Sunday, July 10, 2011

ရှန့်ဟိုင်း မင်္ဂလာပွဲလေးတစ်ခုအကြောင်း

မနေ့က အဖြစ်ကတော့ မပြောချင်ဘူး၊ ပြော ကို မပြောချင်ဘူး။ မနေ့က တနေ့လုံးလိုလို ကျွန်မက အပြင်မှာ၊ နေ့လည်ဘက် အိမ်ကို ခဏပြန်ရောက်တဲ့ အချိန်မှာ အိမ်ကလူကြီးက သိုးနေအောင် အိပ်နေတာ။ သူက ညဂျူတီ ဆယ်ရက် ဆက်ဆင်းပေးနေရတာလေ။ ကျွန်မကဖြင့် မနက်ပိုင်းက ရထားသံလမ်း ဓါတ်ပုံ သွားရိုက်ခဲ့ပြီး၊ ညနေကျတော့ အရင် P&G ရုံးမှာ အတူလုပ်ခဲ့တဲ့ တရုတ်မလေးရဲ့ မင်္ဂလာဆောင်ကို သွားလိုက်တာ ည ၁၂နာရီ ထိုးခါနီးမှ အိမ်ပြန်ရောက်တော့တယ်။ ကျွန်မ အိမ်ပြန်ရောက်ချိန်မှာ သူက အလုပ်ထဲမှာ။ ကိုယ့်ကိုယ်ကို မပိုင်ဘဲ ပြည်သူက ပိုင်တာပါလားလို့ တွေးရင်း ဝမ်းနည်းသွားတယ်:) အလုပ်ကိစ္စတွေကိုယ်စီနဲ့ နှစ်ပတ်မလည်နိုင်ကြတဲ့ ကျွန်မတို့အဖြစ်က စိတ်နုသူများဆိုရင်ဖြင့် မျက်ရည်ကျလောက်ပါရဲ့။

မနက်ပိုင်း တပိုင်းလုံး ဓါတ်ပုံထွက်ရိုက်ခဲ့တာက တစ်ကြောင်း၊ ပိုစ့်တင်ဖို့ ရည်ရွယ်ချက် မရှိတာက တစ်ကြောင်း အဲဒီလို နှစ်ကြောင်းသော အချက်ကြောင့် ကင်မရာ အိမ်မှာထားခဲ့ပြီး ပေါ့ပေါ့ပါးပါးပဲ သွားခဲ့လိုက်တာ ဟိုကျမှ နောင်တတွေ ထိုင်သီနေရတော့တာ။

မင်္ဂလာဆောင်က Grand Shanghai ဆိုတဲ့ Restaurantမှာ လုပ်တာပါ။ ဝင်သွားတာနဲ့ အနီရောင်တွေ ခပ်များများသုံးပြီး ပြင်ဆင်ထားတဲ့ ခမ်းမကို ကြည့်၊ စားပွဲအပြင်အဆင်တွေ ကြည့်ရင်း တကယ့်ကို ရှန့်ဟိုင်းရောက်နေသလို ခံစားရတာပါ။ ကျွန်မက သတို့သမီးအကြောင်း သိသူပီပီ သူဟာ အင်မတန် စေ့စပ်သေချာလွန်းသူမို့ သူ့မင်္ဂလာဆောင်မှာ ဟာကွက်မရှိမှာကို သေချာခဲ့ပြီးသားပါ။ တိုက်တိုက်ဆိုင်ဆိုင် သူနဲ့ကျွန်မက P&Gကို အလုပ်ဝင်ရက် တရက်ထဲ ဖြစ်ခဲ့ပြီး ထွက်တော့လည်း မရှေးမနှောင်း ထွက်ခဲ့ကြသူတွေ။ မနေ့ညက အားလုံး ၅ယောက် ပြန်တွေ့ခဲ့ကြတဲ့အထဲမှာ ၂ယောက်ပဲ ခုထိ P&Gမှာ ဆက်မြဲနေကြပြီး သတို့သမီး၊ ကျွန်မနဲ့ ကျန်တစ်ယောက်က အလုပ်အသစ်တွေမှာပါ။ အသစ်သာဆိုရတယ်၊ P&Gက ထွက်ခဲ့ကြတာ ၃နှစ်တောင် ရှိခဲ့ပါပြီ။ ဒါပေမဲ့ ကျွန်မတို့ အချင်းချင်း အမြဲ အဆက်အသွယ်ရှိကြတဲ့အပြင် ၃လတကြိမ် တွေ့ဆုံစားသောက်လေ့ရှိကြတာပါ။

