Sunday, May 1, 2011

ကိုကြီးကျောက်ရေ.....


ဒီမနက် ဘလော့ဂ်ဂါမောင်ငယ် TZA ဆီက ကြားရတဲ့သတင်း၊ သူငယ်ချင်း သက်ဝေဆီက စကား၊ နောက် မမကွန် ဘလော့ဂ်ပိုစ့်၊ ဖဘစာမျက်နှာပေါ်က ကလူသစ်ရဲ့ စတေးတတ်စ်...။ ကျွန်မ မသေချာချင်သေးဘူး...။ နောက်တော့ ကိုကြီးကျောက်ရဲ့ ဘလော့ဂ် စီဘောက်က စကားတွေ...။ သေချာသွားခဲ့ပြီ။ မမျှော်လင့်ထားတဲ့ အချိန်ကျမှ ခေါ်ငင်သွားလေတယ်။ တုံးကျော်ကျောက်ရယ်လို့ အံ့ဩဝမ်းသာချိန်ကျကာမှ ချိုးဖဲ့ ဖျက်ဆီးခံရလေတယ်။ ရင်ထဲမကောင်းလိုက်တာ၊ ကိုကြီးကျောက်က အသက် ၅၃ကျော် ၅၄ထဲအဝင် ရှိသေးတာ။ နေမယ်ဆို နေနိုင်သေးတဲ့ အသက်နဲ့ အရွယ်မှာ....။

သူ့ဘလော့ဂ်ဖတ်သူတွေကို ပေါ့ပါးရယ်ရွှင်ဖွယ် အရေးအသားလေးတွေနဲ့ ဘဝအမောပြေစေခဲ့သူ၊   သေကောင်ပေါင်းလဲ ရောဂါကြီးကို ရယ်ရယ်မောမောနဲ့ မျက်နှာချင်းဆိုင်နိုင်လောက်အောင် စိတ်ဓါတ်ခိုင်ကျည်သူ၊ ဘယ်သူကိုမဆို မေတ္တာပေး၍ အားလုံးဆီက မေတ္တာတွေ ပြန်လည် ခံယူနိုင်ခဲ့သောသူ... ကိုကြီးကျောက်တယောက် သူ့ရဲ့နောက်ဆုံးအချိန်မှာ သူပြုခဲ့ဖူးသော ကုသိုလ်၊ အားထုတ်ခဲ့ဖူးသော ဘာဝနာများအား အမှတ်ရရင်း ရဲရဲဝံ့ဝံ့ အေးအေးချမ်းချမ်း ရှိသွားခဲ့မယ်လို့ ယုံကြည်မိပါရဲ့...။

ကိုကြီးကျောက်ရေ...
သေခြင်းတရားရဲ့ အစိုးမရမှုတွေကို ကြိုတင်ပြင်ဆင်ချိန် ရသွားခဲ့တဲ့သူမို့ အနိုင်ပိုင်းခွင့်ရသွားလေခြင်းလို့သာ လက်ခံလိုက်ပါရစေတော့ အကိုကြီးကျောက်ရေ....။ ပျော်ရွှင်တတ်၊ စနောက်တတ်တဲ့ ကိုကြီးကျောက် ဒီပိုစ့်မှာ နှမမယ်ချစ်ကို စနောက်လိုစိတ်တွေနဲ့   ကော်မန့်လာမရေးပါနဲ့တော့နော်။ မယ်ချစ် ငိုမိပါလိမ့်မယ်....။

ချစ်သော ကိုကြီးကျောက် ကောင်းရာသုဂတိလားပါစေ....


24 comments:

  1. ခရစ္စတလ်Sun May 01, 12:00:00 PM GMT+8

    ကောင်းနေလိမ့်မယ်လို့ပဲ မျှော်လင့်ထားတာ အစ်မရယ် စိတ်မကောင်းလိုက်တာ ....

    ReplyDelete
  2. ကိုကြီးကျောက် ကောင်းရာ သုဂတိ လားပါစေး(

ှဗညားရှိန်

    ReplyDelete
  3. I really though he is getting better! Sad :-(

    ReplyDelete
  4. အဖြူရောင်နတ်သမီးSun May 01, 03:41:00 PM GMT+8

    ဘကျောက်တယောက် ကောင်းရာသုဂတိလားပါစေရှင်..။ နောက်ဆုံးအချိန်ထိ တူမကြီးတို့ကို အပျော်တွေပဲ ခံစားစေခဲ့တဲ့ဘကျောက် အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။

    ReplyDelete
  5. အန်ကယ်နိုင် ကောင်းရာသုဂတိ လားပါစေ။ ရောက်ရာဘုံဘ၀မှာ ပျော်ရွှင်ချမ်းမြေ့တဲ့ ဘ၀ကို ပိုင်ဆိုင်ပါစေ။

