ဘဝမှာ သင်ယူခဲ့ရတာတွေက များသားပဲ...
နာကျင်မှုတွေလည်း များလွန်းတော့...
အလိုလိုတတ်မြောက်လာခဲ့တာတွေ...၊
စကားတွေအများကြီး မပြောမိအောင်နေတယ်
လူတွေအပေါ် လွယ်လွယ်နဲ့ မယုံတတ်အောင်နေတယ်
ကျောခိုင်းသင့်တာ ကျောခိုင်းထားတတ်လာတယ်
ဘဝအသစ်တခုမှာ မွေးဖွားပေးလိုက်သလိုမျိုး
ကိုယ်မဟုတ်တော့သလိုပဲ
ဒါပေမယ့် ကိုယ်နဲ့ဆက်စပ်သမျှတွေ ငြိတွယ်ကပ်ပါလာတုန်း...အဲသလိုမျိုး...
စိတ်ထဲရှိသမျှ အကုန်အစင်ချမပြဖို့လည်း တတ်မြောက်လာခဲ့တယ်။ နာကျင်ခဲ့ရဖူးတော့...၊
မြတ်စွာဘုရားရဲ့တရားတော်တွေသာ မကယ်ရင် အဲ့တုန်းက ကိုယ်ဟာ ရူးလောက်ပြီ...၊
ခု သေချာတာက...
ကိုယ်ဟာ အရင်ကလို နားလည်ဖို့ သိပ်လွယ်တဲ့မိန်းမ မဟုတ်တော့ဘူး....
ပြီးတော့ ခက်တယ်
တမင်ပဲ ခက်အောင်နေထိုင်ဖြစ်တော့တယ်...၊ လွယ်ရင် လူတွေက တန်ဘိုးချ ဆက်ဆံတတ်ကြတယ်ဟုတ်လား...
ဒီဘဝကိုတော့ နေတတ်မှဖြစ်မယ်လေ...
No comments:
Post a Comment
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်