Friday, January 21, 2011

အရွက်


ဘယ်သူ တဦးတလေမှ ခေါင်းထက်မှာ မပန်ကြတဲ့အပြင်
လေအဝှေ့ ရာသီအပြောင်း    ရွက်ဟောင်းတွေ ကြွေအကျ    မြေခရပြန်သေးတယ်...

သူ့ရဲ့ သဘော သဘာဝ
ပန်းကလေးတွေ    ပိုလှဖို့    ဝန်းရံရင်းအနား
ကိုင်းအဖျား   ပင်စည်ထက်    ခက်လက်ဝေဖြာရင်း
အဆင်းလှပ    အပွင့်ကလေးတွေ    တပါးသူဆွတ်ခူးတာ ငေးရင်း...
သူဟာ...
နီးလျက်နဲ့ ဝေးနေရ....။


ကဗျာအတွက် ပုံ အသုံးပြုခွင့်ပေးခဲ့သော သူငယ်ချင်း သက်ဝေ အား ကျေးဇူးတင် ချစ်ခင်စွာ...:)


17 comments:

Ko Boyz said...

ဟင်းဟင်း...
ပျောက်ဆုံးသွားသော သပိတ်နုရောင် အချစ်ရက်စွဲ တွေလား...။

ချော(အစိမ်းရောင်လွင်ပြင်) said...

ပန်းပွင့်ရဲ့ သဘောသဘာဝကိုကလည်း အရွက်မပါရင် မလှသလိုဘဲနော်...
ပန်းတစ်ပွင့်ခူးလိုက်လို့ အရွက်ပါဘဲ ရိုးတံနဲ့ အပွင့်ဘဲဆိုရင် တုံးတိတိလို ခံစားရတယ်.
အော် တစ်ချို့လူတွေဟာလည်း ပန်းပွင့်လေးတွေလှဖို့သက်သက် အရွက်ကလေးတွေလို ဘေးကနေ ထောက်ကူပေးနေတဲ့သူတွေ ရှိနေမယ် ထင်တယ်နော်.. ကဗျာလေးဖတ်ပြီး အတွေပွားမိတယ်..

သက်ဝေ said...

ဟုတ်တယ်နော်... လူတွေက ပန်းပွင့်လေးတွေကိုပဲ ဂရုထားနေကြတာ... သူတို့ကို နောက်ကွယ်ကနေ အရောင်ပိုလှလာအောင် ပံ့ပိုးပေးတဲ့ အရွက်လေးတွေကိုတော့ ဘယ်သူမှ သေသေချာချာ သတိမထားမိကြဘူး... အတွေးလေးနဲ့ အရေးလေးကို ကြိုက်တယ်...း))

An Asian Tour Operator said...

သြော်...အရွက် အရွက် :)

Anonymous said...

Are you the flower or the leaf?Some women satisfy representing leaves and some don't.Love the poem and the poet.I've to find out myself leaf or flower.......Gyidaw

Anonymous said...

အမချစ်
ကဗျာလေးဖတ်ရတော့လည်း ခံစားတတ်ကြလိုက်တာ
တော်လိုက်ကြတာ ဗျာ
စစတော့ မြင်သမျှအပင်ကြည့် လှတာ မလှတာ မခံစားဘူး
စားလို့ရ မရဘဲ တွေးလွန်းလို့ ခဏခဏ အဟားခံရဘူးတယ်

ခင်မင်တဲ့
seesein

MrDBA said...

ဝက် သရက်ရွက်တော့ စားလို့ကောင်းသဗျ .. (ဟင် .. )

မောင်လေး said...

မြန်မာပြည်မှာတုန်းကခြံထဲမှာ တံမျက်စည်းလှဲရတော့ ဒီကဗျာကို သိပ်ခံစားလို့
မရဘူးးးးးးး :D

ဇွန်မိုးစက် said...

အယ်..ကံ့ကော်ပန်းလေးတွေကို ကြိုက်တယ်။ အရွက်ရှည်ရှည်လေးတွေက မာမာချာချာနဲ့ ချစ်စရာ။ ကံကော်ဝတ်ဆံမှုန့်အခြောက်နဲ့ရောပြီး သနပ်ခါးသွေးလိမ်းလိုက်ရင် မွှေးမှမွှေးပဲ။

မေဓာဝီ said...

အမြင့်စံကြပေမဲ့
အပွင့်ရံရတဲ့ ဘ၀ပါလေ ... ။

ဟန်မပြင်
မာန်မ၀င်ရက်ပါဘု
မပန်ချင်
ဆံပင်ထက်မှာတော့
ပန်းခက်သာဝေ ... ။

လေအဝှေ့မှာဖြင့်
မြေငွေ့ကို ခိုလှုံစမ်းချင်လို့
နန်းသခင် ပင်အိုထက်ဆီက
သက်ဆင်းလို့ ခ-ကာကြွေ
ကျလေပေါ့ မြေထက်။

မညည်းရက်ပါ
နီးလျက်သာ ဝေးသူမို့
ဆွေးပူကာ မနေအားပါဘု
တပါးသူ ဆွတ်ချူလှမ်းပါမှ
ပန်းမာလာ လှမ်းကာသာ အခေါ်ခက်တယ်
ကွယ် ... မြေခ-သစ်ရွက် ... ။ ... ။
***
မချစ်ကြည် ကဗျာလေး ဖတ်ပြီး ခံစားရသလို ရေးလိုက်ပါတယ်။

ကြည်ကြည် said...

ကံ့ကော်ပန်းမှ ရွေးတင်လား မမချစ်ရယ်..(မချင့်ဲမရဲအသံဖြင့်)

su su said...

အရွက်..ဆိုလို့..ဘာအရွက်ဖြစ်ဖြစ်..စိမ်းစိုနုဖား‌နေတာ‌တွေ့ ရင်စားချင်
လွန်းလို့...အိမ်ကလြူကီးကသြဘာ‌ပေးတယ်၊ ( -ွား )ဘဝကလာတာဖြစ်
မယ်တဲ့..း(

Vista said...

ကံကော်နံ့ လေးရလိုက်တယ်

မိုးငွေ့...... said...

ကဗျာရဲ့အတွေးလေးနဲ့ မမသက်ဝေပုံလေးကထင်ဟပ်နေတယ်...။
အရွက်ဆိုတာ အပွင့်လေးတွေအတွက် ဇာတ်ပို့တွေပါပဲ...။


ခင်တဲ့
မိုးငွေ့

ဆောင်း said...

ကံကော်လေးတွေ လွမ်းမိပါတယ် သနပ်ခါး

ညီမလေး said...

ဟုတ်ပ.. ချစ်ချစ်ရယ် ။ သူ့ကြောင့်ပိုလှသွားစေပေမဲ့ သူ့ကို သတိမထားမိ သူ့ကို ဂရုမစိုက်မိကြဘူးနော် ။ လောကကြီးမှာလဲ အဲ့လိုတွေ အများကြီးနော် ... ။ချစ်ချစ်ရဲ့ အတွေးလေး လှတယ် ။

zue said...

သိပ်မှန်တာပဲ အမရေ... အရွက်.. အရွက်..
စဉ်းစားရင်း ရေရွတ်သွားပါတယ်..း)

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်