Saturday, April 17, 2010

ပီတိပန်း...


ကျမ မီးဖိုထဲရောက်နေတုန်း အိမ်ရှေ့က ကျမနာမည် ခေါ်သံကြားလို့ ထွက်ကြည့်တော့မှ ရင်းနှီးချစ်ခင်ရတဲ့ အမဆိုလည်းဟုတ်၊ သူငယ် ချင်းဆိုလည်း ဟုတ်တဲ့ ဇနီးမောင်နှံ ဖြစ်နေ ပါတယ်။ မျှော်လင့်မထားတာမို့ အံ့ဩဝမ်းသာရင်း နှစ်ဆန်းတရက်နေ့မို့ ဘုရားပန်းလာလှူတာ လို့ ဆိုပြန်တော့ ပိုလို့ ကြည်နူးသွား ရပြန်ပါတယ်။ ဟိုး အရှေ့ဖျားကနေ ကျမနေတဲ့ အနောက်ဖျားကို ခုလို တကူးတကန့် လာပေး ရှာတဲ့ စေတနာ...တွေးမိရင် ပီတိဖြစ်ရပါတယ်။



ဒါနဲ့ သူတို့လည်းပြန်ရော ဘုရားပန်း အသစ် ချက်ချင်းလဲလို့ ရင်ထဲက ပီတိကို စာအဖြစ် အသွင်ပြောင်းချလိုက်ရပါတယ်။ အဲဒီအမက ကျမဘလော့ဂ်ကို ဖတ်သာနေတယ် ကျမ ရေးနေမှန်း မသိသူပါ။ တလောက ကျမ ဧည့်ခန်းပုံပါတဲ့ ပိုစ့် ဖတ်မိတော့မှ ကျမရေးနေမှန်း သိသွားခဲ့တာ။ ခင်ရာဆွေမျိုး ဆိုသလိုပါပဲ အဆွေခင်ပွန်းကောင်းရှိရင် လောကကြီးမှာ နေရတာ ကျေနပ်စရာပါ။

ဒီပိုစ့်လေးနဲ့ ကျေးဇူးတင်ခွင့်ပြုပါ...:) အကို ANO နဲ့ အမ NNT တို့ ရေလို ပန်းလို အေးမြ လန်းဆန်း နိုင်ကြပါစေရှင်...

13 comments:

  1. ကြည်နူးချမ်းမြေ့ရပါတယ်၊ ကုသိုလ်တွေလည်း မျှပါနော်။

    ReplyDelete
  2. ကြည်ညိုသပ္ပာယ်သွားပါတယ် အစ်မရေ။ ပန်းတွေတကူးတကလာပေးတဲ့ အစ်မသူငယ်ချင်းဇနီးမောင်နှံရဲ့ ခင်မင်မှုစေတနာကိုလည်း မြင်ယောင်လေးစားမိပါတယ်။

    ReplyDelete
  3. ပန်းရှားတာကတော့ ပြောမနေနဲ့ အမရေ။
    ကျနော်လည်း ပြီးခဲ့တဲ့ လက ဘုရားပန်းလှူဖို့ နှင်းဆီ အနီရောင်လေး လိုက်ဝယ်တာ တော်တော် ရှာရတာပဲ။
    ဒီမှာက ဘုရားကို ပန်းမှ မလှူကြတာလေ။
    လှူတဲ့ ဇနီးမောင်နှံရော ၊ ချစ်မကြီး ဇနီးမောင်နှံပါ နှစ်သစ်မှာ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ . . .

    သာဓု . . . သာဓု. . . သာဓု . .

    ReplyDelete
  4. သာဓု သာဓု သာဓု ရေလိုအေးလို့ ပန်းလိုမွေးပါစေ၊ ပျော်ရွှင်အေးချမ်းမှုအပေါင်းနဲ့ပြည့်စုံတဲ့ နှစ်သစ်မင်္ဂလာဖြစ်ပါစေ။

    ReplyDelete
  5. အမရေ.. ပန်းတွေဝေနေတဲ့ ဘုရားစင်ကို ကြည့်ရတာ သပ္ပါယ်လိုက်တာ.. ဘုရားပန်းကို အဲဒီလို ဝေေ၀ဆာဆာ ထိုးချင်တာ.. သစ်ခွပန်းတွေကလည်း လှလိုက်တာ.. ဓာတ်ပုံကြည့်ရတာနဲ့တင် စိတ်ထဲ အေးချမ်းပြီး ပီတိဖြစ်ရတယ်.. :)

    ReplyDelete
  6. ဘုရားစင်ကလေးကလေးကရှင်းပြီးဘုရားကလည်းသပ္ပါယ်လိုက်တာဗျာ-
    ရင်ထဲအထိဋ္ဌကည်နူးသွားတယ်-
    နှစ်သစ်မှာအားလုံးပျော်ရွှင်ကြည်နူးနိုင်ကြပါစေ - - -

    ReplyDelete
  7. တကူးတက လာပို့တဲ့ စေတနာက တန်ဖိုး မဖြတ်နိုင်ဘူး။ နောင်ဘ၀မှာ ဒီလို မိတ်ဆွေမျိုးတွေနဲ့ ရေစက်ဆုံရမှာ အသေအချာပေါ့။ ကြည်နူးစရာ..။

    ReplyDelete
  8. ဘုရားစင်မှာ အပေါ်ကအမိုးမရှိဘူးလားဗျ။ ပိတ်စလေးနဲ့ အမိုးလုပ်ပေးထားပါလား။ အမိုးလုပ်ဖို့မလွယ်ရင် ဖွင့်၊ ပိတ်လုပ်လို့ရတဲ့ ထီးနှစ်လက် လှူထားပေးပါလားဗျ။ ပိုပြီးကြည်ညိုသပ္ပါယ်ဖို့ကောင်းတာပေါ့။

    ReplyDelete
  9. မြန်မာဘုရားစင်လေးကို ဖူးခွင့်ရလိုက်တာကိုက ကြည်နူးဖွယ် ရာပါပဲ။ နှစ်သစ်မှာ အမ မိတ်ဆွေတွေလည်း မွန်မြတ်တဲ့ ကုသိုလ်လေး လုပ်ဖြစ်သွားပြီပေါ့။

    နှစ်သစ်မှာ ပျော်ရွှင်နိင်ပါစေ

    ReplyDelete
  10. မမရေ...ရီတော့ ရီရတယ်နော်...မမတို့အိမ်ကို ရောက်ရောက်နေပေမယ့် ဘုရားခန်းဝင်ပြီး ဘုရားကိုကြည်ညိုဖို့သတိမရခဲ့ဘူး...
    အခု ဘလော့ဂ်ပေါ်တင်မှပဲ ဘုရားကို လာဖူးမြော်သွားတယ် :)))

    ဂျင်ဂျင်း

    ReplyDelete
  11. တို့ကတော့ ဂျင်ဂျင်းထက်သာတယ်၊ ဟိုနေ့က လူမသိ သူမသိအောင် ဝင်ရှိခိုးလိုက်တယ်။

    ReplyDelete
  12. ပြောဖို့ကျန်ခဲ့တယ်၊ ကျနော်စင်္ကာပူမှာ ပထမဦးဆုံးတွေ့ဖူးတဲ့ ဘုရားခန်းပါ။

    ReplyDelete
  13. ကြည်ညိုစရာ ဘုရားစင်လေးပါလား အစ်မရယ်..။
    ပန်းလှူတဲ့ မချစ်ရဲ့ မိတ်ဆွေတွေ ကုသိုလ်ရကြမှာပါ။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...