မနေ့က ပိုစ့်တင်ပြီးတဲ့အထိ တချို့က ကျမ ဆီဘူးကနေ ရေးတင်လိုက်တယ် ထင်နေကြတာ...။ ဟုတ်တာပေါ့ ကျမကမှ အော့ဖစ်ရှဲယ်လီ ပြန်ရောက်ပါပြီလို့မှ မကြေငြာခဲ့တာ...ဆိုတော့...။ ဆရာမကြီး မချစ်ကြည်အေး ဆီဘူးက ပြန်ရောက်ပါပြီ မိတ်ဟောင်းမိတ်သစ်များ ပြန်လည် ဆက်သွယ်နိုင်ပါပြီ လို့ လက္ခဏာ ဆရာမလိုလို...မြန်မာဆေးကုစားတဲ့ ဆရာမလိုလိုနဲ့ ပြည်ပေါ်မှာ ရွှေကြော်ငြာ ထုတ်ရမဲ့ပုံ...။ အို...ဘာပဲဖြစ်ဖြစ် တို့က ဆရာမကြီးပဲ...အဲဒီအဆင့်က တပြားမှ လျှော့ဖို့ စိတ်ကူး မရှိပေါင်....:)
ခရီးစဉ် စလိုက်ကြရအောင်။ ကျမတို့နဲ့ အတူ ခရီးစဉ်တလျှောက်လုံး ခေါ်သွားချင်ပါတယ်။ ၁၇ရက်နေ့ ခရီးစထွက်မဲ့ စနေမနက်မှာ ၉နာရီထွက်မဲ့ လေယာဉ်စီးဖို့ အိမ်က အချစ်ဆုံးကြီးက မနက် ၅နာရီတိတိမှာ ကျမကို အိပ်ရာက နှိုးပါတယ်။ ကဲ ခရီးစဉ်မှာ လိုက်ပါမဲ့လူများ မနက် ၅နာရီ အိပ်ရာထ၊ ကျမတို့နဲ့ အတူသွားကြရအောင်ပါ...:)
သူဟာ လေယာဉ်ပျံတွေကို သိတ်ချစ်သူပါ။ လေဆိပ်မှာ ဆိုက်ထားတဲ့ လေယာဉ်ပျံတွေ ကြည့်ရင်း ကော်ဖီဆိုင် ထိုင်ချင်သူ။ လေယာဉ်ပျံကြီးတွေ တွေ့လိုက်ရင်ပဲ အိမ်ထောင်မကျ သေးတဲ့ ရည်းစားဟောင်းကို အမှတ်မထင် ပြန်တွေ့ရသလို ဝမ်းသာတတ်သူ၊ အင်မတန် ပျော်သူပါ။ ချက်အင်ပြီးတာနဲ့ DFSမှာ ဝယ်စရာရှိတာ ဝယ်ပြီး မနက်စာ စားကြပါတယ်။ လေယာဉ်ပျံကြီးတွေ ရှေ့တည့်တည့်က ခုံမှာ ရွေးထိုင်ပါတယ်။
ကော်ဖီဆိုင်မှာ မနက်စာစားတဲ့ အထိ သူ့အကြိုက်ဖြစ်ခဲ့ပြီး စားပြီးတဲ့အခါမှာတော့ ကျမအကြိုက် ဖြစ်ခဲ့ပါတယ်။ သူ ဟိုလျှောက် ဒီလျှောက် လုပ်နေချိန်မှာ ကျမက ဟိုရိုက်ဒီရိုက် လုပ်နိုင်ခဲ့လို့ပါပဲ။ အားမနာပါနဲ့ ပုံတွေကို ရဲရဲသာ ကလစ်ပြီး ကြည့်လိုက်ကြစမ်းပါ....
