Monday, July 30, 2012

အိုးကဗျာ


တစ်ယောက်နှုတ်ခမ်းကို
တစ်ယောက်က ထိတိုင်းသာ
နမ်းကြတာပါလို့ ဆိုကြရင်
ရှင်နဲ့ ကျွန်မ အကြိမ်ကြိမ် နမ်းဖူးခဲ့ကြ….။

ဘ၀ကြီးကိုက…
လိုရာပုံသွင်း  ခပ်ပြင်းပြင်းမီးဖုတ်
အခြောက်ခံ စဥ့်ရေသုတ်ပြီးမှ…
တခါတလေ လက်သင့်ရာအရောင်ခြယ်ပြီးမှ
ဈေးကွက်ဝင်အောင် မွမ်းမံခံကြရ…..။

အိုးချင်းထားလို့သာ အိုးချင်းထိခဲ့ရတဲ့နောက်
ကံကြမ္မာကို ယိုးမယ်ဖွဲ့ဖို့များ မကြိုးစားစမ်းပါနဲ့ရှင်
ကံတူအကျိုးပေးတွေ ဖြစ်လာပြီးမှပဲခပ်ရဲရဲပေါ့... 
ဘယ်တော့လဲဆိုရင်
ငွေရှင်ကြေးရှင်တွေ မျက်စေ့ကျလို့ သိမ်းပိုက်ခံကြရတဲ့အခါ
ကျွန်မလည်း ကျွန်မလမ်းထွင်၊  ရှင်လည်း ရှင့်လမ်းလျှောက်
တစ်ယောက်တစ်နေရာ၊ တော်ရာမှာ ပျော်အောင်နေကြရတဲ့အခါ…

တစ်ခုတော့ အမှတ်ရပါ…
ကျွန်မတို့က ပင့်သက်ရှုခဲ့ကြတာမဟုတ်ဘူး
ဒါ  သေချာတယ်…
ရှင်နဲ့ကျွန်မ အကြိမ်ကြိမ် နမ်းဖူးခဲ့ကြ….။

***ဆိုက်ဒ်ဘားက Sound cloud မှာ ကဗျာရွတ်ထားတာလေး ရှိပါတယ်။ အတူ တွဲဖက်နားထောင် ချင်ရင်ပေါ့....း)


ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...