Wednesday, April 28, 2010

ဖျားတဲ့ည...

ငါ အစိမ်းရောင် ပြထားတာပဲလေ...
ဒါပေမဲ့ တတိန်တိန် အသံပျောက်....
ချက်နေကျလူတွေ ဘယ်ရောက်ကုန်ပါလိမ့်.....၊

ဂျီမေးလ်ကို ခဏခဏ ရီစတပ် ပြန်လုပ်ရင်း...
ဟင်း....!! နှလုံးသား ကင်းမဲ့လိုက်ကြပုံများ...
ငါ့ကို ဘယ်သူမှ မေးလ်ပို့ မထားကြဘူး.....၊

ငါ ပိုစ့် အသစ် တင်လို့ထား....
နာရီများ ဖြတ်ကျော် ဇီးရိုးကော်မန့် တဲ့....
ငါ့ကို ပမာမခန့် ပြုံးပြနေသေးတယ်.....၊

စီဘောက်စ် ကြည့်တော့လည်း....
တနေပဲ ကုန်လို့မှ တယောက်လာ နှုတ်မဆက်....
ငါ့အသဲ ဟက်တက် ရက်စက်လိုက်ကြပုံ....၊

အလို....
ကိုယ်တွေပဲ ပူလာသလိုလို...
ခြေဖျားတွေ အေးခဲ ဘယ်မှလည်း မရွေ့ချင်....
ကွန်ပျူတာရှေ့ ကြောင်တောင်ငေး....
သွေးလေ ချောက်ခြား....
ဘေလာ့ဂ္ဂါ ဖ်ားတဲ့ည....။




Update: ကျမရေးခဲ့တဲ့ လူ-အမဲလိုက်ခြင်း ပိုစ့်ထဲက အမျိုးသမီးက Corrective Training ၆နှစ် ကျခံသွားရပါတယ်။
Corrective Training က Jail Terms ထက် ပိုပြင်းထန်ပြီး လျှော့ရက် မရှိ နှစ်အပြည့်ကျခံရမှာ ဖြစ်ပါတယ်။

30 comments:

  1. တကယ်ဖျားနေတာလား၊
    အုံဖွ...အုံဖွ... ပျောက်စေ။

    ReplyDelete
  2. စပ်လဲစပ်တတ်တယ် ခါတိုင်းတော့ ကွန်မန့်မရေးခဲ့ပေမဲ့ ဒီတခါတော့ အမဖျားမှာစိုးလို့ ရေးသွားပါတယ်အမရေ ဟားဟားD
    စာဖတ်သူတဦး

    ReplyDelete
  3. ဒါကြောင့်မို့လို့ ဂျီပုန်းဘဲလုပ်တယ် စိမ်းနေရဲ့သားနဲ့ခေါ်မဲ့သူမရှိတဲ့ ဘဝကို မခံစားနိုင်လို့ပါ။

    မေးလ်ဘဲဘယ်သူမှ မပို့ကြပါဘူး. ကိုယ်ကလဲမပို့ဖြစ်ဘူးလေ. အဲသတော့ဖဘမှာဝင်ရေးဖြစ်ပါတယ်။ စာလေးဘာလေးပြန်လာတာပေါ့။

ီဇီးရိုးကော်မန့်ကို မံခံစားနိုင်လို့ လူလစ်တဲ့သန်းကောင်မှ ပိုစ်တင်ပါတယ် ဘာကွန်မက်မှမလာလဲ အေးလေ သူများတွေ အိပ်ကုန်ပြီဘဲ ဘယ်ရေုးနိုင်ပါ့မလဲလို့တွေးလိုက်ရင်စိတ်ချမ်းသာသွာေးရာ..

    စိဘောက်ကတော့ဖြည်းဖြည်းပေါ့ ရောက်လာယမ်.

    မဖျားချင်တော့လို့ဘလော့တောင်သိတ်မရေးချင်တော့ဘူး.

    ReplyDelete
  4. မဖျားအောင်လို့..ကွန်မန့်လာပေးသွားတယ်..
    မမကွမ် ပြောတာ..သဘောကျပြီး.. ရီလိုက်ရတာ..
    ဒါနဲ့..ဘာလီ ၈ က.. ပုဆိုးအမဲကွက် နဲ့ တင်ပလ္လင်ခွေ ထိုင်နေတာ..( အချစ်) ဆိုတာလား ဟင်..း)

    ReplyDelete
  5. မမကွမ် ကိုလည်း..ဒီမှာပဲ မန့်လိုက်အုံးမယ်.. သူ့ဆီမှာ မန့်ချင်ရင်..ဓါတ်လှေခါး နဲ့ ဆင်းမှ ရမှာ.. မို့..
    ထမင်းသုပ် နဲ့..ခေါက်ဆွဲသုပ် ကို ကြည့်ပြီး တကယ့်ကို သွားရေ ယို သွားတယ်.. မမကွမ်..

