ထွေရာ-၁
သီရိဓမ္မာအာသောကမင်းကြီးရဲ့ ပုံတူပန်းချီကားပါ။ ၂၀၀၉ခုနှစ် ကျွန်မ ဗုဒ္ဓဂယာသွားခဲ့တုန်းက တည်းခဲ့တဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ (အမှတ်မမှားဘူးဆိုရင်တော့ ကုသိနာရုံနားမှာပါ) တွေ့တဲ့ပုံကို ရိုက်ခဲ့တာပါ။ အာသောကမင်းကြီးဟာ သမိုင်းအတွက် အင်မတန် ကျေးဇူးပြုခဲ့တဲ့ ပုဂ္ဂိုလ်ကြီး၊ အထင်ကရနေရာတွေမှာ အာသောကကျောက်တိုင်တွေ စိုက်ထူမှတ်သားခဲ့တဲ့ မင်းကြီးမဟုတ်ပါလား ရှင်။ နှုတ်ခမ်းမွှေးစစနဲ့ ဝင်းဦးလိုလို ခန့်ခန့်ငြားငြား အင်မတန်ကျက်သရေရှိတဲ့ ဥပဓိရုပ်ပိုင်ရှင်...။ မမြင်ဖူးသူများအတွက် အမှတ်တရပေါ့....
ထွေရာ-၂
ညီမ မိုးငွေ့ အတွက် စီးဖု (ငါးနဲ့ ပုဇွန်)တုမ်ယန်း ခေါက်ဆွဲပြုတ်လေးပါ။ ကျွန်မက သူခေါက်ဆွဲပြုတ်သောက်ချင် တယ် ပြောလာတော့ "အိုခေ သိတ်ရတာပေါ့ လုပ်ပေးမယ်"ဆိုပြီး အလုပ်တွေ များနေခဲ့လိုက်တာ။ နားလန်ထကာစ သူ့ခမျာ ဂူဂယ်လ်ကနေ စားချင်တာလေးတွေ ဟိုဟာဆွဲစား၊ ဒီဟာဆွဲစားနဲ့...။ ရင်အေးအောင် ဆန်ခေါက်ဆွဲလေးနဲ့ ပြုတ်ထားတယ်။ ပြီးတော့ ပုဇွန်အစစ်မှန်း သိသာအောင် ပုဇွန်နှုတ်ခမ်းမွှေးတွေကို မညှပ်ဘဲထည့်ပစ်လိုက်တယ်။ အပေါ်က နှုတ်ခမ်းမွှေးနဲ့ ဘယ်ဒင်းက ပိုခန့်သတုန်း...မတွေးကြပါနဲ့လို့....(အဟမ်းးး)
ထွေရာ-၃
ဒါကတော့ ပြီးခဲ့တဲ့ ဆန်းဒေးက ဒီမှာလာပြတဲ့ မြန်မာရုပ်ရှင်သွားကြည့်ခဲ့တုန်းကပါ။ သရုပ်ဆောင်တွေက ပြေတီဦး၊ စိုင်းစိုင်းနဲ့ သက်မွန်မြင့်တို့ပါ။ လူတွေများ ရုပ်ရှင်ထက် မင်းလမ်း မုန့်တီစားဖို့ကို ပိုစိတ်ဝင်စားကြတယ်။ စီနေတဲ့အတန်းအရှည်ကြီးနောက်မှာ ဝင်တန်းစီရင်း ကံဆိုးချင်တော့ ကျွန်မတို့ရှေ့ရောက်မှ မုန့်တီဖတ်ကုန်သွားပြီး ကံကောင်းချင်တော့ ရှေ့ကအကိုတော် ဝယ်ထားတဲ့ ထဲက နှစ်ပွဲ ပြန်မျှပေးလို့ စားခဲ့ရပါတယ်။ ဗန္ဓုလဦးထုတ်တို့၊ မျက်နှာဖုံး၊ ဆီးပေါင်း၊ အချဉ်ထုတ်၊ ကွာစေ့၊ နေကြာစေ့တို့လည်း ရောင်းတယ်။ ရွာမှာလိုပဲ။ မတူတာဆိုလို့ အမှိုက်တွေ ရုံထဲချလို့မရတာလေး တစ်ခုပဲ...
