Tuesday, April 22, 2014

လျှပ်တစ်ပြက်အလင်းဖြင့် ဖမ်းဆုပ်မိခဲ့သမျှ - ၁

ကျွန်မ ကင်မရာမကိုင်ဖြစ်တာ အတော်ကြာပါပြီ။  ခုတစ်လောမှ ကင်မရာကို ပြန်ပြီး ဖုန်သုတ်ဖြစ်ပါတယ်။ ကျွန်မ လက်ရှိကိုင်နေတဲ့ ကင်မရာက ကန်နွန် 550-D ပါ။

၂၀၁၀နှစ်စပိုင်းမှာ ဈေးကွက်ထဲရောက်ရောက်ချင်း ကျွန်မမွေးနေ့လက်ဆောင်အဖြစ် ရခဲ့တဲ့ ကင်မရာဆိုတော့ ခုဆိုရင်  လေးနှစ်ကြီးများတောင် ရှိခဲ့ပါပြီ။ လေးနှစ်သားကင်မရာလေးဟာ ကျွန်မလက်ထဲမှာ အတော်အတန်ကြီး ကျနေခဲ့ပါပြီ။ ဘာကြောင့်ရယ်မသိ ခုနောက်ပိုင်း ရိုက်လိုက်တဲ့ပုံတိုင်းရဲ့ ၂၀ရာခိုင်နှုန်းလောက်သာ စိတ်တိုင်းကျပြီး ကျန်တာတွေက ဘာလိုနေမှန်းမသိအောင် စိတ်ထဲ မကြေမလည် ခံစားရစေတဲ့ပုံများပါပဲ။  ကျွန်မကပဲ မျက်လုံးမကောင်းတော့လို့များလား၊ Manual Focus ချိန်တဲ့အခါတိုင်း မပြတ်မသားလိုလို၊ ပြတ်သားသွားသလိုလို မျက်လုံးထဲ ခပ်ဝါးဝါးရယ် ဖြစ်နေတော့တာပါ။

 နောက်ကင်မရာအသစ်တစ်လုံး လိုချင်တဲ့ရောဂါကလည်း အတော်လေးရနေတော့ ဒီရောဂါကို မေ့အောင် ခုတစ်လော ဒါလေးနဲ့ပဲ ရိုက်လိုက်ပါဦးမယ်လေ၊ ပုံကောင်းလေးတွေ ထွက်လာလို ထွက်လာငြားပေါ့ဆိုပြီး ဟိုရိုက် ဒီရိုက် စိတ်ဖြေရိုက်လေးနဲ့ စခန်းသွားနေဖြစ်ပါတယ်။ ဖြည်းဖြည်းတော့ ဝယ်တာပေါ့ နော်  :)

ခုလောလောဆယ် ကျွန်မကင်မရာအဟောင်းလေးနဲ့ ရိုက်ထားသမျှထဲက ကောင်းတယ် (လို့ ကျွန်မ) ထင်ရတဲ့ ပုံလေးတွေ မျှဝေချင်ပါတယ်ရှင်။












ပထမပုံ ၂ပုံကို ဂျူရောင်းငှက်ဥယျာဉ်မှာ ရိုက်ခဲ့တာဖြစ်ပြီး အောက်လေးပုံကိုတော့ ငါးပြတိုက်မှာ ရိုက်ခဲ့တာပါ။  (ကျွန်မအတွက်တော့) အင်မတန်ရိုက်ရခက်တဲ့၊  ရိုက်လိုက်တိုင်းလည်း မှုန်ဝါးဝါးသာပေါ်တဲ့ ဂျယ်လီငါးတွေ ဖြစ်ပါတယ်။ ဒီတစ်ခါတော့ မဆိုးလှဘူးလို့ ထင်မိတယ်ရှင့်။

ဂျယ်လီငါးတွေအကြောင်းကို စိတ်ဝင်စားရင်တော့ ဒီလင့်ခ်  Jellyfishမှာ ဖတ်ကြည့်နို်င်ပါတယ်ရှင်။


 ပုံတွေကို ဘလော့ဂ်မှာတင်ရတာ အဆင်ပြေအောင် ဆိုက်ရှော့ထားလိုက်ပါတယ်။  နောက်ပုံလေးတွေ ရှိပါသေးတယ်။ ဆက်တင်ပေးပါဦးမယ် :)

