Wednesday, June 8, 2011

ဤ = ကျွဲ


ရာသီတွေ ပျက်နေတဲ့ ယန္တရားတစ်ခုထဲမှာ
ဝဿန်လွန်မှ ရွာချလိုက်တဲ့ မိုးအတွက်
ဘယ်သူကမှ စိတ်ပျက်လက်ပျက် ဖြစ်မနေခဲ့ဘူး။

သူကပဲ ပက်ပက်စက်စက် ကာလအတွက်အချက် မှန်နေခဲ့သလိုလို
ထစ်ချုန်းမိုးဟာ ရွာရိုးကိုးပေါက် မျက်နှာပြောင်တိုက် လျှောက်တယ်
ဒါတင်မက....
ဝင့်ဝင့်ထည်ထည်  ပြိုးကနဲ ပြက်ကနဲ ခြိမ်းများတောင် ခြိမ်းနေလိုက်ပုံ...။


နောက်ဆုံးတော့ အောင်ရမည် သုံးကြိမ် ဟစ်ကြွေးပြီး အခမ်းအနားကို ရုတ်သိမ်းတယ်
ကဲ...လူကြီးမင်းများ သဘောတူရင် လက်ခုပ်တီးကြပါ....




24 comments:

ဆုမြတ်မိုး said...

လှလိုက်တဲ့ မိုးအဖွဲ့လေးး)

An Asian Tour Operator said...

Like

နေ၀ဿန် said...

ခေါင်းစဉ်နဲ့ ကဗျာလေးကို ဆက်စပ်ပြီး တွေးနေပေမယ့် အဖြေတော့မရဘူး....း(


ခင်မင်လျက်
နေ၀ဿန်

Turn On Ideas said...

အတော့်ကို ပက်ပက်စက်စက် မျက်နှာပြောင်တိုက်နေကြတဲ့ ကျွဲသမားတွေပဲ...
ကျွဲသမားတို့ရေ...
ပွဲပြီးတိုင်းမီးသေတာမဟုတ်တော့ တငွေ့ငွေ့လောင်နေဆဲမီးတွေ ပြာဖုံးနေတုံးတော့ သာအုံးပေါ့ကွာ...

ပန်းချီ said...

သဘူမတောပါဘူး...သဘူမတောပါဘူး...း)))

SHWE ZIN U said...

ထစ်ချုန်းမိုးဟာ ရွာရိုးကိုးပေါက် မျက်နှာပြောင်တိုက် လျှောက်တယ်

ထစ်ချုန်းမိုး ဟာ ဘယ်သူများပါလိမ့်

သဘောတူပါတယ် လက်ခုပ် လည်း တီးပါမယ် အဲ ဒါနဲ့ ဘာပြောသွားတာပါလိမ့်

လပြည့်ဝန်း said...

ခေါင်းစဉ်ကို သိပ်နားမလည်ပေမယ့် ကဗျာလေးကို သဘောကျတယ်။

မအိမ်သူ said...

လက်ခုပ်တီးချင်ပေမဲ့ တီးလိုက်ရင် ကျွဲဖြစ်သွားမှာလားလို့လဲ တွေးနေမိတယ်။ “ဤ” ကိုတော့ ကျွဲမဖြစ်စေချင်တာ အမှန်ပါ။ စဉ်းစားရင်းနဲ့ လက်ခုပ်မတီးဘဲ ပြန်သွားတယ် အမရေ...

Anonymous said...

မျက်နှာပြောင်တဲ့ မိုးကို သိပ်တော့ မတည့်ချင်ဘူး

ခင်မင်တဲ့
seesein

Laypyay said...

I like your blog :-)

Laypyay said...

Great ! Ma Ma Chit

ချော(အစိမ်းရောင်လွင်ပြင်) said...

ထစ်ချုန်းမိုးဟာ ရွာရိုးကိုးပေါက် မျက်နှာပြောင်တိုက် လျှောက်တယ်
တဲ့
ဟိဟိ ဟုတ်တယ် ဟုတ်တယ် ဟိုတစ်လောကတောင် မျက်နှာပြောင်တိုက်ပြီး လျှောက်သွားနေတာ တွေ့ခဲ့တယ်။
လက်ခုပ်တီးနေသူတွေလည်း အများကြီးဘဲး)

sonata-cantata said...

ကကြီး ယပင့် တချောင်းငင် သတ် မဟုတ်ဘူးလား...
ဘလော့ဂ်ပေါ်မှာပဲ ငြင်းရဲတာပါး(

မိုးချိုသင်း said...

တီးဘူးးးး

Nyi Linn Thit said...

Wow... လှလိုက်တဲ့ ကဗျာလေး...၊ နမိတ်ပုံတွေကို သုံးထားတာလည်း သဘောကျလိုက်တာဗျာ...၊ မျက်နှာပြောင် တိုက်တာ ကြာနေပြီ ဖြစ်တဲ့ အဲဒီ “မိုး” ကတော့ အများညီညီ မညီညီ... တစ်ယောက်ထဲ ကျွဲပစ်လိုက်တာပါပဲ၊ လက်ခုပ်တီးရမယ့် လူကြီးမင်းတွေကကော...၊ ရွှေအတိ ချထားသော လက်ဖြင့် တီး၍ ရယ်ရမှာလား...။ ;-)

မိုးငွေ့...... said...

ဟွန့်....ကဗျာလေးတော့ကောင်းပါတယ်...ဒါမယ့် တီးဘူးးးး

သက်ဝေ said...

အောင်ရမည် အစား တို့အရေးဆိုရင် လက်ခုတ်တီးမယ်... ဒါပဲ...။

ညိမ်းနိုင် said...

ကဗျာလေးက လှတယ်....၊လက်ခုတ်တော့ တီးဝူး....

မောင်မျိုး said...

ဖြောင်း ဖြောင်း ဖြောင်း


တီးပါတယ်

ပုံ / လူကြီးမြင်း မောင်မျိုး

မေသိမ့်သိမ့်ကျော် said...

သဘောတူပါတယ် - ၃ ခါ အော်လိုက်မယ်နော်။ လက်ခုပ်တီးသွားပြီ နော် မမချစ်။

ခင်မင်လေးစားလျက်

Naw Phaw said...

လူကြီးမင်း မဟုတ်လို့ လက်ခုပ်မတီးသွားပါဘူး... :)

sosegado said...

တစ်ချိန်တုန်းကဖြစ်ပါလိမ့်မယ်၊ ခုတော့ပိုဆိုးသလိုပဲ မိုး၊

မြစ်ကျိုးအင်း said...

လက်ခုပ်တီးတီး မတီးတီး ဤလည်း ကျွဲ ပဲတဲ့။

White said...

အများညီမှ "ဤ" "ကျွဲ" ဖတ်တဲ့ ခေတ်မဟုတ်တော့ဘူး ထင်တယ်နော်..။ ညီညီမညီညီ "ဤ" သည် "ကျွဲ" တဲ့...။ ထစ်ချုန်းမိုး မျက်နှာပြောင်နေပုံများ ပြောပါတယ်...။ :P

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်