ဆရာမပုညခင်ရဲ့ ဝတ္ထုကို "အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်"ဆိုပြီး ပြန်ရိုက်ထားတာပါ။ ကြည့်ပျော်တဲ့ လူငယ်ကြိုက် အချစ်ကားလေးပါ။ လူမငယ်တော့တဲ့ မချစ်ကြည်အေးလည်း ကြိုက်ပါတယ်။ စိုင်းစိုင်းလေးတောင် အိမ်ခေါ်ထမင်းကျွေးဖို့ စဉ်းစားမိသေးတယ်။ မအားနိုင်လွန်းလို့သာ စိတ်လျှော့ လိုက်ရတယ်။ ခုတစ်လော အမြဲတမ်းရိုက်ဖြစ်နေတဲ့ကားက " စီကေအေရယ်၊ အိမ်ကလူကြီးရယ်၊ ဘလောဂ့်ရယ်"....တဲ့။ ရုံတင်ရင် လာအားပေးကြဦးနော်...:)
ထွေရာ-၎
ဒါက အန်တီတင့်ဘလောဂ့်မှာတွေ့လို့ စမ်းထိုးကြည့်တာ။ ရွှေကြည်ဆနွင်းမကင်း...။ ပါဝင်တဲ့ ပစ္စည်းတွေကြည့်ပြီးလိုက်ထိုးတာ အချိုးမသိတော့ နဲနဲပျော့သွားရော၊ လှီးလို့ မကောင်းဘူးပေါ့။ အရသာကတော့ မိုက်တယ်။ ဒါနဲ့ နောက်တစ်ခါ အပိုင်ပဲဆိုပြီး နွားနို့နဲနဲလျှော့ထည့်ပြီး ထိုးလိုက်တာ မာသွားပြန်ပါရောလား။ ဓါးနဲ့လှီးတိုင်း ဖွာထွက်ကုန်တာ။ ရွှေကြည် ရွှေကြည်... ဒီဘဝအတွက်တော့ ကိုယ်နဲ့မင်းနဲ့ ကီးတွေလွဲနေပါလားကွာ...။
တော်ပါသေးရဲ့ အိမ်ကလူကြီးက အားပေးတတ်ရှာပေလို့...။ "ဟာ ထူးဆန်းတယ်ကွာ၊ ငါ့မိန်းမ ဆနွင်းမကင်းထိုးတာ ငါးသလောက်ဥတွေ ဖြစ်သွားတယ်ကွာ"...တဲ့။ ကတောက် !!!!
အစ်မချစ် အာသောက မင်းကြီးနဲ့ ပုဇွန်နဲ့ ကို ယှဉ်ကြည့်သွားတယ်။ သက်မွန်မြင့်လေး လှလိုက်တာ မုန့် တီနဲ့ ရွှေကြည်ကိုလဲ သားရေယိုသွားတယ်။ အစ်မချစ်ကား ရုံတင်မှပဲ လာအေးပေးရဦးမယ်။ အစ်မ လက်တို့ လိုက်နော် ရုံတင်ရင်...
ReplyDeleteထွေရာ ၁ နဲ့ ၂ - နှုတ်ခမ်းမွေး မကြိုက်၍ ငါးခူကိုတောင် မစားပါ။
ReplyDeleteထွေရာ ၃ - ရုပ်ရှင်မကြည့်ချင်ပါ သို့သော် ရုပ်ရှင်နဲ့ အတူ မင်းလမ်းရခိုင်မုန့်တီပါတာ မသိလိုက်တာ သေလုအောင် စိတ်နာပါသည် (ဘယ်သူ့ကို နာမှန်းမသိ... နာတာတော့ တော်တော်ကြီးကို နာပါသည်)
ထွေရာ ၄ - အဘယ်ကြောင့် ဤမျှ ခက်ခဲ လက်ညောင်းလှသော ရွှေကြည်ကိုမှ ပြုလုပ်ရသနည်းဟု ဆန်းစစ်လိုက်သော် ချစ်ကြည်နဲ့ ရွှေကြည် နာမည်ချင်း ခပ်ဆင်ဆင် တူနေသောကြောင့်ဟု အဖြေရလေသည်။
ဤတွင် ထွေရာမှတ်ချက်များ ပြီးလေ၏။
I would like to reserve 2 seats for this particular film,
ReplyDelete"စီကေအေရယ်၊ အိမ်ကလူကြီးရယ်၊ ဘလောဂ့်ရယ်", Ma Ma CKA. By the way, Thet Mon Myint looks so cute and pretty, and thanks a lot for sharing.
