စမ်းရေ...
ညင်ညင်သာသာလေးပါပဲ...စီးမြဲ ဆင်းမြဲ...
မျက်နှာမူရာဘက် ဦးတည်၊ ခြေဦးလှည့်တဲ့နောက် လမ်းပေါက်အောင်လျှောက်တယ်...
အရောင်အဝါ တောက်ကြွားလိုက်ပုံကတော့
ကမ္ဘာကိုတောင် ထုတ်ချင်းပေါက် လင်းချင်းတယ်။
တသွင်သွင် တစိမ့်စိမ့်...ငြိမ့်ငြိမ့်ကလေး ပါပဲ...
မျက်နှာပြင်ကြည်တော့ မြင်မြင်သမျှ မဖောက်မပြန်
အရှိအမှန်တိုင်း ထင်ဟပ်တယ်။
နွဲ့နွဲ့ကလေးပဲ...
ဒါပေမဲ့...
အရှိန် ရှိတယ် အရွေ့ရှိတယ်
အင်အားရှိတယ် မေတ္တာတရားရှိတယ်
ရိုးဂုဏ်ရှိတယ် ဉာဏ်ပညာရှိတယ်
အလင်းရှိတယ် ခွင့်လွှတ်ခြင်းရှိတယ်
တားဆီးလို့မရဘူး
ပိတ်ပင်လို့မရဘူး
ချည်နှောင်လို့မရဘူး
သူ့မူ သူ့ဟန်အတိုင်း တစ်လှမ်းချင်း...
ဘယ်တော့မှ နောက်ပြန်မစီးဆင်းမဲ့
သူမဟာ
သဘာဝရဲ့ စမ်းရေကြည်...
သဘာဝရဲ့ စမ်းရေကြည်.....
ဟုတ်တယ်.....သူမ ဟာ သဘာဝရဲ့စမ်းရေကြည်...၊ပြီးကျွန်တော်တို့ရဲ့ စမ်းရေကြည်....။
ReplyDeleteချစ်ကြည်အေး ညီမရေ
ReplyDeleteညီမ ရဲ့ စမ်းရေကြည်လေး ကို ဘယ်တော့ မှ သောက်သုံးခွင့် ရမလည်း ဆိုတာ သိချင်လိုက်တာ
အားလုံး နဲ့ အတူ ထာဝရ သောက်သုံးနိုင်ရန် ဆုမွန်တောင်းပါတယ်
ရွှေစင်ဦး
အမချစ်
ReplyDeleteသဘာဝစမ်းရည်ကြည်လေးကို အားလုံးနဲ့အတူ အမြန်ဆုံးသောက်သုံးနိုင်ဖို့ ဆန္ဒပြုပါတယ်။
ဘယ်တော့မှ နောက်မဆုတ်စတမ်းးးးးးးးးးးးးးးးး
ကဗျာလေးအတွက် ဂုဏ်ယူပါတယ်အမချစ်။။။
ချစ်တဲ့
ညီမသဒ္ဓါ
ရေကြည် ချမ်းမြတပေါက် မြန်မြန်သောက်ပါရစေ
ReplyDeleteခင်မင်တဲ့
seesein
မြင်မြင်သမျှ မဖောက်မပြန် အရှိအမှန်တိုင်း ထင်ဟပ်တယ် ...တဲ့လား၊
ReplyDelete'သူမ' ကို စမ်းရေလို့ ပုံနှိုင်းတာ သဘောကျလိုက်တာ၊ အေးချမ်းတယ်၊ အရွေ့ရှိတယ်၊ တောက်လျှောက် စီးတယ်၊ ဒီကဗျာကို ဖတ်ပြီးတဲ့နောက် လက်မတွေ ၂ ချောင်းထက် ပိုလိုချင်မိတယ်၊ လောလောဆယ်တော့ ရှိတာနဲ့ပဲ 2 thumbs up...!!!!!
have read and enjoy your spring water, may the spring falls forever.
ReplyDeletenang myint
အမချစ်ကြည်ကဗျာလေး လှလိုက်တာ ...
ReplyDeleteစမ်းရေနဲ့နှိုင်းထားတာ သိပ်သဘောကျတယ်။
နွဲ့နွဲ့လေးပဲ ... အင်အားရှိတယ် ... ဘယ်တော့မှနောက်ပြန်မစီးဘူး ...
မှန်လိုက်တာ အမရယ် ...
စမ်းရေလိုပဲ အမြဲအေးချမ်းပါစေ ....
ဒီကဗျာလေးဖတ်ပြီး the brook ကိုသွားသတိရတယ်..မမရေ..သိပ်ဆက်စပ်မှုမရှိသော်လည်း..း))
ReplyDeleteတကယ်ကောင်းတဲ့ ကဗျာလေး..။ ဟုတ်တယ် သူမဟာ အမြဲအင်အားရှိတဲ့ နွဲ့နွဲ့ကလေးပါပဲ...။ ဒါပေမယ့် ဘယ်တော့မှာ နောက်မရွံ့ဘူး..
စမ်းရေက အင်အားကို ပေးတယ်။ ငြိမ်းချမ်းမှုကိုပေးတယ်။ သာယာမှုကို ပေးတယ်။
ReplyDeleteမြတ်နိုးစရာလေးပါ။
ခင်မင်လျက်
စမ်းရေနဲ့တူတဲ့ သူမ ငြိမ်ငြိမ့်ညင်သာ သို့သော် အင်အားရှိစွာ အမြဲထာဝရစီးဆင်းနိုင်ပါစေ.........
ReplyDeleteမချစ်ရေ စမ်းရေကြည်ကြည်လင်လင်လေး နွဲ့နွဲ့လေး စီးဆင်းနေမြဲ .. အနှောက်အယှက် အဆီးအတားများကို ဖွဖွငြင်သာကျော်ဖြတ်ရင်း နောက်ထပ် နှစ်ပေါင်းများစွာ ဆက်လက်ရှင်သန်စီးဆင်းနေနိုင်ပါစေလို့ ဆန္ဒပြုမိပါတယ်ရှင်..
ReplyDeleteကျွန်တော်တို့အားလုံးရဲ့ စမ်းရေကြည်ပါပဲ။ အနှောင့်အယှက်ကင်းကင်း ကြည်လင်သာယာစွာ ရည်ရွယ်ရာကို ဆက်လက်စီးဆင်းနိင်ပါစေ။
ReplyDeleteရုတ်တရက် ခေါင်းစဉ်ကို ဖတ်ပြီး လူအမည် အောင့်မေ့လို့ ... :P
ReplyDelete"Men may come and men may go but i go on forever."She may go on for ever.Thanks......Gyidaw
ReplyDeleteမမချစ်..၊ ဒီလောက်လှတဲ့၊ ကွက်တိဖြစ်တဲ့ အတွေးလေး ဘယ်လိုရလိုက်တာတုန်းဗျာ..။ စမ်းရေ..တဲ့လေ။
ReplyDelete