ကျွန်မက အိတ်ဝယ်မယ်ဆိုကတည်းက ခပ်ကြီးကြီးပဲ ဝယ်ဖို့စဉ်းစားသူဆိုတော့ကာ ခပ်များများ ထည့်တော့မယ်ဆိုတာ ပြောစရာကို မလိုတော့တာပါ…။ တစ်ခါမှတော့ ဘာတွေရှိပါလိမ့်ဆိုတဲ့အတွေးနဲ့ သွန်ချမကြည့်ခဲ့ဖူးပါဘူး။ ခုတော့ သူငယ်ချင်းသက်ဝေကောင်းမှုနဲ့ သွန်ချကြည့်မိတဲ့အပြင် ဓါတ်ပုံကလေးရိုက်လို့ စာတွေတောင် ဖွဲ့ဖို့ဖြစ်လာရပါတော့တယ်။
ကျွန်မ အိတ်ထဲမှာ….
၁) ဖတ်လက်စစာအုပ်တစ်အုပ် - ဆရာဦးမင်းဒင်ရေးတဲ့ ဖြစ်ပျက်ရှာပုံတော် ခရီးသည် (သူငယ်ချင်းဆီက ငှားလာတာမို့ ဟိုက်စပိနဲ့ ဖတ်နေဖြစ်)
၂) ပိုက်ဆံအိတ်အလတ် အညိုရောင် တစ်လုံး၊ အဲဒီထဲမှာတော့ ပိုက်ဆံတစ်ချို့အပြင် ဝယ်ပြီးသား ဖြတ်ပိုင်းတွေလည်း ရှိ၊ လိပ်စာကပ်ပြားတစ်ချို့လည်း ရှိ၊ ဖက်ရှင်ဆိုင်၊ အဝတ်အထည် ဆိုင်တွေက တန်ဘိုးတစ်ခုထိဝယ်ရင်ပေးလေ့ရှိတဲ့ မန်ဘာကဒ်တွေလည်း ရှိလေရဲ့….(တကယ်တော့ သိပ်အသုံးမတည့်လှတာတွေ များပါတယ်)
၃) နောက် ပိုက်ဆံအိတ်သေးသေးလေးတစ်လုံးက ခရက်ဒစ်ကဒ်၊ မြန်မာမှတ်ပုံတင်၊ စင်္ကာပူပီအာကဒ်၊ ကား-ရထားစီးတဲ့ ကဒ်၊ ဖုန်းကဒ် ဒါတွေ ထည့်ထားတယ်။
၎) မျက်မှန် ၃လက် - တစ်လက်က အဝေးကြည့်၊ နောက်တစ်လက်က ရေဘင်တံဆိပ်နေကာ မျက်မှန် (အိမ်ကလူ ဝယ်ပေးတာ - ဒါကတော့ ကြော်ငြာ)နဲ့ နောက်ဆုံးတစ်လက်က ပါပါလာဇီတွေ စတော့ကင်းလာရင် ရုပ်ဖျက်ဖို့ ကိုရီးယားဒီဇိုင်း ဖန်စီမျက်မှန်….:)
၅) နားကပ် ၅ စုံ - အဲဒါတွေက ဘာရယ်မဟုတ်၊ အိမ်ကနေ ဝတ်ဖို့ မေ့သွားရင် လမ်းရောက်မှ လိုက်ဖက်ညီတဲ့တစ်စုံ နားထဲ ကောက်ထည့်ဖို့…
၆) CK ရေမွှေး အိတ်ဆောင်- 15 ml တစ်ဘူး၊ သူကလည်း အဲ့လိုပဲ၊ အိမ်ကနေ ရေမွှေး ဆွတ်မလာဖြစ်ခဲ့ရင် သုံးရအောင်….