စီကေအေကားကို လက်မှတ်၂စောင်ချန်ပေးပါ၊ အဟဲ.. ငါးသလောက်ဥနဲ့တွဲစားမယ်။
ReplyDeleteချစ်မကြီး ကျေးကျေး.... ခေါက်ဆွဲပြုတ်လေးအတွက်...။ ခက်တာက ပုဇွန်က အာသောကမင်းရုပ်ပေါက်နေလို့ ဘယ်လိုစားရမှန်းမသိဘူး...။ ခေါက်ဆွဲဖတ်နဲ့ အရည်ကိုတော့အကုန်သောက်သွားတယ်...။
ReplyDeleteအဲ...ငါးသလောက်ဆနွင်းမကင်းလေးပါ မြည်းသွားတယ်....း))
မင်းလမ်းမုန့်တီဆိုတဲ့အသံကြားတာနဲ့
ReplyDeleteသရေကျလာပြီ မကြီးချစ်ရယ်..
ပုဇွန်အစစ်မှန်းသိအောင်နှုတ်ခမ်းမွှေးမညှပ်ဘူး
ဆိုတော့ ပုဇွန်အတုရောရှိလားဟင်..
အန်တီ တင့်ဘလော့ကအစားအသောက်
ချက်နည်းတွေ သေချာမှတ်ထားတယ်..
သူနဲ့တူတူနေတဲ့အခါသူ့ကိုချက်ကျွေးမလို့ ဟီးဟီးး
ဟားဟားဟား
ReplyDeleteအစ်မရယ် အစ်မပိုစ့်ဖတ်ပြီး အောက်ဆုံးက စာကြောင်းကြောင့် အသံကျယ်ကြီးအော်ရယ်ပစ်တယ်
သတိရလို့ နာရီကြည့်လိုက်တော့ မနက် ၂နာရီ ကျော်နေပြီ ဟီး။
ဒီလိုတွေ ချစ်စရာကောင်းအောင် ရေးတတ်လို့ ကိုယ့်အစ်မကို ချစ်ရတာ။ တကယ်
ဒါနဲ့ “စီကေအေရယ်၊ အိမ်ကလူကြီးရယ်၊ ဘလောဂ့်ရယ်" ဆိုတဲ့ ကား ဘယ်တော့ ရုံတင်မှာလဲ
လေယာဉ်စီးပြီးကို လာအားပေးဦးမှာ ဟိဟိ
အာသောက နှာခေါင်းမွှေး
ReplyDeleteသက်မွန်မြင့်
ဒူးခေါင်း......
ဗန္ဓုလ ဦးထုပ်
ငါးသလောက်ဥ ....
တစ်ခုပြောဖို့ကျန်သွားလို့ ပြန်လာတာ အစ်မရေ။
ReplyDeleteအာသောကမင်းကြီးရယ်လို့ ဒီလောက် နာမည်ကျော်ထင်ရှားတဲ့ ဘုရင်ကြီးကို စိတ်ထဲကနေ မြင်ယောင်ကြည့်ခဲ့ဖူးပေမဲ့ ခုလို ပုံနဲ့တွေ့လိုက်ရတော့ တညိုးကြီးရယ်...း)
ဘီလိုကြီးလဲမသိဘူး
ခန့်တာတော့ ခန့်ပါရဲ့..