    ReplyDelete
  6. မြစ်ကျိုးအင်းSun May 01, 04:20:00 PM GMT+8

    ကြားရတဲ့သတင်းက သိပ်ဝမ်းနည်းဖို့ကောင်းပါတယ်။
    ကြားကြားချင်း ယုံတောင် မယုံနိင်ခဲ့ပါဘူး။
    ကိုကြီးကျောက် ကောင်းရာဘုံဘဝ ရောက်ပါစေ။

    ReplyDelete
  7. မရေ...ဖဘမှာ အမသက်ဝေ စတေးတပ်စ်တွေ့လိုက်မိလို့ အံ့သြသွားတာ။ ကြိုသိထားတာတောင် ခုလိုသတင်းကြားတော့ တုန်လှုပ်မိတယ်နော်။ တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။ ကိုကြီးကျောက် ပြုခဲ့သမျှ ကောင်းမှုအစုစုနဲ့အတူ ကောင်းရာသုဂတိလားပါစေလို့ ဘလော့ဂ်ရပ်ဝန်းက မောင်နှမတွေနဲ့အတူတူ ဆုတောင်းလိုက်ပါတယ်။

    ReplyDelete
  8. ဟောဗျာ . . .
    အခုမှ အပြင်က ပြန်ရောက်တယ်။ ဘလော့နဲ့ နည်းနည်း အဆက်ပြတ်နေတာလည်း ကြာပါပြီ။ ဒီခေါင်းစဉ် တွေ့လို့ ဘာများပါလိမ့်လို့ . .
    ဖြစ်မှ ဖြစ်ရလေဗျာ။ လုံးဝကို မထင်တော့မှ . . ဖြစ်ရတယ်လို့။
    ကောင်းရာမွန်ရာ နေရာကို ဘာအစွဲမှ မရှိဘဲ ရောက်ပါစေ ကိုကြီးကျောက်ရေ။

    ReplyDelete
  9. ကိုကိုမောင်(ပန်းရနံ့)Sun May 01, 08:00:00 PM GMT+8

    ဘကျောက် တမလွန်မှာ ပျော်ရွှင်နိုင်ပါစေ။

    ReplyDelete
  10. ဘကျောက် တယောက် ကောင်းရာဘုံဘဝမှာ လွတ်လပ် အေးချမ်းနိုင်ပါစေ...
    ဝမ်းနည်းကြေကွဲခြင်းများစွာဖြင့်

    မယ်ကိ

    ReplyDelete
  11. နှမြောစရာ ကောင်းလွန်းတဲ့ ဆုံးရှုံးမှုပါပဲ၊ ကိုကြီးကျောက်တစ်ယောက် ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ..။

    ReplyDelete
  12. ... ကိုကြီးကျောက် နေကောင်းသွားပြီထင်နေတာ ...

    ReplyDelete
  13. ဘာရေးရမှန်း မသိအောင် ဝမ်းနည်းမိပါတယ်။ Sunday မှာသွားကြည့်မယ်ဆိုပြီး ပြောထားသေးတာ။ ကျမတို့ဆီတောင် မေ ၁၁ ရက်မှာ လာလည်မယ်ဆိုတာ အင်္ဂါနေ့က ဖုန်းပြောနေတော့ပြောနေသေး။ ဖုန်းပြောတာလည်း တနာရီကျော်လောက်ကြာတယ် အမရယ် အကောင်းကြီးကနေဖြစ်သွားတာ ဘယ်လိုမှမယုံနိုင်စရာဘဲ သူကိုယ်တိုင်လည်း မထင်ထားဘူးနဲ့တူတယ် သူဘလောက်အတွက် PW ကိုအဲဒီအမကိုပြောထားတာ မမှတ်မိဘူးတဲ့။ သောကြာနေ့ က ဆေးရုံပေါ်မှာ သူကိုယ်တိုင်လက်နဲ့ထိပြီး ဘုန်းကြီးကို နောက်ဆုံးအနေနဲ့ သင်္ကန်းကပ်သွားခဲ့နိုင်တာကိုဘဲတွေးပြီး စိတ်ဖြေရပါတယ်။ ကိုကြီးကျောက် ကောင်းရာသုဂတိလားပါစေ...