၉နာရီ တိတိ အချိန်မှန်စွာ လေယာဉ်ထွက်ပြီး Mactan-Cebu Int'L Aiportကို နေ့လည် ၁၂နာရီ မိနစ် ၄၀မှာ ရောက်ပါတယ်။ GMT+8 မို့ စင်္ကာပူနဲ့ အချိန်တူတူပါပဲ။
လာကြိုတဲ့ကားက ဟိုတယ်ကို မပို့သေးပဲ ဟိုမှာ ထမင်းဝိုင်းပြင်ပြီး အသင့်စောင့်နေကြတဲ့ မိတ်ဆွေ အန်ကယ် ဘီလီနဲ့ အန်တီ စူဇန်တို့ အိမ် Danao City ကို တန်းမောင်းသွားပါ တော့တယ်။ ကျမတို့မှာ မနက်စာရော၊ လေယာဉ်ပေါ်မှာ စားထားတာရော အစားတွေက လည်ပင်းအထိ ရှိနေသေးပေမဲ့ စိတ်ကြေနပ်အောင် နဲနဲပါးပါး ဝင်အောင် စားကြရပါတယ်။
ထမင်းစားပြီးမှ အန်ကယ်ဘီလီနဲ့အတူ ခြံထဲ လျှောက်ကြည့်ကြပါတယ်။ ပေ ၁၂၀x၁၄၀ ကျယ်တဲ့ခြံကလေးရဲ့ နောက်ဘက်၊ ဘေးဘက်တွေမှာ စားပင်၊ သီးပင် နဲ့ ပန်းပင်လေးတွေ စုံနေအောင် စိုက်ထားပြီး ကျမတို့ကို မြင်တိုင်း ဟောင်နေတဲ့ ခွေး ၅ကောင် လည်းရှိပါတယ်။ ဒိုဘာမင် ၃ ကောင်က လှောင်အိမ်ထဲမှာ၊ အပြင်မှာ သံကြိုးနဲ့ ချည်ထားတဲ့ တယ်ရီယာ တကောင်ရယ် နောက် ကျမ မသိတဲ့ အမျိုးအစား တကောင်ရယ် ရှိပါတယ်။
ဝိုင်အမ် လို့ခေါ်တဲ့ တယ်ရီယာလေးရဲ့နာမည်က Yahoo Messenger လို့ အန်ကယ်ဘီလီ ပြောတဲ့အခါ ကျမ အတော် ရယ်ချင်မိသွားပါတယ်။ တခြားခွေးတွေရဲ့ နာမည်တွေ ရွတ်ပြတဲ့ အချိန်မှာတော့ မထိန်းနိုင်အောင် ရယ်မိပါတော့တယ်။ Google , Skype, Friendster နဲ့ Twitter တဲ့လေ....ဒါနဲ့ ကျမက အကြံ ပေးခဲ့ပါတယ်။ အန်ကယ်ဘီလီ နောက်ခွေးတွေ မွေးရင် နာမည်ကို Face Book တို့ Blog တို့ ပေးနော် လို့...။
ခဏနားအပြီး အန်ကယ် ဘီလီတို့အိမ်ကနေ နာရီဝက်လောက် မောင်းရတဲ့ ဟိုတယ်ကို ချက်အင် လိုက်လုပ်ပေးပါတယ်။ တခါတည်းမနားပဲ ဆီဘူးရဲ့ အကြီးဆုံး SMရှော့ပင်းမောကို လိုက်ပို့ကြတယ်။ လူတွေက စည်လိုက်တာ...ဖက်ရှင်ရှိုးလည်း ရှိနေတာမို့ ခဏ ဝင်ငေးကြ သေးတယ်။
အဲဒီ စနေညနေ ကိုတော့ ဈေးဝယ်ရင်း၊ SMမှာပဲ ညစာစားရင်း အချိန်ကုန်မှ ဟိုတယ် ပြန်လာခဲ့ကြပါတော့တယ်။
ဟိုတယ် စားသောက်ဆိုင်ရှေ့
ဒုတိယနေ့ တနင်္ဂနွေကျတော့ ဆီဘူးမြို့ထဲ သွားခဲ့ကြရင်း သူတို့ဆီက ဟိုတယ်တွေ အသက်ရှည်ရှည် ရပ်တည်နိုင်ဖို့ ဘယ်လို အားထုတ်ကြရတယ် ဆိုတာ ပြောပြချင် ပါသေးတယ်...
အစားအစာတွေရယ် ဖက်ရှင်ရှိုးရယ် လာမျှော်သွားတယ် အစ်မ :)
ReplyDeleteမစားရဝခမန်းလေးပေါ့ ဟဟ
ခင်တဲ့(ချိုကျ)
ကြွေပန်းကန်လုံး အဖြူလေးအကြောင်း မစားရ အညှော်ခံချင်လို့ ပြောပြပေးပါအုံး အစ်မ...
ReplyDeleteမု ဒိ တ..ာ ပွ...ာ...း...သွားပါဒယ်...:)
မောင်ငယ်
TWZ
ကြောင်လျှောက်စင်ကြီးက အမြင့်ကြီးပါလားဟရို့..မတော် ပြုတ်ကျရင် မေးကွဲပဲ။ ထောင်ထားတဲ့ ပုလင်း ၂ လုံးက ဘာပါလိမ့်။။ ရှလူးး။။။
ReplyDeleteThis comment has been removed by the author.
