ငါ ဆိုတဲ့ကောင်က ဟောဒီ့ပုခုံးနဲ့ ထမ်းတင်ခဲ့ရတာပါ လို့
ပရိသတ် ဗိုလ်ပုံအလယ် ငါ ဘယ်နှစ်ခါများ ကျူးရင့်ခဲ့ဖူးသလဲ.....
ငါ့ ကောင်းကင်ကြီး တခုလုံး ထက်ပိုင်းချိုးလို့ ရခဲ့မယ်ဆိုရင်တောင်
ကောင်းကင်တဝက်မဟုတ် နှစ်ပိုင်းစလုံး မင်းအပိုင်ယူ
ပေးအပ်လိုက်အုံးမဲ့ လူရယ်ပါ.....
ဧတဒဂ်ရ လေးသည်တော်ရဲ့ မြားချက်တွေအလား
မင်းနှုတ်ထွက် စကားတွေ အဆိပ်လူး
ငါ့ တကိုယ်လုံး ဆူးခံခဲ့ရတဲ့ ကောင်ရယ်....
မာယာတွေပါ လို့ အသေအချာ သိနေလည်း
ကျွမ်းကျင်တတ်မြောက်တဲ့ စကားလုံး ပင်လယ်ထဲ
အလဲလဲ အကွဲကွဲမျောရင်း အသက်ရှင်ခြင်းတွေ ဆက်နေခဲ့ရတဲ့ကောင်....
ယုံချင်မှ ယုံပါမေ
မင်းဆီက အပြုံးတုလေး တပွင့်တလေ ကြွေကျလာရင်တောင်
မော့သောက် မြိုချမိတဲ့ကောင်...
တခါတခါ...
ငါ....
စာလုံးမပေါင်းတတ်တော့တဲ့ ဆန္ဒတွေ
ဝိညာဉ်မဲ့နေတဲ့ အတ္တတွေ
အရိပ်အရောင် မထင်တော့တဲ့ ငါ့အသက်ရှုသံတွေကြား
ငါ့ကိုယ်ငါ အပြေးအလွှား လိုက်လံ ရှာဖွေနေမိတယ်......
စကားလုံးမပေါင်းတတ်တော့တဲ့ ဆန္ဒတွေ
ReplyDeleteဝိညာဉ်မဲ့နေတဲ့ အတ္တတွေ
အရိပ်အရောင် မထင်တော့တဲ့ ငါ့အသက်ရှုသံတွေကြား
ငါ့ကိုယ်ငါ အပြေးအလွှား လိုက်လံ ရှာဖွေနေမိတယ်......
ကောင်းလိုက်တဲ့ကဗျာလေးး))) အမ ကဗျာရေးတာ ရှားတယ်နော် ရေးတော့လည်း တကယ်ကောင်းတဲ့ ကဗျာလေးပါပဲး))))
ဟေ....
ReplyDeleteငါ့အစ်မ ကဗျာတွေရေးပြီ
“ယုံချင်မှ ယုံပါမေ
မင်းဆီက အပြုံးတုလေး တစက်တလေ ကြွေကျလာရင်တောင်
မော့သောက် မြိုချမိတဲ့ကောင်...” တကယ်ကောင်းတယ်အဖွဲ့ပဲ
ကြိုက်တယ်ဗျာာာာ
ကဗျာလေးက ခံစားချက်တွေစီးမျှောလို့ဘဲ..
ReplyDeleteတိုက်ဆိုင်မှုသာရှိနေရင် တော်တော်ခံစားလို့ကောင်းလိုက်မဲ့ဖြစ်ခြင်း...
အစ်မကတော့ စွယ်စုံပါဘဲလေ..
ချစ်ကြည်အေး ရေ
ReplyDeleteကဗျာလေး လာဖတ်သွားတယ်နော်
လှပါ့ဗျ,...
ReplyDelete“ငါ့ ကောင်းကင်ကြီး တခုလုံး ထက်ပိုင်းချိုးလို့ ရခဲ့မယ်ဆိုရင်တောင်
ReplyDeleteကောင်းကင်တဝက်မဟုတ် နှစ်ပိုင်းစလုံး မင်းအပိုင်ယူ
ပေးအပ်လိုက်အုံးမဲ့ လူရယ်ပါ.....”
မိုက်တယ်ကွာ ငါ့အမချစ် လက်စောင်းထက်ပုံများ....ကဗျာဆရာတွေရှုံးလောက်တယ်..။
ခင်မင်စွာဖြင့်
မိုးငွေ့
ဘယ်ဟော်တယ်တက်ပြီးရေးထားတဲ့ ကဗျာလည်း ။ နောက်နဲ့နော်..။
ReplyDeleteလည်းမဟုတ်။။ လဲ။
ReplyDeleteမင်းဆီက အပြုံးတုလေး တပွင့်တလေ ကြွေကျလာရင်တောင်
ReplyDeleteမော့သောက် မြိုချမိတဲ့ကောင်... တဲ့လား
မိုက်တယ်ဗျာ ကဗျာလေးက..။
ကျွန်တော်လည်း အဲလိုကဗျာလေးတွေရေးတတ်ချင်လိုက်တာ..။
လုံးဝကိုမရေးတတ်တာကခက်တယ်..။
စကားလုံးတွေ ရေလည်လန်းတယ်.....
ReplyDeleteခင်မင်တဲ့
နေ၀သန်
အစ်မရေ...အနင့်နာခံမှု့ ပေးဆပ်မှု့ ခံစားတတ်မှု့ တွေပြည့်နေတဲ့ ကဗျာကောင်းလေးတစ်ပုဒ် ကို စိတ်နဲ့ဖတ်သွားပါတယ်။ နောင်လည်း ကဗျာတွေရေးနိုင်ပါစေလို့.....။
ReplyDeleteခင်တဲ့(ချိုကျ)
ကဗျာကို ခံစားသွားပါသည် ငါ့ကိုယ်ငါ အပြေးအလွှား လိုက်လံ ရှာဖွေနေမိတယ်...... ရှာဖွေနေတုန်းပါပဲ။
ReplyDeleteကောင်းပါ့။ လာရောက်ခံစားသွားပါတယ်။
ReplyDeleteကဗျာလေးက ထိတယ်။ ဖတ်ရတာ ကြိုက်လိုက်တာ.
ReplyDeleteစကားလုံးတွေ မိုက်တယ်ဗျို့။ နောက်ဆုံးနှစ်ပိုဒ်ကို အကြိုက်ဆုံး
ReplyDeleteမကြီးအေးဗျာ...
ReplyDeleteကဗျာလေးဖတ်ပြီး..... ဘာဖြစ်သွားမှန်းတောင်မသိတော့ဘူး....း((
ခင်မင်ခြင်းအားဖြင့်.........
ဏီလင်းညို
ငါ့ ကိုယ်ငါတွေ့ နိုင်ပါစေ လို့ ရင်ကိုဖွင့် ချလိုက်တယ်
ReplyDeleteဖတ်ပြီး မျက်ရည်ဝဲသွားလို့ ပြန်ပြီး((
ReplyDeleteစကားလုံးတွေက မာလှချည်လား အစ်မရ..
ReplyDeleteဘယ်က ဘယ်လို ဘာခံစားချက်နဲ့ ရေးတာလဲ စိတ်ဝင်စားမိတယ်။
ကဗျာလေးကြိုက်တယ် အစ်မရေ..