မျက်နှာသေတွေနဲ့
လေးထောင့်မှန်ပုံးထဲမှာ တုန်ခိုက်အေးခဲစွာ။   ။


IQF - Individually Quick Frozen
CMC - CarboxyMethylCellulose
Thawing - Defrosting , Unfreezing

19 comments:

မိုးယံ said...

ထိုင်ခုံပေါ်က ဖတ်တာတောင် ခေါင်းမူးလိုက်တာအေ...။

မြူးမြူး said...

ဖတ်ရတာ မွန်းကျပ်ကျပ်ကြီးဖြစ်သွားတယ်..

rose of sharon said...

အမြန်ဖတ်ပြီးပြန်ပြေးသွားတယ်... အဲဒီလေးထောင့်မှန်ပုံးကြီးထဲရောက်သွားမှာစိုးလို့ :D

Kay said...

သက်သက်လွတ်ပဲ စားတော့မယ်း)

တီချမ်း said...

အင်း ဒေါ်ချစ်တယောက် ဒီပရက်စ် ဖြစ်နေပုံရတယ်

တခါတခါ ဒီလိုပဲ

ရေစိမ်ချိုးလိုက် အာရိုးမားလေးထွန်း ကော်ဖီလေးနဲ့ သီချင်းလေးနဲ့ ငြိမ့်လိုက်

ကျန်တာတွေမေ့လိုက်

အဲ့လောက် အလုပ်မရှုပ်ချင်ရင် ကာရာအိုကေ သွားလိုက်

သက်တန့်ချို said...

ဒီကဗျာဖတ်ပြီး အတော်ကြီး ကို အတွေးတွေပွားမိသွားတယ် (Thawing လုပ်ပြီးတဲ့အခါ ၂၄နာရီထက် အပြင်မှာ ပိုမထားရန်...
သတိပေးစာတမ်းတွေလည်း ကိုယ်ပေါ်မှာ အကပ်ခံကြရ)

သက်ဝေ said...

နားလည်ချင်ယောင် ဆောင်ပြီး ဖတ်လိုက်တယ်...း)))

တီချမ်း said...

တလက်စတည်း ရောက်နေတာနဲ့ပဲ မထူးဘူးဆိုပြီး ရုံးမှာလဲအလုပ်မလုပ်ချင်တာနဲ့ ဒေါ်ချစ်ရဲ့ ပေါ့ပေါ့ပါးပါးတွေ ဘတ်နေတာ ရယ်ရတယ် စိတ်ညစ်နေရင် အဲ့တာတွေပြန်ဘတ်ပေါ့

မဒမ်ကိုး said...

စားရမှာလားမစားရဘူးလားးမမချစ်ကြီးရေး((((((

မိုးငွေ့...... said...

ဘာတွေလဲ အရမ်းမြင့်နေတယ် နားမလည်ဘူး မကြီး......။ ဟို ဒိုးဒိုးမ နာ့မကြီးချိတ်ညစ်နေတာနော် ညည်းက ဘာလာတောင်းစားနေတုန်း...။

Junemoe said...

ဖတ်ပြီး ပြေးပြီ အမရေ...
သွေးတွေခဲကုန်မှာစိုးလို့.. :P

ခင်မင်လျက်
Junemoe

မအိမ်သူ said...

မချစ်ကဗျာကိုဖတ်ပြီးသွားတော့ ဆက်တွေးဖြစ်သွားတာက အသက်ရှင်လျှက်နဲ့ တံဆိပ်တွေကပ် စိတ်ဓါတ်တွေ ဖရိုးဇင်းအလုပ်ခံထားရတဲ့ သနားစရာ သတ္တ၀ါတွေရှိနေသေးတဲ့အကြောင်း..

san htun said...

ကဗျာလေးက မော်ဒန် မိုက်တယ် မမချစ်..

ကိုသက်ဝင်း said...

မချစ်ရေ... လူ့ လောကမှာ နောက်ဆုံးရောက်ရမယ့် နေရာ တစ်ခုပါပဲဗျာ။ ဘယ်လောက်ကြီး ဘာကြီးပဲ ဖြစ်ခဲ့ဖြစ်ခဲ့ တစ်နေ့ကျတော့ စွန့်ပစ်ခံရမယ့် ဘ၀ ပါဗျာ။ ရှိနေတဲ့ အချိန်လေးမှာ လောကကြီး ကောင်းကျိုး ဘာညာ မပြောချင်ပေမယ့် မိသားစုရဲ့ ကောင်းကျိုးလေးတွေ ဖန်တီးပေးနိုင်ရင်တောင် ကျေနပ်ရမှာပါ။
ခင်မင်စွာဖြင့်

ကိုကိုမောင်(ပန်းရနံ့) said...

ကျနော်လဲ မူးတူးတူးဘဲ။း)

သိင်္ဂါကျော် said...

အင်းး
minus အောက် အပြင်ကို မထွက်ချင်လို့
ဒီ လေးထောင့် အခန်းကျဉ်းထဲမှာ ထိုင်နေတာပဲ...

mstint said...

လူ့ဘဝကြီးကိုပိုင်ဆိုင်ခွင့်ရပြီဆိုမှတော့
ဖရိုစင်အလုပ်မခံချင်ရင်တောင် ပုံးထဲမှာ
အချိန်တစ်ခုအထိနေလိုက်ကြရအုံးမှာပါ မချစ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Myat Pan Nwe (မြတ်ပန်းနွယ်) said...

ကျွန်မ ညာဏ်မှီသလောက် နားလည်အောင် ကြိုးစားပြီး ဖတ်သွားခဲ့ပါတယ် မမ ချစ်ကြည်အေး။

ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်

မြသွေးနီ said...

ဒီမှာလဲ စာမကပ်ယုံတမည် ဖရိုးဇင်းလူသားတစ်ယောက်ပါ အစ်မချစ်... :)

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်