Thursday, April 9, 2015

အဲဒီနေ့က တိမ်တွေ ရွာခဲ့သလား

သစ်ပင်ထိပ်ဖျားမှာ  တိမ်ဆိုင်တွေ
  ခြေလှမ်းတိုင်းရဲ့နောက်ကို ညင်သာဖွဖွ
လိုက်ကြ....တိမ်တွေ...
ချည်နှောင်တတ်သလား..
တိမ်တွေ..... ညို့ငင်ဖမ်းစားတတ်သလား
အတူတူ လိုက်ပါခဲ့ပါတယ်
စွဲလမ်းမှုအား စကားလုံးများအဖြစ် ရွာ ချ...
စိုတယ်ဆိုရုံလေး...
လက်ဆုပ်လက်ကိုင်ပြစရာ မရှိပါ
ကျွန်မခေါင်းပေါ်က ဖြတ်သွားတယ်ဆိုရုံမျှ...





No comments:

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...