အစားအသောက်တွေ စားရတဲ့အခါမှာတော့ သူဘာ့ကြောင့် ဒီဆိုင်ကို ရွေးရသလဲဆိုတာ ကျွန်မ ကောင်းကောင်း သိသွားခဲ့ရပါတယ်။ ပွဲတိုင်း ပွဲတိုင်းဟာ သူ့အရသာနဲ့သူ စားကောင်းလွန်းနေတယ်။ အလယ်မှာ ပွဲကြီးတပွဲထဲ ချတာမျိုး မဟုတ်ဘဲ တယောက်တပွဲစီ ကျွေးပါတယ်။

တဆိုင်လုံးရဲ့ နီကြင်ကြင်မီးရောင်ကြောင့် ဟန်းဖုန်းနဲ့ ရိုက်တဲ့အခါ အရောင်ထွက် အင်မတန်ဆိုးပါတယ်။ ပုံတွေကို သည်းခံ ကြည့်ပေးကြပါနော်...

Cold Dish Combination


Shark's Fin Soup-ကျွန်မက အဲဒါ မသောက်ဘူး...


Sauteed Prawns with Salted Egg Yolk
ကိုလှစောတွေ များမှန်းသိတယ် ဒါပေမဲ့ စားကောင်းတယ်၊ နောက်မှ ဆေးသောက်ကြတာပေါ့ 


Braised Abalone with Black Mushroom Spinach-ဘေဘီ အဘယ်လုံနီ...:)


Fillet of Smoked Duck and Pau-ဘဲအရေခွံက ပါးပါးကြွပ်ကြွပ်လေး...:)


Steamed Soon Hock with Soya Sauce


Deep Fried Scallops with Yam


Shanghai Pork and Crabmeat Dumplings
ထိပ်စုစုလေးကို ကိုက်ဖောက်ပြီး အထဲက အရည်လေးတွေ စုပ်သောက်၊ ပြီးမှ ဂျင်းဖတ်လေးတွေနဲ့ တွဲစားရတာ၊ ဒါမျိုး  DinTaiFung မှာလည်း ရှိတယ်...


Chilled Sago with Pomelo and mango






Chello နဲ့ စန္ဒရား အရမ်းကြိုက်တယ် နားထောင်ရတာ အရသာရှိတယ်:)


တရုတ်သီချင်းတွေပဲဆိုတာ ရှန့်ဟိုင်းမှာ ညစာ စားနေရသလိုပဲ၊ တကယ် ရှန့်ဟိုင်းရောက်နေသလို ဆိုင်တခုလုံးထဲမှာ ရှန့်ဟိုင်း အငွေ့အသက်တွေရအောင် ဖန်တီးထားတယ်...


ပိုစ့်မတင်ပါဘူးလေ ဆိုပေမဲ့ အစားအသောက် ညွှန်းချင်လို့ တင်လိုက်ပါတယ်။ မင်္ဂလာညစာ ဘယ်မှာ ကျွေးရင်ကောင်းမလဲ စဉ်းစားနေသူမောင်နှံတွေ အတွက်ပါ။

Dennisက ဒေါ်ဝါဝါဝင်းရွှေသား ဝါဇင်နဲ့ ခပ်ဆင်ဆင်ရယ်...


Dennis နဲ့ Carol တို့ ဇနီးမောင်နှံ ရာသက်ပန် ရိုးမြေကျ ပေါင်းကြရပါစေလို့ ဆုတောင်းလိုက်ပါတယ်... 


16 comments:

  1. ဆောင်ချင်သလိုသာ ဆောင်ကြပါစေတော့...မုန့်ကောင်းကောင်းကြွေးရင် ကျေးဇူးတင်ပြီးသား...

    ReplyDelete
  2. စားစရာတွေကစုံနေတာပဲ။ ဓါတ်ပုံတွေအတွက်ကျေးဇူးတင်ပါတယ်။

    ReplyDelete
  3. ဟင်းပွဲတွေကြည့်ပြီး ဆန်းဆန်းပြားပြားတွေတော့ ဟုတ်ပါရဲ့ ဝပါ့မလားတွေးနေမိတာ
    ဟင်းပွဲကုန်ရင်တော့လည်း ဝလောက်ပါရဲ့နော်
    ဒီလိုပွဲမျိုး များများသွားချင်တယ် ဟိဟိ စားချင်စဖွယ်လေးတွေမို့လို့လေ...
    ဇနီးမောင်နှံ ရာသက်ပန်ပျော်ရွှင်ကြပါစေ