ReplyDeleteHenry Sy ဆိုတဲ့ ဖိလစ်ပိုင် အချမ်းသာဆုံးဘဲကြီးနဲ့ ပတ်သက်တဲ့ SM ရယ် San Miguel ရယ် တိုက်ဆိုင်စွာ ပါဝင်နေတဲ့ ပို့စ်လေးတစ်ပို့စ် ဖြစ်ပါတော့တယ်၊ ငေးမောပြီး ပြန်သွားပါတယ်။
ReplyDeletehttp://en.wikipedia.org/wiki/Henry_Sy
ပျော်စရာကြီး လိုက်လည်ချင်တယ်။ လိုက်စားချင်တယ်။
ReplyDeleteကြောင်လျှောက်စင်မှာ မောင်လည်း လျှောက်ချင်သပဗျာ။
ReplyDeleteထော့ကျိုး.ထော့ကျိုးနဲ့ပေါ့....
လက်ဆောင်နော်.............
( ကျနော်လည်း ခရီးနဲ့ မအားဘူး ဖြစ်နေတာဗျ။ အခုမှ လာဖြစ်တယ်။ ဟိုသွား ဒီသွားပေါ့။ )
မော်ဒယ်တွေ လျှောက်နေတဲ့ catwalk ကိုကြည့်ပြီး လျှောက်ချင်စိတ်တွေ တစ်ဖွားဖွား ပေါ်လာတယ်..း)
ReplyDeleteဘီယာပုလင်းလေးကြည့်ရတာ ချစ်စရာလေးနော်.အစ်မ..
ခရီးခနခနထွက်ရတာ မနာလိုဘူး.. အားကျလိုက်တာ
မော်ဒယ်တွေ လျှောက်နေတဲ့ catwalk ကိုကြည့်ပြီး လျှောက်ချင်စိတ်တွေ တစ်ဖွားဖွား ပေါ်လာတယ်..း)
ReplyDeleteဘီယာပုလင်းလေးကြည့်ရတာ ချစ်စရာလေးနော်.အစ်မ..
ခရီးခနခနထွက်ရတာ မနာလိုဘူး.. အားကျလိုက်တာ
မုန့် တွေ အများကြီး...ဘာ ...လား..။ စားချင်စရာ
ReplyDeleteမော်ဒယ်ဂဲတွေ လှလှချည်လား... ငမ်းချင်စရာ..
အဆောက်အဦးကြီးတွေ ခန့်ညားလိုက်တာ.. နေချင်စရာ..
ရှူခင်းတွေ လှလိုက်တာ.. ငေးမောချင်စရာ..
ဟာ ဇာတ်လိုက်မင်းသမီး ပျောက်နေတယ်။ အစ်မချစ် ဇာတ်လိုက်မင်းသမီးပုံ တင်ပါဦး..
အမက သူချ ကိုယ်ချ ပါလား။ တယောက်တပုလင်းစီနဲ့..
ReplyDeleteခွေးနာမည်တွေကို သဘောကျသွားတယ် :))
ReplyDeleteမရောက်ဖူးသေးဘူး အစ်မ။ သူတို့ဆီက ဟိုတယ်တွေ ရပ်တည်နိုင်အောင် ဘယ်လို အလုပ်လုပ် ကြတယ်ဆိုတာလဲ သိချင်ပါသေးတယ်။ ကျနော့် သြစတေးလျန်း သူငယ်ချင်း တယောက်ကတော့ ဆီဘူး ကိုကြိုက်လို့ တလဒေါ်လာ ၂၀၀ နဲ့ တိုက်ခန်းငှား ပြီး သူ့ဖိလစ်ပီနို ကောင်မလေး နဲ့၂ လ ကြာ အောင်တောင် သွားနေတယ် ဆိုပဲ။
ReplyDeleteခွေးတွေ နာမယ်ပေးတာ ရီချင်သွားတယ်...
ReplyDeleteစားစရာတွေလဲ စားချင်တယ်...ဆီဘူးကိုလဲ မမချစ်တို့နဲ့ အတူလိုက်လည်ချင်တယ်...
ကြောင်လျောက်စင်ကြီးမှာတော့ မလျောက်ချင်တော့ပါဘူး...
ပြုတ်ကျမှ သွားကျွတ်နေမှာဆိုးလို့...
ဆီဘူးဆိုပြီး ဖတ်တိုင်းလဲ ရန်ကုန်က ကြက်ဆီဘူးကင်ကို ပြေးပြေးမြင်နေလို့ ဒုက္ခရောက်နေသေးတယ်....