    ReplyDelete
  6. အစ်မချစ် တကယ်ဖျားတယ် ထင်သွားတာ။

    တကယ်လည်း ဖျားနေတာကိုး။ :P

    ReplyDelete
  7. nice post :)

    reader

    ReplyDelete
  8. ကဗျာလေး ကြိုက်သွားတယ်..
    တစ်ခါတလေတော့လည်း ဒီလို ခံစားချက်တူဖူးလို့..

    ReplyDelete
  9. အမှန်ပါဘဲ...ကော်မန့်  လေးတွေမြင်၇င်သိပ်ပျော်တာအမ၇ယ်
    ကိုယ့်အတွက် သူတို့ အချိန်ပေး၇ှာတယ်ဆိုပြီး ပီတိတွေဖြစ်လို့ 
    မလာတော့လည်း..နားလည်ပေးပါတယ်...အားလုံးက အချိန်လုနေ၇တဲ့ သူတွေလေ..မအားတဲ့ ကြားက စာလေးတွေေ၇းတင်နေကြတာကိုကျေးဇူးတင်ပါတယ်ဗျာ

    ReplyDelete
  10. အမရေ ကွန်မန့်တော့ ဘယ်တော့မှ မရေးပါဘူး ။ အမြဲတမ်း စာလာဖတ်ပါတယ် ။ ကဗျာလေး ကောင်းတယ်အမ ။ မဖျားနဲ့တော့နော်။

    ReplyDelete
  11. ဟိဟိ...လုပ်လိုက်မှဖြစ်.. .
    နောက်ဆို တွေ့တာနဲ့ ခေါ. .အဲလေ. .ခေါ်ပြီသာမှတ် . .
    မေးလ်ကတော့ ဘယ်သူ့မှ မပို့ဖြစ်ဘူး. . .စိတ်မကောင်း
    ငိုနဲ့တော့. . .တိတ်တိတ် . .
    ဖျားလည်း ဖျားနဲ့တော့. . ငါ့အမကြီး. . .ဟီးဟီး။

    ReplyDelete
  12. ဆေးခါးကြီး လာတိုက်ပါတယ် မမ။ :))

    ReplyDelete
  13. comment comment comment ................................
    :)

    CTM

    ReplyDelete
  14. မကြီးအေး.....
    နောက်မဖျားနဲ့တော့....တိလား........း))
    အနော်ကော်မန့်ရေးပေးမည်.......။
    ဟိ........
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  15. ဟာ... အမ
    comment မရေးပေမဲ့ အမြဲဖတ်တယ်...
    ဖျားနဲ့တော့...
    ^_^

    ReplyDelete
  16. မြဲရေးနေတာပဲကို ...ဟွင့် ဟွင့် 

    ReplyDelete
  17. ကျန်းမာရေး ဂရုစိုက်ပါ..... ဘလော့်ဂါ ချစ်မရေ...။
    ဒီလောက် ဖြစ်နေတာတောင် ကဗျာတပုဒ်က တက်လာသေးတယ်နော်။ အံ့ရော....... ချစ်မ..း)

    ခင်မင်လေးစားလျှက်
    ဒဏ္ဍာရီ

    ReplyDelete
  18. အေးလေ... ပြောလိုက်ပါ Vis ရယ်...
    အမြဲရေးနေတာပဲ ဟာကို.... ဖျားရတယ်လို့...

