
ကျွန်မဟာ လူတကာလက်မှာ ရင်ကွဲပက်လက် ယိမ်းထိုးရသူပါ
ကျွန်မအသားပေါ်မှာ ရေးထိုးထွင်းဖောက်ထား ကွဲပြားတဲ့နံပါတ်တွေရဲ့အတိုင်း ဆတိုးတန်ကြေးတွေနဲ့ အပေးအလျော်ပြုကြ...
ဘယ်ဘက်ကကြည့်ကြည့် အရင်းအတိုင်းမြင်ရတဲ့ ကျွန်မခန္ဓာ ကျွန်မစိတ်နှလုံး
ရှုံးချင်လည်း ရှုံးစေတော့...ရှင်တို့ အသုံးကျမယ် ဆို...
ဘယ်လိုပဲပြုတ်ကျကျ အခြေခိုင်မြဲနိုင်ခြင်းက ကျွန်မဘဝကြီးကို အခါခါ လိမ့်ကျစေသတဲ့လား
လက်ကလေးနဲ့ဖြစ်စေ ခွက်ကလေးထဲ ထည့်လို့ဖြစ်ဖြစ်
ခေါက်ချလိုက်ပါ အားနာစရာမလိုဘူး
ကျွန်မကို မူးဝေနောက်ကျိစေပြီးမှ ရှင်တို့ကံကြမ္မာကို ဆုံးဖြတ်ကြပါ
ကျွန်မကို အလူးအလဲပစ်ကြဲပြီးမှ ရှင်တို့အလျော်အစားကို ဆောင်ရွက်ကြပါ
ရှင်တို့ ကြိုတင်မသိနိုင်တဲ့ ရှင်တို့ရဲ့ကံကြမ္မာက
ရက်ရာဇာထဲမှာလား
ပြဿဒါးထဲမှာလား
ပဋိုစ္စသမုပ္ပါဒ်စက်ဝိုင်း လည်လမ်းထဲမှာလား
ဒါမှမဟုတ်....
ကျွန်မဆီမှာလား
ရှင်တို့လက်ထဲမှာလား
ရှင်တို့လက်ထဲက dice cup ထဲမှာလား
ရွေးချယ်ခွင့်မရှိရင်တောင် ကျွန်မက အနီရောင်အံစာတစ်တုံးလို ရဲရဲတောက်ချင်ခဲ့သူ
ပွဲသိမ်းတဲ့အခါ....
နိုင်သူ ရှုံးသူ ဘယ်သူတစ်ဦးတစ်လေကများ ကျွန်မကို ကောက်ယူနမ်းမွှေးမှာပါလိမ့်
ရှင်တို့အားလုံးက ပစ်ချချန်ထားခဲ့ရင်တောင်
ကျွန်မလေ ရှင်တို့နောက်ကျောကို ကြည့်ရင်း ပြုံးနေမိဦးမှာ...
ရှင်တို့ကံကြမ္မာတွေအတွက်
ရှင်တို့ အလျော်အစားတွေအတွက်
နောက်ထပ် ရှင်တို့အကျိုးစီးပွား အကြိမ်ပေါင်းများစွာတွေအတွက်
ကျွန်မကိုယ်ကို လှလှပပ လူးလှိမ့်ပစ်ကျ ပေးလိုက်ပါဦးမယ်
ပုံကို ဂူဂယ်လ်မှ ယူသုံးပါသည်။
ကျွန်မ ဆိုတဲ့ dice roller လေးကို မနာကျင်စေချင်ဘူး..။ တစ်ခါတစ်လေ လူတွေက အဲဒီလိုလေး နာကျင်စေပြီးမှ ဆုံးဖြတ်ချင်ကြတယ်နော်..သူတို့ ရဲ့ ကံတွေကို...။ တစ်ချို့ အံစာတုံးလေးတွေကလည်း နာကျင်မှုတွေကို မက်မောတက်ပြန်တယ်...။
ReplyDeleteတစ်ခါတစ်ရံ လူတို့ရဲ့အရှုံးဒေါသကို မညှာမတာ သူ့အပေါ်ပုံချပြန်သေးတယ်
ReplyDeleteစိတ်ကူးပုံဖော်တာလေး ကောင်းတယ် မချစ်ရေ..ခေါင်းစဉ်လေးသဘောကျပါ့
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အိုင်ဒီယာလေး မိုက်တယ် အစ်မ၊ ရေးဖွဲ့သွားတာလေးလည်း ကြိုက်တယ်။း)
ReplyDeleteမြန်မာပြည် ဂလုံးဂလုံး ဝိုင်းတွေက ဆင်၊ ပုဇွန်၊ လိပ်၊ ကျား အံစာတုံးကြီးတွေနဲ့ လတ်စ်ဗေးဂတ်စ်က လှလှပပ အံစာတုံးကလေးတွေ အကြား မတူတဲ့ တန်ဖိုးနဲ့ သူတို့ အဆုံးအဖြတ် ပေးရတဲ့ ကံကြမ္မာတွေကို ဆက်စပ်တွေးမိသွားတယ် အစ်မချစ်...၊
ReplyDeleteအတွေးရော၊ အရေးပါ သဘောကျမိတဲ့ ကဗျာလေးပါပဲ....။
ပထမ ဦးဆုံးရောက်တဲ့ နေ့
ReplyDeleteပထမ ဦးဆုံး ဖတ်တဲ့ ကဗျာ
တကယ့်ကို ကောင်းလှတယ်ဗျာ နောက်နေ့များမှ လာခဲ့ပါဦးမည် အစ်မချစ်ကြည်အေးရေ.....။
dice roller လေးရဲ့ ခံယူချက်ကို နောက်တစ်ခေါက် ထပ်ဖတ်မိလို့ ပါ..။ ထပ်ဖတ်ပြီး ထပ်ပြီး တစ်မျိုးလေး ခံစားရတယ်..။
ReplyDelete