၇) ချစ်မိတ်ဆွေတစ်ယောက်လက်ဆောင်ပေးထားတဲ့ မှန်ဝိုင်းလေး တစ်ချပ် (ဂျပန်ပြန်လက်ဆောင်လေးပါ)
၈) ကီးချိန်းလေးနဲ့တွဲထားတဲ့ PNY မယ်မိုရီတောင့်အစိမ်းလေး တစ်ခု (ဘာတွေ သိမ်းထားတယ် ဆိုတာတော့ လာမမေးနဲ့ အသေသာ သတ်လိုက်)
၉) တီးဂါးကျားကလေးပုံနဲ့ သုံးလက်စ တစ်ရှူး တစ်ထုပ်
၁၀) Skin foods က နှုတ်ပက်လေးတစ်ခု
၁၁) ခရမ်းရောင်ပန်းပွင့်လေးတွေပါတဲ့ သုံးဆစ်ချိုးခေါက်ထီးတစ်လက် (စလုံးမိုး အစိုးမရမို့လား)
၁၂) Ibanking remote ဒီဘီအက်စ် တစ်ခု
၁၃) ရှူဆေး တစ်တောင့်
၁၄) နှုတ်ခမ်းအဆီ တစ်ဘူး
၁၅) နှုတ်ခမ်းနီ နှစ်ဘူး (နှစ်ဘူးလုံးက အရောင်ဖျော့တွေ)
၁၆) ဆေးအရည်ချိန်တွယ်သောက်ရတဲ့ 5ml -10ml အဲသလို ဇွန်းဖျားကလေး နှစ်ဘက်ပါတဲ့ ပလတ်စတစ် ဇွန်းကလေးတစ်ချောင်း (ဘာလုပ်ဖို့များ အိတ်ထဲရောက်နေတယ် မသိ)
၁၇) ခေါက်အိတ်အညိုလေးတစ်လုံး (သူက ဖွင့်လိုက်ရင် ပစ္စည်းတော်များများ ထည့်ကိုင်လာလို့ရတယ်၊ မတော်တဆ သမဝါယမဆိုင်က တစ်ခုခုပေးနေတယ်ကြားရင် ဝင်တန်းစီပြီး ထည့်ခဲ့လို့ ရအောင်) အဲဒါက အင်ဒိုနီးရှား-ဘာတန်ကျွန်းသွားတုန်းက ဝယ်လာတာ၊ ဈေးကတော့ ပေါမှပေါ….
၁၈) NTUC က သူ့အသင်းဝင်တွေဆီ ပို့ပေးလေ့ရှိတဲ့ နှစ်ချုပ်အမြတ်ရှင်းတမ်းပါတဲ့ စာအိတ်- ဖောက်ထားပုံက မိန်းမပီသလွန်းလို့ :P (ကြာပြီ ဘာလို့ ခုထိ အိတ်ထဲ ရှိနေတယ် မပြောတတ်)
၁၉) သံပုရာသီးအခြောက် တစ်လုံး - အစကတော့ အစိုပါ။ သူက ရွာပြန်တုန်းက မူးမူးနေတတ်လို့ (မသောက်ဘဲနဲ့လေ) မားသားကြီးက သံပုရာသီးလေး အိတ်ထဲဆောင်ထား သမီး၊ မူးရင် ရှူဆိုပြီး ပေးလို့ ထည့်ထားလိုက်တာ……။ ခု အခြောက်ဘဝရောက်မှ သတိရ…..။ ကျန်းမာရေးကောင်းနေလို့ မမူးမမော်လို့တော့ မဟုတ်ဘူး၊ ရှိတာကို သတိမရတာ…..