    ကိုကြီးကပြောတယ်... ဒီလို အဖျားမျိုးအတွက် ဆေးရှိသေးဘူးတဲ့...
    ဒီတော့ မဖျားအောင်နေပါ သူငယ်ချင်း...း))

    ReplyDelete
  19. ဖျားရဲဖျားကြည့်စမ်း ရွှေမြင်တင်ဘလော့..အဲလေ..ဆေးနီမှုန့်ရှိတယ်

    ReplyDelete
  20. မဖျားပါနဲ့ဗျာ-
    ကျနော့်ကွန်မြူတာကလေးပျက်နေလို့ပါ။

    ReplyDelete
  21. မချစ်ရေ...ဒီမှာ ပါရာစီတမော့..။ မြန်မြန်လေးသောက်ပြီး ဘာလီ ဇာတ်သိမ်းပိုင်းလေး လုပ်ဦးနော်။ အဖျားကိုမခံနိုင်ဘူး..။
    ဖတ်ဦးမှာ..မန့်ဦးမှာ...။
    ဟင့်.. ဒါပေမယ့် ကွန်နက်ရှင်လေးများကောင်းခဲ့ရင်ပေါ့...။

    ReplyDelete
  22. မမရေ...ဒီလိုသာဖျားကြေး ဆိုရင်တော့ နလန်ထဖို့တောင် လမ်းမမြင်ဘူး...အိပ်ရာထဲမှာပဲ လူမမာလုံးလုံး ဖြစ်နေတော့မယ် ထင်တယ်...:)))

    ဂျင်ဂျင်း

    ReplyDelete
  23. သူငယ်ချင်း ကြည်အေး နေလေး ကောင်းဘို့
    ရွှေစင်ဦးလေး မန့်လိုက်တယ်နော် gtalk ထဲမှာ accept လုပ်ထားပါတယ် ဒို့ ကိုက မဝင်ဖြစ်တာနော်

    သူငယ်ချင်းရေ ကဗျာဆရာ တွေဒုက္ခရောက်သွားအုန်း သူငယ်ချင်း ကဗျာလေး တွေက တော်ရုံကဗျာ ဆရာလိုက်မမှီဘူးနော် တကယ်ပြောတာ

    ခင်တဲ့
    ရွှေစင်

    ReplyDelete
  24. ဘလော့ဂ်နမိုးနီးယားဖြစ်နေတယ်ထင်တယ်။ ဒါမျိုးက ကုရခက်တယ်နော်. သတိထား.။

    ReplyDelete
  25. ဘလော့ဂ်ဂါဖျားတာ ကဗျာတောင် ဖြစ်သွားတယ်နော်...... :))

    ReplyDelete
  26. ကဗျာလေးက ဘလော့ဂါတွေ အားလုံးရဲ့ ခံစားချက်ကို ဖွဲ့ဆိုထားတယ်ထင်တယ်။ ကျွန်မတော့ G-talk ကို တခါမှ မ၀င်ဖြစ်ဘူး။ G-mail စစ်ရင်တော့ အမြဲတမ်း offline လုပ်ထားတာများပါတယ်။ C-box နဲ့ ပတ်သက်တဲ့ ခံစားချက်ကတော့ ထပ်တူကျပါတယ်။ လူငါးရာလောက်လာလည်တာတောင် နှုတ်ဆက်တာ ငါးယောက် မပြည့်တဲ့ ပို့စ်တွေရှိပါတယ်။ မှတ်မှတ်သိသိပဲ ပို့စ်တခုမှာ လူသုံးရာလောက် တနေ့တည်းလာလည်သွားတယ်၊ လာတဲ့လူအရေအတွက်ကို ပြောတာ ၀င်တဲ့ အကြိမ်ကို hit counter မှာ လာထိတာကို ပြောတာမဟုတ်ဘူး ၀င်တဲ့အကြိမ်က ဒီထက်ပိုများတယ်။ ဒါေC-Box မှာ တယောက်ပဲ နှုတ်ဆက်သွားတယ်။ အဲဒီတော့ ကိုယ့်ထက်ပို အဖျားကြိးတဲ့သူလည်း ရှိသေးတယ်လို့ မှတ်ပါနော့်။

    ReplyDelete
  27. အော်...စာပေသမားများ..ဘလော့ဖျားဖျားတာတောင်ကဗျာလေးနဲ့နော်။
    ခံစားချက်ခြင်းတူတယ်အမချစ်ရေ..။

    ခင်တဲ့
    သဒ္ဓါ

    ReplyDelete
  28. သတင်းမေးသာ လာရတယ်
    အားတော့နာတယ်
    ဒီက ရောဂါကျွမ်းနေတဲ့ နာတာရှည်
    အဟွတ် အဟွတ်
    ဆောရီး

    ReplyDelete
  29. :D ...
    မမကဗျာလေးက ချစ်စရာ ... လောကဓံဖျားလေး :P

    ReplyDelete
  30. နေပြန်ကောင်းတဲ့အချိန်မှရောက်လာတယ်ဗျား)

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...