ပြောင်းလဲသွားတာတွေထဲ ခရီးသွားတဲ့ပုံစံလည်း တခုအပါအဝင်ဖြစ်တယ်။ ပေါ့ပေါ့ပါးပါး ခရီးသွားရတာ ပိုနှစ်သက်လာတယ်။ အရင်ကဆို မနက်တစုံ၊ ညဘက်ဒင်နာချိန်တစုံ တနေ့အတွက် အဝတ်၂စုံ တွက်ပြီး သယ်သွားတယ်။ ညအိပ်ဝတ်စုံကပါသေး။ ဖိနပ်လည်း၃ရံလောက်သယ်တယ်။ အိတ် ၃မျိုးလောက် သယ်တယ်။ ခုတော့ တနေ့တစုံ၊ ဖိနပ် ၂ရံ၊ အိတ်၂မျိုးကတော့ ကျောပိုးအိတ်ရယ် ထသွားထလာပိစိလေးတအိတ်ရယ်။ လေဆိပ်ရောက်တော့ ချိန်ကြည့်တာ 5kgပဲ ရှိလို့ အတော်အံ့သြရသေးတယ်။ ၅ညအိပ်၆ရက်ကို အဲ့လောက်ပဲ သယ်တော့တယ်။
ပြီးရင် အရင်ကလို မနက်စောစောထ သွား၊ ည မိုးချုပ်မှ ဟိုတယ်ပြန်ရောက်ပြီး အိပ်၊ အဲတာမျိုး ပင်ပန်းရတာမျိုး မလုပ်ဖြစ်တော့ဘူး။ အေးအေးဆေးဆေး နားတယ်။ အခုမှ တကယ့်အပန်းဖြေခရီးနဲ့တူတာ။ အရင်ကဆို ခရီးသွားပြီးပြန်လာရင် ပိုပင်ပန်းတယ်။ ခုကတော့ အနားယူတတ်လာတယ် ပြောရမယ်။ တနေရာရောက်ရင် အေးအေးဆေးဆေးထိုင် ငေး ကြည့် ပြုံး ပြီးရင် စားစရာရှိစားပြီး ပြန်တာပဲ။ ဒေသစာတွေဆို ဒေသခံတွေစားသလို လမ်းဘေးဆိုင်လေးတွေ ရှာစားတတ်လာတယ်။ သန့်လည်းသန့် ဈေးလည်းတော် အရသာလည်းကောင်းတာမျိုးတွေ...။
ဒီတခေါက်သွားခဲ့တဲ့ခရီးကလည်း ကြေနပ်စရာအပြည့်နဲ့ပါပဲ။
ကိုယ်ကြိုက်တာက အဲလို ပွပွဖားဖား လွတ်လွတ်လပ်လပ် ဝတ်ရတာ...။ကိုယ်ကြိုက်တဲ့ အချို Churros 😋
ကာဖီဆိုင်လေးကနေ မြင်ရတဲ့လမ်း
ယူသွားခဲ့သမျှက တီရှပ်ပွပွနဲ့ ဘောင်းဘီတိုနဲ့ 😁
Nyonyaဆိုင်မှာ အကြိုက်ဆုံးထဲက တခု
ဒါက အကိုကြီးက သူ့မွေးနေ့မှာ ကိုယ့်ကို ဝတ်စေချင်လို့ ချက်ချင်းဝယ်ပေးပြီး ချက်ချင်းဝတ်ခိုင်းခဲ့တဲ့ dressလေး။ ကိုယ့်ဘာသာဆို အဲလောက်မိန်းမဆန်တာ ဝယ်ဝတ်ဖြစ်မယ်မထင်ဘူး...။ အရောင်ကလည်း Creamလေး၊ အသားကလည်း ထူထူအိအိမှာ ငွေမျှင်ချည်ကလေးတွေ ဖောက်ယှက်ထားတာ၊ ကိုရီးယားမလေးတွေ ဝမ်းဆက်ဝတ်လေ့ရှိတဲ့အစမျိုး။
အကိုကြီးပန်းသီးနဲ့ မကြီးတို့နှစ်ယောက်လုံးကို သတိရတယ်....
ReplyDeleteမိုးငွေ့
သတိရတယ် ညီမမိုး၊ ရန်ကုန်ရောက်တိုင်း ညီမမိုးနဲ့တွေ့ချင်လို့ လိုက်မေးမိတယ်...
Delete