****  ဂျယ်လီငါးတွေတွေ့မှ ဂျယ်လီငါးသုတ်စားခဲ့ဖူးတာ သတိရတယ်။ သူတို့ နုညံ့ပုံလေးတွေ၊ သူတို့ ပါးလွှာပုံလေးတွေ ကြည့်ပြီး သနားလိုက်တာ။ နောက် မစားတော့ဘူးလို့ စိတ်ကူးမိတယ်။ ပြောသာ ပြောရတယ်၊ စားခဲ့တုန်းက အရသာကို မှတ်မိသလောက်ပြောရရင် ရော်ဘာမျှင်လေးတွေ ဝါးနေရသလိုပါပဲ  :)



6 comments:

  1. ပုံလေးတွေမိုက်တယ် အစ်မချစ်…၊
    ပထမဆုံး ပုံထဲက ငှက်ကလေးကို ကျနော်လည်း ရိုက်ခဲ့သေးတယ်၊ မကြာခင် တင်မယ်…။း)

    ReplyDelete
  2. ကင်မရာအစုတ်သာဆိုတယ် ပုံလေးတွေက ကောင်းလိုက်တာ မ ရေ. ဂျယ်လီငါးက အဆိပ်ရှိတယ်ဆို.

    ReplyDelete
  3. ပုံတွေကလဲ ကြည်လင်တယ် အေးချမ်းတယ်။ အမရဲ့ မျက်နှာလေးလိုပဲ မြှောက်ပြောတာမဟုတ်။

    ReplyDelete
  4. နောက်ဆုံးရဲ့ ရှေ့က (ဘိတ်ရှေ့) တစ်ပုံပဲ ကြိုက်တယ်။ ပထမဆုံးပုံက iso အရမ်းများ ပြီး noise တွေထနေ လို့လားတော့ မသိဘူး။ နောက် ဒေါင်းပုံက ကာလာတွေ အရမ်းတောက် နေသလားလို့ ... သိပ်မကြိုက်ဘူး composition ကြောင့်များလားတော့ မသိဘူး။ အဲ့ ဘိတ်ရှေ့ ဂျယ်လီငါးပုံလေး ကြိုက်တယ်။ ကျန်တဲ့ ဂျယ်လီငါးပုံတွေက ဖိုးကပ် တစ်မျိုးဖြစ်နေသလိုပဲ။ ဓာတ်ပုံ ပညာရှင်လိုမျိုး မဟုတ်ပဲ သာမန် မျက်စိနဲ့ပဲ ကိုယ့်အထင်ကို ပြောကြည့် တာပါ။ အဲ့ ငှက်တွေ၊ ဂျယ်လီ ငါးတွေ က ရိုက်ဖို့ တော်တော် ခက်လို့နေမှာ။ ကွန်တော် ဂျယ်လီငါး တွေကို ရိုက်ကြည့်ဖူးတယ်... အရမ်းဝါးတားနေပြီး ... အခု အစ်မရဲ့ ပုံတွေလို ကောင်းကောင်း တစ်ပုံမှ မရဘူး သေးဖူး ။ နောက်တစ်ခါ ကင်မရာ အသစ်ဝယ်ရင် full frame တစ်ခုခု ဝယ်ပါလား။
    http://snapsort.com/compare/Canon-EOS-6D-vs-Nikon-D750

    ReplyDelete
  5. ကိုရန်နိုင်အေး
    ကျေးဇူးပါ။ ကျွန်မလည်း ဓါတ်ပုံပညာနားလည်လို့ မဟုတ်ပါဘူး။ အရောင်တွေများတာက ကန်နွန်ကင်မရာက ပုံထွက်အရောင်ဖျော့တယ်ဆိုပြီး ကျွန်မအရောင်တင်လိုက်တာ များသွားဟန်တူပါတယ်။ ဂျယ်လီငါးတွေ ရိုက်ရတာခက်တယ် မဆိုသာပေမယ့် ပုံကောင်းရခဲတယ်ရှင့်။ ကျွန်မလည်း အတော်စိတ်လက်ရှည်ရှည်ထားပြီး စိတ်ကြိုက်ရအောင် ရိုက်ခဲ့တာပါ။ ကင်မရာ အယူအဆ ဓါတ်ပုံပညာ အများကြီး လိုနေဦးမှာပါ။ ကင်မရာအသစ်ဝယ်ဖို့တော့ စဉ်းစားနေတယ်။ လက်ရှိကင်မရာမှာပါတဲ့ ဖန်ရှင်တွေတောင် တကယ်မသိတာတွေ အများကြီးရယ် :)

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...