၂၀) ဆံပင်ညှပ်ဖို့ ဘဲပါးစပ်ကျောက်ကလစ်အမဲလေး တစ်ခု
အလုပ်ကခဏနားပြီး အိမ်မှာနားနေတာမို့ သော့တွဲနဲ့ လက်ကိုင်ဖုန်းကတော့ အိတ်ထဲမှာ ရှိမနေပါဘူး။ ခုမှ သတိထားမိတယ်။ ကျွန်မမှာ အမျိုးသမီးတွေ ဆောင်နေကျ ဘီးကလေးတစ်ချောင်းသော်မှ အိတ်ထဲ မရှိတဲ့အဖြစ်၊ နောက် Sangobion ကျွန်မသောက်နေကျ ဆေး တစ်ကဒ်လောက် ဆောင်ထားဦးမှ၊ အနီရောင်ပြထားတဲ့ နံပါတ်စဉ်တွေက မလိုအပ်ဘူး၊ ထုတ်ထားလို့ရတဲ့ ပစ္စည်းတွေမို့ အမျိုး ၂၀မှာ ၃မျိုးသာ အပိုဖြစ်နေတာမို့ အပိုတွေ သိပ်မများဘူး ပြောလည်း ရတာပေါ့ နော်။
ဒါတွေပဲလို့ ပြောရမှာကလည်း အမျိုးအမည်ချရေးလိုက်တော့ ၂၀ ကြီးများတောင်။ ခုမှပဲ မလိုအပ် တာတွေ ပြန်စစ်ပြီး ဖယ်ထားရတော့မှာ…..။ ပုံမှန်လည်ပတ်သွားလာနေကျ သူ့လမ်းကြောင်းနဲ့ သူတော့ နေ့တိုင်း သယ်ပိုးနေကျမို့ လေးလံလို့လေးလံမှန်း မသိ၊ တခါတလေ ပုခုံးညောင်းလိုက် တာ၊ လေးလိုက်တာလို့တော့ ညည်းမိပါရဲ့။ ဘာတွေ အပိုအလိုရှိနေပါလိမ့်ဆိုတာကို သေချာသွန်ချ မကြည့်မိတာ။
ကျွန်မတို့နေ့စဉ်ဘဝကြီးထဲမှာလည်း ဒီလိုပါပဲ။ တစ်နေ့မှာ ချန်ထားခဲ့ရမဲ့အရာတွေကို တခုတ်တရ ရှာဖွေရယူနေကြသလောက် အတူယူသွားရမဲ့ သံသရာခရီးမှာ မဖြစ်မနေလိုအပ်မဲ့အရာတွေကိုတော့ တစ်ပါတည်း ကြိုးစားသယ်ယူသွားဖို့ မေ့လျော့နေတတ်ကြတယ်။
ပြန်စစ်ဦးမှပါလေ…..။ ဒါမှ ပိုတာတွေ ချန်ထားရစ်ခဲ့ပြီး မဖြစ်မနေ လိုအပ်တာတွေ အပါသယ်ဆောင် သွားနိုင်မယ် မဟုတ်လားရှင်….
အဲလိုတွေအများကြီးဖြစ်မှာစိုးလို့ ခပ်တည်တည်နဲ့ နံပါတ်စဉ်တစ်ခုအောက်မှာ အများကြီး ပစ်ထည့်လိုက်တာ။ ဒါတောင် flash drive သုံးချောင်းလောက်က ကျန်ခဲ့သေးတယ်။ ဘယ်တော့မှ ကိုယ့်အိတ်ထဲ မထည့်တတ်တာကတော့ ထီးပါ။ နွေနွေမိုးမိုးဆောင်းဆောင်း ဘယ်တော့မှ မဆောင်
ReplyDeleteမသက်ဝေရဲ့ တဂ်ပို့စ်လေးတွေတန်းစီပြီးတက်လာတော့ ပျော်လိုက်တာ...ကျန်တဲ့ ညီအစ်မဘလော့ဂါများလည်း ရေးစေချင်ပါတယ် ရေးကြပါဦးလို့း))
ReplyDelete
ReplyDeleteကျွန်မတို့နေ့စဉ်ဘဝကြီးထဲမှာလည်း ဒီလိုပါပဲ။ တစ်နေ့မှာ ချန်ထားခဲ့ရမဲ့အရာတွေကို တခုတ်တရ ရှာဖွေရယူနေကြသလောက် အတူယူသွားရမဲ့ သံသရာခရီးမှာ မဖြစ်မနေလိုအပ်မဲ့အရာတွေကိုတော့ တစ်ပါတည်း ကြိုးစားသယ်ယူသွားဖို့ မေ့လျော့နေတတ်ကြတယ်။
ဟုတ်ပါရဲ့ အမချစ်ရယ်
ကိုယ်ကိုယ်တိုင် အမြဲလွယ်နေတဲ့ ကိုယ့်အိတ်ထဲ ဘာတွေများ ရှိပါလိမ့်ဆိုပြီး မကြည့်မိဘူး ဆိုတဲ့ အပြောလေးကို အရမ်းသဘောတွေ ကျသွားပြီ အစ်မချစ်၊း) ကိုယ့်ကျောပေါ် ဘာတွေများ တင်နေကြပါလိမ့် ဆိုတာမသိတဲ့ မြင်းကလေး တစ်ကောင်ရဲ့ ရိုးစင်းမှုလိုမျိုး .....၊းP
ReplyDeleteမညီမညာ ဆွဲဖြဲခံလိုက်ရတဲ့ စာအိတ်ရယ်၊ စိုရာမှ ခြောက်သွားတာတောင် အရေးလုပ် မခံရတဲ့ သံပုရာသီးရယ်၊ ကျနော့်သားကို ဆေးတိုက်လေ့ရှိတဲ့ နှစ်ဖက်သုံး 5mL-10mL ဇွန်းကလေးရယ်.... အင်း.. ပဟေဠိတွေ အများကြီးနဲ့ အာရုံစိုက် ဖတ်ရတဲ့ အစ်မချစ်ရဲ့ “ဝတ္ထုလေး” က တကယ့်ကို စိတ်ဝင်စားစရာ....။း)
This comment has been removed by the author.