ကုလားမင်းသားကြီးနဲ့တူနေသလားလို့ .. ခိခိ
အာသောက မင်းကြီးက ဒီပုံတူအတွက် မော်ဒယ်လ် ထိုင်ပေးခဲ့ချိန်က မဟုတ်မှလွဲရော.. နွေရာသီပဲ ဖြစ်ရမယ်၊ ရွှေကြည်ကတော့ Caviar အဖြူလိုလို ဘာလိုလို ထင်ရပေမယ့် စားကြည့်ရင်တော့ အင်မတန် အရသာ ရှိမယ့် ပုံပါပဲဗျာ..၊ (ဘလော့ဂါ ကိုယ်တိုင်က စာဖတ်သူတွေ ဒီလို တွေးလာအောင် လမ်းကြောင်းပေးထားလို့ မဟုတ်ပါဘူး..၊ တကယ်ပဲ ခန့်မှန်း ကြည့်တာ...)းD
ReplyDeleteI like your ending sentence...make me laugh. :))
ReplyDeleteT Chan
ReplyDeleteI also think Thet Mon Myint's knee looks ugly. :)
ကာလာအိုခေ ဆိုချင်လို့ တီချစ်ကြည်ကို တမနက်လုံးသတိရနေတာ... (((ဟမ်))))
ReplyDeleteထွေရာလေးပါး-၄ ဖတ်သွားတယ် မချစ်ရေ။
ReplyDeleteအချက်တိုင်းဖတ်လို့ကောင်းတယ် အောက်ဆုံးအချက်ကို ပိုသဘောကျတယ်း))
အန်တီတင့်ရဲ့ ဆနွင်းမကင်းထက် အရောင်လေး ပိုလှနေပါလား အရသာပိုကောင်းမယ်ထင်တယ် (နောက်တစ်ခါမုန့်လုပ်ရင် လှမ်းခေါ်လိုက်နော် လာပြီးမြီးပေးမလို့း))
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ချစ်ကြည်နဲ့ ရွှေကြည်နဲ့ ကီးမကိုက်ပါလားကွယ်ရို့... :D...
ReplyDeleteခင်မင်လျက်
နေ၀သန်
နောက်ဆုံးစာသားလေးကို အကြိုက်ဆုံးပါပဲ။ :)
ReplyDeleteစမ်းချောင်းမင်းလမ်း အိမ်နံပါတ် ၇၆ မှာ တည်းဘူးတယ် ခဏခဏ မုန့်တီလေးလွမ်းသွားတယ်
ReplyDeleteအောက်ဆုံး က ငါးသလောက် ဥလေး လည်း မြည်းစမ်း သွားပါတယ် အပေါ်ဆုံး က နှုတ်ခမ်းမွှေး နဲ့ ခန့်ခန့် ကြီး ကိုလည်း စွဲနေအောင် ကြည့်သွားတယ်
စမ်းချောင်းမင်းလမ်း အိမ်နံပါတ် ၇၆ မှာ တည်းဘူးတယ် ခဏခဏ မုန့်တီလေးလွမ်းသွားတယ်
ReplyDeleteအောက်ဆုံး က ငါးသလောက် ဥလေး လည်း မြည်းစမ်း သွားပါတယ် အပေါ်ဆုံး က နှုတ်ခမ်းမွှေး နဲ့ ခန့်ခန့် ကြီး ကိုလည်း စွဲနေအောင် ကြည့်သွားတယ်
မမချစ်
ReplyDeleteအရမ်းကိုတရားလွန်နေပါပြီ
ခနခနမုန့်တွေလုပ်ပါတယ် .
တော်တော်ကိုတရားလွန်နေတာပါ
သူတို့မုန့်လုပ်သမျှ မဒိုးကန်က သွားရေတွေကျပြီး
စိတ်ကူးတွေယဉ်လို့ သွားဝယ်ဝယ်စားရတာပိုက်ဆံကုန်လိုက်တာ နော်
ဟင်းဟင်းးးး
ဘယ်တုန်းက လာသွားတာလဲ သိတောင်မသိလိုက်ဘူး ဟဟဟဟ
အဲလောက်အပ်တူဒိတ်ဖြစ်နေတာ ..း)
မကျေနပ်ဘူးလုံးဝမကျေနပ်ဘူး
အန်တီတင့်ကိုရောပဲ
နွားနို့ခေါက်ဆွဲပြန်ချက်စားတာကောင်းလဲမကောင်းဘူးး(
ဒါဘဲ စိတ်နာတယ်
ကျောင်းကလည်း မုန်တိုင်းထန်ထန်နဲ့ နိုင်ငံခြားကျောင်းသူများဘ၀တဲ့ ရိုက်ချင်လို့တဲ့ လာပြောတယ်
ReplyDeleteကြည်ကြည်လက်ခံမယ်ဆိုမှ ဇတ်လမ်းနာမည်ပြောင်းမယ်တဲ့
မိုးထဲလေထဲ အီးပုံးဆွဲတဲ့
စောနက မန့်တာမန့်လို့မရဘူး ဒီဘက်က ကွန်ဘာဖြစ်နေလည်းမသိဘူး ထပ်မန့်တယ်ကွာ...