    ReplyDelete
  4. Please upload the pictures you have shot that morning too, Ma Ma CKA.
    Mon Petit Avatar

    ReplyDelete
  5. မချစ်ကြည်အေးက ချယ်လို + စန္ဒရားအတွဲနဲ့ တွေ့လာခဲ့တာကိုး...၊ ဒီအတွဲရဲ့ တင်ဆက်မှုကို နားထောင်ပြီး ဒီလိုဟင်းတွေ လွေးလိုက်ရရင်တော့...။း)

    ReplyDelete
  6. အဲလို အီလီးဂန့်ဒိုင်းနင်း အဒ်မိုစဖြား နဲ့ ဂွာမက်အောသ်သန်းတစ် ကွီဇင်း နဲ့ ကလပ်ဇစ် ရှုန်ဟိုင်း မြူးဇစ် နဲ့ နောက် နှစ်ပတ်လည် မှာ ဆွေမျိုးမိတ်သင်္ဂဟ၊ ချစ်မောင်ညီမတွေ ကို ဧည့်ခံချင်စိတ် ပေါက်မသွား ပေဘူးလား အစ်မချစ်။

    ReplyDelete
  7. ဟာဗျာစောစောစီးစီး ဂလုလိုက်ရတာ
    တံတွေးတွေမျို ဂလုလို့
    အစ်မရေ.... ဂလုဂလု

    မောင်ဘကြိုင်
    နေပြည်တော်မှလာဂလုစသည်

    ReplyDelete
  8. ကိုဟန်ကြည်ပြောတဲ့အတိုင်းပဲ....။

    ReplyDelete
  9. မမရေ...
    အဲဒါတွေတွေ့တိုင်းအူနာအသည်းနာရီိခဲ့ရတဲ့သူငယ်ချင်းမင်္ဂလာဆောင်ကိုပြေးသတိရလိုက်မိပါရဲ့..
    ဘာပဲပြောပြော..သရေကျသွားပါတယ်

    ခင်မင်လေးစားစွာဖြင့်

    မဒမ်ကိုး

    ReplyDelete
  10. အမတင်လိုက်ရင် မင်္ဂလာပြန်ဆောင်ချင်စိတ် ပေါက်ပေါက်သွားတယ်.. အဲဒီလို တစ်ယောက်တစ်ပွဲစီ ကျွေးတာမိုက်တယ်။ အလယ်တည်ပွဲကြီးနဲ့ဆို မအိမ်သူတို့လို အစားနှေး ယူဖို့လက်တွန့်တတ်တဲ့သူမျိုးနဲ့ဆို ငတ်တာများတယ်။

    ReplyDelete
  11. စားချင်လိုက်တာ... ငါးမန်းတောင်ဟင်းချိုကလွဲလို့ အကုန်ကြိုက်တယ်.... နောက်တခါ မချစ်သွားတဲ့နောက် ကပ်လိုက်ရမယ်.... :)

    ReplyDelete
  12. တို့ တော့ ဘဲရည်ခွံကြွပ်ကြော်ပဲ ကြိုက်တယ်။

    ReplyDelete
  13. famous very thin fashion model http://clothingtrends.eu/jeans-category21.html magic touch paris fashion 2724394

    ReplyDelete
  14. ကိုယ့်ဝေစုနဲ့ကိုယ် ဆိုတော့ မြန်မာပြည်က မင်္ဂလာဆောင်တွေမှာလို လုစားစရာမလိုတော့ဘူးပေါ့..ဟိ

    ReplyDelete
  15. မချစ် မသောက်လိုက်တဲ့ ငါးမန်းတောင်စွပ်ပြုတ် ဇွန့်အတွက် ပါဆယ်ထုတ်လာတာ မဟုတ်ဘူး။ ဂလု!

    မင်္ဂလာဇနီးမောင်နှံအတွက်လည်း ဆုတောင်းပေးသွားပါတယ်။

    ဇွန်

    ပီ.အက်စ်. တို့အစ်မ ခုတလော စားပွဲတွေနဲ့ချည်း တိုးနေတယ်နော်။ ;)

    ReplyDelete
  16. မကြီးချစ်..
    ရှလွတ်...ဂလု...(သွားရေကျသံ)
    မင်္ဂလာမောင်နှံရာသက်ပန်ပေါင်းရပါစေလို့..
    ဆုတောင်းပေးပါ၏..

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...