ဆီဘူးမြို့ဟာ သာယာလှပပြီး မိုးမရွာရင် အင်မတန် ခြေခင်းလက်ခင်းသာတဲ့မြို့ကလေးပါ။ ဒီခရီးက Leisure သက်သက် မဟုတ်ပဲ personal နဲ့ twistဖြစ်တာကြောင့် ကိုယ့်အစီအစဉ်နဲ့ကိုယ် မဖြစ်တော့ပဲ မြို့ခံမိတ်ဆွေတွေရဲ့ လက်ထဲကို ကျမတို့ရဲ့ သွားရေးလာရေး ဝကွက်အပ်ထားရတဲ့ ခရီးမို့ အင်မတန် ဇိမ်ကျနေတယ်လို့ ဆိုနိုင်ပါတယ်။ သူတို့က ဘယ်သွားသွား ကားနှစ်စီးနဲ့ ရှင်လောင်းလှည့်သလို တအိမ်လုံး လိုက်လာချင်သူတွေဖြစ်ပြီး ကျမတို့ နှစ်ယောက်ထဲဆို စိတ်ချလက်ချ ဘယ်ကိုမှ မလွှတ်ကြပါဘူး။
ခုလည်းပဲ သူတို့လာခေါ်မဲ့ ကားစောင့်ရင်း ရေးနေတာပါ။ ဒီဟိုတယ်မှာ အင်တာနက်က အိပ်ခန်းထဲမှာ မမိပဲ ဟိုတယ် စားသောက်ဆိုင်နဲ့ ဟိုတယ် လော်ဘီထဲမှာပဲ ကော်နက်ရှင် မိပါတယ်။ လော်ဘီကလည်း ကျဉ်းတဲ့အပြင် လူဖြူ အထီးကြီးက တချိန်လုံး သူ့အိမ်သူ့ရာလို နေပြီး အင်တာနက် သုံးနေတာကြောင့် မသွားချင်၊ စားသောက်ဆိုင်ကျတော့လည်း ညဘက် ကျမတို့ ပြန်လာတာနဲ့ သူကပိတ်သွားတော့ တော်တော် ခက်နေပါတယ်။ ခုမနက်လေးတော့ ကံကောင်း ထောက်မစွာ ကားလာမကြိုခင် နဲ့ အိမ်ကလူကြီး Hotelက SPA မှာ အနှိပ်ခံနေတုန်း ကျမက ဖျာဝင်ခင်းလိုက်တဲ့ သဘောပါပဲ...:)
ဒီပို့စ်ကတော့ ဓါတ်ပုံတင်မရလို့ သတင်းပေး နှုတ်ဆက်ချင်တာ သက်သက်ဖြစ်သွားပါတယ်။ ရေးဖော် သူငယ်ချင်းတွေအားလုံးနဲ့ ကျမ ခရီးမထွက်ခင် တက်ဂ်ပိုစ့်လေး တခုတ်တရ ရေးပေးခဲ့တဲ့ ညီမလေးများ၊ကျမရဲ့ ဘလော့ကို လာလည်ကြသော မိတ်ဆွေများ ကိုလည်း ကျေးဇူးတင်၊ သတိရနေတဲ့ အကြောင်း၊ ပြန်လာရင် စာတွေ အကြွေးဆပ်ပြီး လိုက်ဖတ်ပါ့မယ်လို့လည်း ပြောချင်တဲ့ အကြောင်း ဒီကနေ လှိုက်လှိုက်လှဲလှဲ ပြောရင်း ပြန်လာမှပဲ တွေ့ကြရအောင်နော်....။
ဆီဘူးရောက်တုန်း ကြက်ဆီဘူးများများစားခဲ့ပါအစ်မရာ..
ReplyDeleteပြန်လာမှ ပုံတွေကြည့်တော့မယ်...။
ReplyDeleteHave a nice holiday!!!
ReplyDeleteအတွေ့ အကြုံတွေပြောပြပါအုံးနော်။
ဖီလစ်ပိုင်သူငယ်ချင်းတွေကတဆင့် ကြားဖူးနေပေမဲ့ 
မြန်မာတယောက်ရဲ့ အတွေ့ အကြုံကို သိချင်နေပါတယ်။
အစ်မက အတော့ကို သံယောဇဉ်ကြီးတတ်တယ်နော်...