အမချစ်
ReplyDeleteလိုင်းမကောင်းလို့ အခုမှ လာဖတ်ရတယ်
အခုရိုက်နေတဲ့ကား ရုံတင်ရင် လက်မှတ်ပို့ပါ လာမည်
ခင်မင်တဲ့
seesein
“ရွှေကြည်ရယ် ရွှေကြည်ရယ် ငါလေ သိပ်ကြိုက်တယ်”
ReplyDeleteသဘောပေါက်တယ်နော်၊ သဘောပေါက်ပါတယ်
ဟဲ ဟဲ :))
TOI
ီးတခါ တော့.. တန်း၂ မတ်၂ ၀င်လို့ ရသွားပြန်ပီ မချစ်ရး..
ReplyDeleteတခါတည်း ငသလောက် ဥကြော် စားပစ်လိုက်ချင်တော့တာပဲ..။
တော်ပါသေးရဲ့..
ဘလောက်ကောင့် တက်နေလို့ ထင်တယ်..ပျော်လို့
ဟိုတခါ.. ကျမ သေရင် ဆိုလို့..တိတ်၂ ကလေး ငိုနော..း)
အမအိမ်ကလူကြီးက တော်တော်ရီရတာပဲ....ဟားဟား
ReplyDeleteအိမ်ကလူကြီးလဲ အပေါ်ဆုံးက ပုံလဲ နှုတ်ခမ်းမွေးကားကား ထင်တယ်။း))
ReplyDeleteခင်မင်လျှက်
ငါးသလောက်ဥ ဆနွင်းမကင်း စားချင်တယ်... :P မုန့်တီသုတ်ရော... သူများအတွက်ချက်တဲ့ အပြုတ်ရော ကြိုက်တယ်...
ReplyDeleteတိန် ! ပေါ်ကကော်မန်း ဖတ်ပီး စိတ်လေသွားတယ် စိန်ကောင်း ကျောက်ကောင်း ကြားထည့် ဘာညှပ်ဆိုလား..
ReplyDeleteငါးသလောက်ဥ ဆနွင်းမကင်း စားသွားပါတယ်
စီကေအေရယ်၊နှုတ်ခမ်းမွှေးနဲ့အိမ်ကလူကြီးရယ်၊ဘလော့
ReplyDeleteရယ် ဆိုတဲ့ကားရုံတင်ရင်ပြောနော်အစ်မချစ်....လာအား
ပေးမယ်....၊ရွှေကြည်ကျွေးရင်....:)
ဟင်..မချစ်ကစိုင်းစိုင်းတယောက်ထဲကိုဖိတ်ကျွေး
ReplyDeleteမလို့လား..အော်..သြိပီ..ဒါဆိုကိုပန်းသီးကသက်မွန်
လေးကိုဖိတ်မယ်တဲ့..။
- အာသောက မင်းကြီး က ရှရွတ်ခမ်း နဲ့ ခပ်ဆင်ဆင်ပဲ။
ReplyDelete- ပုဇွန် ကို နှုတ်ခမ်းမွှေး မဖြတ်တော့ နွှာရတာ လွယ်တာပေါ့။
- ပွဲဈေး က မုန့်တီ ကတော့ မင်းလမ်း စံချိန် ဆိုတာ ကြည့်ရုံနဲ့ သိသာတာပဲ။
- အစ်မချစ် ရွှေကြည် ငသလောက်ဥ က စားလို့ကောင်း ရင် ပြီးသာပါပဲ။ ပျော့ပျော့၊ မာမာ ဘာဖြစ်ဖြစ်ပေါ့။
- အစ်မချစ်ကား ရုံတင် မယ်ဆို မေတ္တာလက်မှတ် ပို့လိုက်ပါ။ ရှေ့ဆုံးကနေ အားပေးမည်။