Friday, February 26, 2010

အမှိုက်ပုံများ....

ကျမတို့ တိုက်အောက်ထပ် ဓါတ်လှေကား နဲ့ ဓါးလွယ်ခုတ် နေရာလောက်မှာ စွန့်ပစ်ပစ္စည်း တချို့ မကြာခဏ ဆိုသလို တွေ့ တွေ့ နေရ တယ်။ ဘီရို၊ ဆိုဖာ၊ တီဗီ၊ မွေ့ယာကအစ တခြား ပစ္စည်း အဟောင်းလေးတွေပါ ပါတယ်။ တကယ်ဆို လှေကားလေး ၃ထစ်လောက် ဆင်းပြီး ဘယ်ဘက်ချိုးလိုက်ရင်ပဲ ရီဖျူ့စ်ဧရိယာကို ရောက်ပြီ။ ဒါပေမဲ့ လူတွေက အဲဒီအထိ အပင်ပန်း မခံကြတော့ဘူး။ လွယ်လွယ် ကူ ကူပဲ ပစ်သွားခဲ့ကြတာ များတယ်။ ဒီတော့ အမှိုက်သိမ်းသူ တွေ လာ မသိမ်းမချင်း ခြေထောက်ပါတဲ့ လမ်းသွားတွေကပဲ ခြေထောက်မပါ၊ မျက်စိမရှိတဲ့ စွန့်ပစ်ပစ္စည်းတွေကို ကျော်ခွ ရှောင်ရှားပြီး သွားနေကြရတယ်။ လူတွေများ နဲနဲမှကို အားမထုတ်ချင်ကြ တော့ဘူး။

အဲဒီ အပုံကြီးကြည့်ရင်း ကျမတို့ရွာ လမ်းထောင့်က အမှိုက်ပုံကြီး ပြေးသတိရမိတယ်။ အမှိုက် ပုံကြီးရဲ့ ဘေးနားမှာ မျက်စိစုံမှိတ်ထားတဲ့ ခပ်ကုပ်ကုပ် ဆိုင်းဘုတ်လေးတခု ရှိနေတတ်သေး တယ်။

ဤနေရာတွင် အမှိုက် မပုံရ
ပြင်းထန်စွာ အရေးယူမည်

ပုံ / ရဝတ

အဲဒါမျိုးလေ...။ တော်တော်များများ တွေ့ဖူးကြမယ် ထင်ပါရဲ့ ။ လူတွေကဖြင့် အဲဒီဆိုင်းဘုတ် လေး ထင်းမီး လုပ်မပစ်တာပဲ တော်လှ...။

ရွာပြန်လို့ကတော့ ဗိုလ်ချုပ်ဈေး သွားပြီး ဂုံးတံတားအောက်က ဒုတ်ထိုးနဲ့ ကြာဇံ၊ ကော်ပြန့်စိမ်း၊ မုန့်စားတန်းက အုန်းနို့ ကျောက်ကျော ဆိုတာများ မစားမဖြစ် စားရမှ။ ပြောရင်းနဲ့ကို ဦးကြွိ ဘဲပေါင်း ဆီချက် လေး လွမ်းမိသား။ ဒံပေါက် ဆိုလည်း ကြက်လျာစွန်းကမှ၊ ရွှေပုဇွန် က ဒိုမီနို အဲသလို ကျမ ကြိုက်တဲ့ အစာ၊ ရွာစာလေးတွေ တနေ့ တမျိုး လှည့်စားဖို့ မပြန်ခင်ကတည်းက စာရွက် နဲ့ကို ချရေးထားတာ တကယ် တကယ် အဲဒါ မယုံရင်​ ‌​အိမ်က လူကြီး မေးသာကြည့်...

သူငယ်ချင်းတွေများ ညစာ လိုက်ကျွေးမယ် ဆိုရင်ကို စိတ်ပျက်တာ၊ ကိုယ်စားချင်တာ မှ​‌​ မစား ရတော့ပဲကိုး။ သူတို့ လိုက်ကျွေးလေ့ရှိတဲ့ နေရာတွေက ကန်တိုမင် ပန်းခြံထဲက ရှမ်းကန်၊ ကန်တော်ကြီးထဲက ဝှိုက်ရိုက်စ် (White Rice)၊ ရွှေဘဲ၊ Western Park ၊ Feel တို့လို ဆိုင်တွေ မှာ ဆိုတော့ ကျမ စားချင်တာမျိုး မဟုတ်ဘူးလေ။

ကျမ ကြိုက်တဲ့ တဆိုင်ရှိသေးတယ် ။ ကုဋေကြွယ် အထည်ဆိုင်ဘေးနားက ဖျင်အမိုးလေး အောက်မှာ ခုံပုလေးတွေ ခင်းပြီး ရှမ်းမလေး စစ်စစ် ရောင်းတဲ့ ရှမ်းခေါက်ဆွဲ မြီးရှည် လမ်းဘေး ဆိုင်လေးပေါ့။

ဒါပေမဲ့ သူငယ်ချင်းတွေ ကျွေးချင်တာ ကျွေးပါစေလေ ဆိုပြီး သူတို့ ခေါ်သွားတဲ့ ဆိုင်မှာပဲ ငြိမ် စား နေရတယ်။ အားရပါးရ စားနေတဲ့ ကျမကို ဘေးကနေ ပြုံးကြည့်နေတဲ့ သူငယ်ချင်းတွေ စိတ်ချမ်းသာအောင် လည်း စကားလုံးတွေ ပစ်သွင်း နေရ သေးတာ။ "ဟိုမှာဆို ဒါမျိုး မစားရ ဘူး" လို့။ အဲဒါနဲ့ သူတို့က "ဟယ် ဟုတ်လား အေး အေး စား သူငယ်ချင်း" တဲ့...။ ခမျာများ အားတက် သရော ရှိကြပါပေ တယ်။

အိမ်ရောက်ပြန်တော့လည်း အမေက သူ့အချစ်တော် သားမက်ကြီး အတွက် အမျိုးမျိုး ချက်ပြုတ် ကျွေးပြန်ပါရော။ သူ့သားမက်ကို ဂရုစိုက် အဖြစ်သည်းလိုက်ပုံများ "အပြင်ထရံ အတွင်းကာနေတယ်ဗျို့" လို့အော်ပစ်မှ မျက်စောင်းတချက် စားရတယ်။

ဘာပဲပြောပြော နောက်ဆုံးတော့ အမေလည်း ဒီအလုံးကို မခံစားနိုင်ဘူး။
"ဟိုမှာဆို ဒါမျိုး မစားရဘူး" မျက်နှာငယ်လေးနဲ့ ဆိုရင်ပဲ "အေး အေး သမီး ဝအောင်စား အမေ ဘာချက်ထား ပေးရ အုံးမလဲ" ဖြစ်ကရော...။

ဒီလိုနဲ့ ရွာက တခါတခါ ပြန်လာတိုင်း ဗိုက် အမှိုက်ပုံ ဖြစ်ဖြစ်လာတယ်...။

ဘာရယ်လည်း မဟုတ်ပါဘူးလေ တွေးမိတဲ့ အမှိုက်ပုံများ အကြောင်း ပြောပါတယ်...။


ဘဝ အမောတွေ ပြေကြပါစေ...

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...