ReplyDeleteတစ်နေ့မှာ ချန်ထားခဲ့ရမဲ့အရာတွေကို တခုတ်တရ ရှာဖွေရယူနေကြသလောက် အတူယူသွားရမဲ့ သံသရာခရီးမှာ မဖြစ်မနေလိုအပ်မဲ့အရာတွေကိုတော့ တစ်ပါတည်း ကြိုးစားသယ်ယူသွားဖို့ မေ့လျော့နေတတ်ကြတယ်...တဲ့။
ReplyDeleteမှန်ပ အစ်မရေ...။ အိတ်ထဲမှာ ဘာတွေများနေမှန်း သတိမထားမိကြဘူးနော်..။ ထွက်လာလိုက်တာ မနည်းမနောတွေ..။ စိတ်ဝင်စားဖို့တော့ကောင်းသား..။
မြသွေးနီ
ညီမ နော်....မချစ်က ဘီးမဆောင်တာ (နရီတော့တူသား)
ReplyDeleteဟုတ်ပါ့ ညီမမိုးငွေ့၊ ပေါ့ပေါ့ပါးပါးလေး ရေးဖြစ်သွားတာပေါ့း)
ဟုတ်ပါရဲ့ မယ်သန်ရာ (အဲလေ...)
ကိုညီလင်းသစ်ပြောတဲ့ ၃မျိုးလုံးက ဖြုတ်ထုတ်သတ်ထဲ ပါတော့မယ့်ဟာတွေလေ :)
ညီမမြသွေး ဟုတ်တယ်....ခုလိုသွန်ချလိုက်တော့မှ အားပါး ထွက်လာလိုက်တာ....။ ဒါတောင် တစ်ချို့ စက္ကူတွေ (စာကြမ်းတွေ ချရေးထားတာတွေ) ကျန်သေး :)
အချစ်... နံပါတ်စဉ်တပ်ပြီး ရေးထားလို့ ချစ်အိတ်က ပိုတောင် လေးနေအုံးမယ်လို့ တွေးမိတယ်... မချောင်ဘူးနော်...
ReplyDeleteObsession ကို ကိုယ်လည်း အရမ်းကြိုက်တယ်...
Tag Post လေး ရေးပေးတာ ကျေးဇူးတင်တယ်... ပျော်စရာလေးနော်...း-)
ဒီက ကျေးဇူးတင်ရမှာပါ အသက်ရယ်....။ ရေးရတာ ပျော်စရာကောင်းတယ် တကယ်
ReplyDeleteစာမဖတ်သေးဘဲ ပုံအရင်ကြည့်တော့ ဇွန်းလေးအရင်ဆုံး သတိထားမိတယ် :)
ReplyDeleteသံပုရာသီးလေးလည်း သနားပါတယ်။ သူ့ မှာ အမေ့ခံဘဝနဲ့ အိတ်ထဲမှာ ခြောက်ရရှာတယ် :)
ပိုးဟပ်တကောင်..အိတ်ဖင်မှာ မြင်လိုက်တယ်
ReplyDeleteဂျပန်က မှန်လေးကြိုက်တယ်တော့
ReplyDeleteညီမညိုလေး....ဟုတ်ပါ့ ညီမရယ်၊ မေ့တာမှ အိတ်ထဲမှာ ရှိတာဆို တစ်ရှူးနဲ့ ပိုက်ဆံအိတ်လောက်ပဲ သတိတရရှိတား)
ReplyDeleteကေ...တိတ်တိတ်နေ အဲဒါ ပိုးဟပ်အတု၊ တီလုတ်ပြည်ကို လက်စားချေတဲ့အနေနဲ့ အိတ်စ်ပို့လုပ်မလို့....