    ReplyDelete
  14. မပေါက် ပြောမှ သိရပါတယ် ..
    စိတ်မကောင်း ဖြစ်ရပါတယ် ..

    mks

    ReplyDelete
  15. ယောနက်သန်Mon May 02, 01:16:00 AM GMT+8

    ကောင်းရာသုဂတိလားပါစေ။

    ReplyDelete
  16. We had great lost:(
    Ican't believe my eyes at first:(
    RIP KO GYI.....
    Gyidaw

    ReplyDelete
  17. ညဦးပိုင်းလောက်ကမှ ဇော်တကော ဖုန်းဆက်လို့ သိရတာ။ ကွန်ပျူတာ ပျက်နေလို့ အဆက်အသွယ် ပြတ်နေတာလဲ ကြာပေါ့။ ကိုယ်တောင် အံ့သြလို့ ယတြာ ခြေတာ ဖြစ်မှာပါလို့ ပြောမိသေးတယ်.... ခုတော့..........။

    ကိုယ် လည်း တစ်နေ့သွားရမယ် သိပေမယ့်။ ဘလော့ဂ်လောကထဲ သူ့ကို သမုဒယတွေနဲ့ ပတ်သက်မိတော့ သူအရင်ထွက်သွားတာကို ထိခိုက်မိတယ်....။

    တရားနဲ့ဖြေသော်လည်း စိတ်ထဲ ကြေကွဲနေဆဲပဲ။
    နို့တစ်လုံးစိန် ကျောက်ကျောက်မိုးဦး ရောက်ရာဘ၀မှာ ပျော်မြူးနိုင်ပါစေဗျာ။

    ReplyDelete
  18. မချစ်‌ရေ...‌နောက်‌နေတာများလားလို့‌တောင်ထင်မိတယ်..ကြိုကီး‌ကျောက်တ‌ယောက်‌ကောင်းရာသုဂတိလားပါ‌စေလို့..ဆု‌တောင်း‌ပေးလိုက်ပါတယ်..။ SU SU

    ReplyDelete
  19. ပန်းချီMon May 02, 05:42:00 PM GMT+8

    မမချစ်ကြည်ရေ..
    ကိုကြီးကျောက်ကို မရင်းနှီးခဲ့ရဖူးပေမယ့် သူ့စာတွေ၊ ကောမန့်တွေ ကိုဖတ်ဖူးလို့ အင်မတန်ခင်မင်စရာကောင်းမယ့် အစ်ကိုကြီးမှန်းသိနေခဲ့တယ်..
    သူ့မိသားစုနဲ့ သူနဲ့စာရေးဖော်မောင်နှစ်မများရဲ့ ဆုံးရှုံးမှုအတွက် စာနာစွာထပ်တူ ဝမ်းနည်းမိပါတယ်..

    ကိုကြီးကျောက်တစ်ယောက် ရောက်ရာဘုံဘဝမှာ အေးချမ်းပါစေရှင်..

    ReplyDelete
  20. စိတ်မကောင်းခြင်းများစွာနဲ့ အစ်မချစ်နဲ့ထပ်တူ ခံစားရပါတယ်။
    ကိုကြီးကျောက် ကောင်းရာမွန်ရာရောက်ပါစေ။
    အေးချမ်းတဲ့ နားခိုရာကို ရှာဖွေတွေ့ရှိနိုင်ပါစေ
    တစ်ချိန်ချိန်တော့ ဒီလမ်းကို လျှောက်ရမှာမို့ အရင်သွားနှင့်ပါ ကိုကြီးကျောက်ရေ
    သေခြင်းတရားကို စိတ်ဓာတ်ခိုင်မာစွာ လျောက်လှမ်းနည်းကို ပြသပေးခဲ့သူမို့ အမြဲသတိရနေမှာပါ။

    ReplyDelete
  21. ချစ်ကြည်အေး ရေ

    အတော်ခံစားလိုက်ရတယ် အင်း ကိုယ်လည်း နောက်ကလိုက်ရမှာဘဲ ရှောင်လို့ မလွတ် အကိုကြီး ကောင်းရာမှာ အေးချမ်းနေပါစေ

    ReplyDelete
  22. မရင်နှီးပေမယ့် ရယ်စရာမောစရာ အသောလေးတွေနဲ့ ရေးတတ်တဲ့ သူ့စာတွေကို သဘောတကျ ဖတ်ဖူးပါတယ်။ ပြန်ကောင်းနေပြီလို့ ထင်ထားရာကနေ ခုလိုသိလိုက်ရတဲ့အချိန်မှာ တော်တော်ကို စိတ်မကောင်း ဖြစ်ရပါတယ်... ကောင်းရာသုဂတိလားပါစေ...

    ReplyDelete
  23. ကိုကြီးကျောက်က
    သူ့ ကိုယ်သူ သရနဂုံတင် သွားနိုင်တယ် ဆိုတော့ ဘုရား၊တရားနှင့် ဆုံးသွားတာပေါ့။ ကောင်းပါတယ်။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...