Friday, March 1, 2024

01032024

 ကိုယ်လည်း တက်တူး အရမ်းခ​ရေဇီဖြစ်တဲ့အထဲ ပါတယ်။ လက်ဖမိုး​ပေါ်က​နေ လက်​မောင်းရင်းအထိ အရွက်ညွန့်က​လေး​တွေ အပွင့်​သေး​သေးနီနီက​လေး​တွေ ​ပေါ်ပီခပ်ဆန်ဆန် ပွင့်ဖတ်အ​ပျော့ပန်းနွယ်က​လေး​တွေ ဆန်ပြီးဖြာတက်​နေပုံ​ပေါ့...၊ 

အဲလိုမျိုး ထိုးခွင့်ရရင် ထိုးချင်တယ်။

ကိုယ့်အမျိုးသားကလည်း နည်းနည်းမှမကြိုက်၊ ကိုယ့်အလုပ်ကလည်း တက်တူးနဲ့ဆို အဆင်မ​ပြေ၊ ကိုယ်ကလည်း အမြဲတမ်း​တော့ လက်ရှည်ဝတ်ပြီး ဖုံးမထားနိူင်ပြန်ပါဘူး။ 

ပြချင်လို့မှ ထိုးပါတယ်ဆို...။

ခွေး​မွေးချင်တဲ့​ရောဂါက​တော့ အ​တော်အတန်ငြိမ်သွားပြန်တယ်၊ အိမ်နီးချင်း​ခွေးက သူမရှိတုန်း တအိမ်လုံးဖွထားလို့တဲ့၊ ဆိုဖာ​တွေလည်း ကိုက်ထား ခြစ်ထားပြန်သတဲ့။ အဲလို​တော့ ကိုယ်နဲ့မဖြစ်​လောက်ဘူး။ ဟိုလူကြီးက​တော့ ​ပြောမ​နေနဲ့​တော့၊ ကိုယ့်ကိုယ်ကို​တောင် ဂရုတစိုက်မစား မအိပ် ​ရေချိုးဖို့​အော်​နေရတာကိုများ တဲ့၊ ​ခွေး​တော့ ​ခွေးဖြစ်ရှုံးဦးမယ် သူ့လက်ထဲ​ရောက်ရင် တဲ့...။

ခုတ​လော တက်တူး​ရောဂါ ပြန်ထ​နေပြန်ပြီ...၊

လာမယ့်​မွေး​နေ့ မတိုင်ခင်ကွာ...

မ​သေခင် ထိုးဖူးတယ်ရှိ​အောင်ကွာ

ဒီဘဝမှာ တက်တူး​လေး​တခု​လောက်​တော့ကွာ..

​နော်...

​ပြောလည်းပဲ သူက​တော့ ခွင့်ပြုချင်ပုံမ​ပေါ်ပါ...။

သူမသိ​အောင် သူ သတိမထားမိ​လောက်တဲ့​နေရာမှာ ထိုးရင်​ရော...၊ မဆိုးဘူးထင်တာပါပဲ၊ သိသွား​တော့လည်း လုပ်ပြီးပြီမို့ သူဘာမှ​ပြောနိူင်​တော့မှာ မဟုတ်၊ ပွစိပွစိလုပ်လည်း ခဏ​ပေါ့ ဆိုတဲ့အကြံနဲ့ တိတ်တိတ်​နေ​နေရတယ်။ 

ရယ်ရတယ် သူနဲ့ကိုယ်က ဘယ်​နေရာမှမတူ...။

ဘာအကြိုက်ချင်းမှလည်း မတူ။

ရုပ်ရှင်မကြိုက်တဲ့သူနဲ့ ရုံမှာကြည့်ရတာကြိုက်တဲ့ကိုယ်၊ ဒီ​တော့ တ​ယောက်ထဲ သွားကြည့်ဖြစ်​တော့တာပါပဲ။ 

တ​နေ့ ကိုယ်​နေတဲ့နိူင်ငံမှာများ ဝိ တရားဝင်​သောက်လို့ရရင် ​သောက်ဦးမှာဆို​တော့ သူက ​ခေါင်းခါပြတယ်၊ နိူး ​နော် ဒါက​တော့ ဆိုတဲ့ပုံမျိုး။ 

အိတ်စကျူ့စ်မီ ဝိ is vege you know ? 

Whatever !

သိသားပဲ သူအဲလို​ပြောမယ်ဆိုတာ၊

Use for recreational purpose...its ok !

No way..not ok

Hummm ok okay,  you win !

ဒီလိုပါပဲ...

​ယောကျာ်းမယူကြနဲ့​ဟေ့

ကိုယ့်ကိုယ်ကို မပိုင်​တော့ဘူးဟ။

မယူခင်က​တော့ ဘာလုပ်လုပ် အလိုလိုက်မယ့်ပုံနဲ့။

ခု​တော့ အကုန်သူ့သ​ဘော။





အိမ်ကပန်းက​လေး​တွေ ကြည့်ရတာပဲ စိတ်ချမ်းသာတယ် အဟုတ်...၊




2 comments:

  1. အတွေးတူအကြံတူ ချစ်စရာအစ်မ....:)
    ဒါနဲ့ သမီးမှာ small tattoo လေး ဆယ့်တစ်ခုထိုးထားတယ်သိလား အပြင်မှာတွေ့တဲ့အခါ ကြွားမယ် ( I will add more and more slowly )

    ချစ်တဲ့
    မိုးငွေ့

    ReplyDelete
    Replies
    1. Wowww ၁၁ခု​တောင်လား . ၊ သ​ဘောကျလိုက်တာ။ ဘာ​လေး​တွေထိုးထားလဲ ကြည့်ချင်​နေမိပြီ 🥰

      Delete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...