Adora အစ်မလည်း ကြိုက်တယ်၊ ဒါပေမဲ့ အဲ့မှန်လေး မကြည့်ဖြစ်တာ ကြာပြီ။ သိပ်ကြည်လင်ပြတ်သားနေလို့း)
စုံနေတာဘဲတော့ :)
ReplyDeleteခရီးထွက်တဲ့ အိတ်ကြီးကျနေတာပဲ မောလိုက်တာ မချစ်ရား)
ReplyDeleteညီမရိုစ့် :))
ReplyDeleteအယ် မောင်မျိုး ဒါ မချစ်က နည်းသေးတာ သိလား :)
အားးးပါးပါး
ReplyDeleteများကြီးးပါလား မမရယ်
မမလည်း လျော့လို့ရတာတွေ လျော့ပြီးပြီထင်တယ်..။
ီဒီ ပို့စ်လေးက မလိုတာတွေ ထုတ်ခဲ့ဖို့ သတိရစေတယ်...။
မမရေးတဲ့ အောက်ဆုံးပိုဒ်ကလေး သဘောကျမိတယ်..။
ဟုတ်တယ် ညီမသူသူ၊ လျှော့လို့ရတာတွေ လျှော့လိုက်ပြီး)
ReplyDeleteကျေးဇူးပါ ညီမလေး....
စိတ်ကူးလေး ကောင်းတယ်ဗျာ ... Tag Post တွေ အားလုံး ကို လိုက်ဖတ်ဦးမယ်ဗျာ ... :)
ReplyDeleteအပို မများဘူး ဆိုပါလား ၊ မျက်မှန်သုံးလက် ၊ နားကပ် ငါးစုံနဲ့တင် ဖိန့်ဖိန့်တုန်ဘဲ။
ReplyDeleteမကြီးချစ် အိတ်ကိုလည်း တိတ်တိတ်လေး လာကြည့်သွားတယ်..
ReplyDeleteလရိပ် ပြောသလို မျက်မှန် ၃ လက်၊ နားကပ် ၅ စုံနဲ့ တင် ဖိန့် ဖိန့် တုန်စေပါတယ် မမချစ်..း)
ReplyDeleteလရိပ်အိမ်နဲ့ ညီမစန်းထွန်း....
ReplyDeleteမျက်မှန် ၃လက်က မဖြစ်မနေ လိုကိုလိုတာ၊ အဝေးကြည့်က outdoor၊ နေကာမျက်မှန်က နေပူလာရင်၊ ဖန်စီမျက်မှန်က ရုပ်ဖျက်ချင်ရင် :)
နားကပ် ၅စုံက ပေါ့ပေါ့လေးတွေမို့လေ :)
သိင်္ဂါရ၊ ဘလက်ရို့ဇ် ကျေးကျေးစ် :)
ReplyDeleteမချစ်. နားကပ်ငါးစုံထည့်ထားတာ သဘောကျတယ်. အတုခိုးမယ်. ဆေးသောက်တဲ့ဇွန်းလေးက မချစ်သောက်တာလား. သားဆီမှာအဲလိုဇွန်းတွေအများကြီးပဲ
ReplyDeleteညီမတန်ခူးကလည်း နားကပ်ပန်တယ်လား၊ ကောင်းတာပေါ့ နားကပ်က အလေးချိန်မှ မရှိတာ။ သယ်ရတာ အပမ်းမကြီးဘူးလေ၊ ဟုတ်တယ် ဇွန်းက မချစ်ဆေးသောက်တဲ့ဇွန်း၊ ရုံးကို ဆေးယူသွားရင်း ဆေးကကုန်၊ ဇွန်းက ကျန်နေတာ နေမှား)
ReplyDeleteမကြီးချစ် ရဲ့ အိတ်လေးကို သွန်ပြ၊ မှောက်ပြတော့ မှ အားပါးပါး အများကြီး ပဲ။ မှန် အဝိုင်းလေး လိုချင် လိုက်တာ။
ReplyDelete