ReplyDeleteသတိတရနှုတ်ဆက်တာ ကျေးဇူးပါအစ်မရေ..
ခရီးသာလို့ ကျန်းမာပျော်ရွှင်ပါစေ..
ဓာတ်ပုံတွေအများကြီး ရိုက်လာနိုင်ပါစေနော်..
Have a nice trip! :)))
ReplyDeleteခင်မင်တဲ့
နေ၀သန်
ပျော်ရွှင်စရာ ခရီးလေး ဖြစ်ပါစေ အမရေ.......
ReplyDeleteမမချစ်ပျော်ရွှင်ပါစေနော်.....
ReplyDeletehave a nice trip. ဓါတ်ပုံလှလှလေးတွေ ရိုက်ခဲ့နော်... ပြီးရင် ဘလော့မှာ ကြွက်ချောက်ပေါ့... အဲ မွှားတွားတယ်.... ဘလော့ပေါ်မှာ ညီမလေးတို့ကို ပြန်ကြွားပါလားလို့......
ချစ်လို့ ကျီစယ်သွားတယ်နော်....
ဒွေးဆပ်ပြာမှုန့်ကြော်ငြာထဲကလိုလေ... ချစ်လို့ကျီစယ် သေသွားတယ်... ဘာဖြစ်လဲ ဘာဖြစ်လဲ....(တကယ်က... ချစ်လို့ ကျီစယ် ပေသွားတယ်..)
:)
ဒါပဲနော် မုန့်များများဝယ်ခဲ့..းD
ReplyDeleteLooking forward to see the fotos. :)
ReplyDeleteEnjoy your holidays over there!
ဟိုနေ့က မမှာလိုက်ရဘူး။ မုန့်ဒွေအညားဂျီး ၀ယ်ခဲ့း))
ReplyDeleteစီးဗူး မှာ ချီးဗူးတို့ အဖွဲ့ ရောက်နေကြတာကိုး
ReplyDeleteပျော်စရာ ခရီးဖြစ်ပါစေ အစ်မချစ်..
ReplyDeleteခင်တဲ့
ယွန်း
ဟောဗျာ ဆီဗူး ကို ရောက်နေတာ ဆီတစ်ပေပါလောက်ခပ်ခဲ့ ပေးပါ။
ReplyDeleteကဘူးမှာ ပြန်ရောင်းစားမယ်။
သြော် အိမ်ကလူကြီး အနှိပ်ခံတုန်း ဖျာခင်းတဲ့ ပို့စ် နဲ့တိုးနေပါရောလား။
ခရီးစဉ်အားလုံး ပျော်ရွှင်နိုင်ပါစေ။
ဂလိုလား...
ReplyDeleteပျောက်နေတယ်လို့တော့ ထင်သား...
မနာလိုဖြစ်သွားကြောင်း ၀န်ခံပါရစေ...:)
အရင် လိုအသေးစိပ် လေးတွေဆက်ရေးပါဦး.. :-)
ReplyDeleteဆီဗူးမှာ ချီးဗူးတွေ သောင်းကျန်းနေတယ်တဲ့..။.
ReplyDeleteအမချစ်က ခရီးသွားနေတာကိုး ပျောက်နေပါတယ်လို့...။ ပြန်လာရင် ၀ယ်လာတဲ့ ပစ္စည်းလေးတွေ ကြွားပြဦး အမသွားတဲ့ စီဗူးမှာ ဘာတွေပေါလဲ...စိတ်ဝင်စားတယ်...။ တဂ်ပို့စ်လေး ပြီးကြောင်းပါး အမ..။
ReplyDeleteခင်မင်စွာဖြင့်
မိုးငွေ့
ဟဟး) စီဗူးက ချီးဗူးအဖွဲ့ခေါင်းဆောင် မချစ်ရေ... ဖီလယ်ပီးမလေးတစ်ယောက်လောက် တားအတွက်း)း)
ReplyDeleteပြန်လာရင် နောက်ထပ်ခရီးသွားဆောင်းပါးကောင်း တခု မျှော်လင့်လျက်...
ReplyDeleteချစ်ခင်စွာ..
စုချစ်