ငါးဟင်းလေးကစားချင်စရာလေး....ရှလွှတ်...:P
ReplyDeleteဖက်ရှင်ရှိုးလေးကမိုက်တယ်...။ မော်ဒယ်တွေလဲ အလန်းစားတွေ..။
ဆီဘူးသုံးကိုမျှော်နေမယ်...။
ခင်မင်စွာဖြင့်
မိုးငွေ့
စားစရာ ရှိတာစား သောက်စရာရှိတာ သောက်ပြီး ပြန်ပြီအေ ဒို့ မှာလည်း ဒို့ကိစ္စ ကရှိသေး ဟား ဟားးးးးးးးး
ReplyDeleteဒီနေ့ အသစ်တင်ရအုန်းမယ် ချစ်ကြည်အေး ရေ မျှော်နေမယ်နော်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
စားသောက်ဆိုင်ရဲ့ Decoration ကို သဘောကျမိတယ်..
ReplyDeleteပြီးတော့ မော်ဒယ်တွေး)
ဘီယာပုလင်းကလည်း သောက်ချင်စရာ။
ငေးသွားတယ်။
ReplyDeleteခွေးနာမည်တွေက လန်းတယ်ဗျာ...
ReplyDeleteဇွန်ကလည်း ခွေးနာမည်တွေကို သဘောကျနေတာ။ ဟုတ်ပ နောက်တစ်ခါဆို အစ်မထပ်ဖြည့်ပေးတဲ့နာမည်တွေ ပေးရမယ်။း)
ReplyDeleteဆီဗူး ခရီးစဉ် ဖတ်ရှု့ သွားပါကြောင်း မချစ်ကြည်အေး
ReplyDeleteပြန်ရောက်နေတာ တကယ်မသိပါဘူးခင်ဗျာ။
"ခုမှပဲ အင်တာနက် ဝင်လို့ရပါတယ်...Cebuမြို့ ဖိလစ်ပိုင်မှ အားလုံးကို သတိရ နှုတ်ဆက်လိုက်ပါတယ်။ ဂျီမေးလ်ကတော့ ကော်နက်ရှင်ကြောင့် တချို့တွေ ဖွင့်လို့ မရနိုင်ပါလို့ ဆိုပါတယ်။ ဒါ့ကြောင့် ဖွင့်မဖတ်ရသေးပါဘူး။ " ထင်နေတဲ့သူတွေကိုလဲ အပြစ်မဆိုနဲ့လေကွယ် ငှယ်ငှယ်
ReplyDeleteမော်ဒယ်တွေကို ၅ခါကြည့်သွားသည်
ReplyDeleteမအယ်ရဲ့ hacker ရယ် virus ရယ် စပိုင်ဝဲရယ် ဆိုတဲ့ ၃ကောင် ခေါ်သွားရင် ဦးဘီလီတို့အိမ်ကို စိတ်ကြိုက် သမဖို့လောက်တော့ ပျင်းတောင် ပျင်းသေးတယ်။ :))
ReplyDeleteမအယ်
ဂလု ဂလု အဟွတ်ဟွတ်
ReplyDeleteဂလုဂလု အစားသောက်တွေကို စိတ်နဲ့မှန်း ဂလုသွားပါသည်
မော်ဒယ်ဂဲလ်တွေကို ပြုးပြဲကြည့်သွားပါသည်း)
မောင်ဘကြိုင်
ဖက်ရှင်ရှိုးကလဲ ဝေးလိုက်တာ.နော်..
ReplyDeleteဆီးဘူး ခရီးစဉ်တွေ အကုန်ဖတ်သွားပါသည်။ လက်စသတ်တော့ ပျောက်နေတာ ခရီးထွက်နေလို့ကိုး။ တိုက်တိုက်ဆိုင်ဆိုင်နော်။ တို့လဲ ဟိုအပတ်က သွားခဲ့တဲ့ ခရီးအကြောင်း ရေးဖို့ရာ ... အပျင်းထူနေလို့ ...
ReplyDeleteဆီးဘူးကို အလုပ်ကိစ္စနဲ့ တစ်ခေါက်ရောက်ဘူးတယ်။ စက်ရုံမှာပဲ အချိန်ကုန်လို့ ဘယ်မှ မရောက်ခဲ့ရဘူး။ အကြည်ရေးတာပဲဖတ်လိုက်တော့မယ်နော်။
Cebu ခရီးစဉ် အစ ပေါ့...
ReplyDeleteခွေးနာမည်တွေကို တော်တော်သဘောကျသွားတယ်...
ပေးလဲ ပေးတတ်ပ...