Wednesday, March 14, 2012

စိနတိုင်းသွားတောလား-၁၀

ဒါက နွေရာသီစံနန်းတော်ထဲ မ၀င်ခင် အရှေ့ဘက်ရှု့ခင်း။ တောင်တန်းလေးတွေနဲ့ စိတ်အေးချမ်း စရာ မြင်ကွင်းလေး....


အထဲဝင်ဖို့ လက်မှတ်ဝယ်တဲ့နေရာ....


အထဲမှာ အဆောင်ဆောင် အခန်းခန်းတွေမှ အများကြီးပါပဲ။ ဒါပေမဲ့ ကျယ်ပြန့်ကြီးမားသလောက် ရိုးရှင်းတဲ့ ပုံစံတွေ...


ဘုရင့် ညီလာခံကျင်းပရာ နေရာတဲ့....


ဘုရင် ရှု့မျှော်ခင်းကြည့်ရာ မျှော်စင်...



ဒီနေရာရောက်တော့ လူတွေ အတော်များတယ်။ ဘာရှိလို့လဲ မေးတော့ ဒီနေရာက ဘုရင်အတွက် နေ လ နှစ်မျိုးစလုံး တစ်ပြိုင်နက်ကြည့်နိုင်အောင် စီစဉ်ပေးထားတဲ့နေရာမို့လို့တဲ့။ အတော်များများက ရေထဲ ငုံ့ကြည့်လိုက်၊ မိုးပေါ် မော့ကြည့်လိုက်နဲ့။ ကန်အရှေ့နားရောက်အောင် အတော်လေး စောင့်ရတယ်။


အပေါ်ကို မော့ကြည့်လိုက်တော့ နေကို တွေ့တာက ဟုတ်ပါပြီ။ လရောဆိုတော့ ရေကန်ထဲကို ညွှန်ပြတယ်။ ဟုတ်သား။ ရေကန်ထဲမှာ လခြမ်းလေးပါလား။ နေလ နှစ်ပါး တစ်ခါတည်း ရှု့စားချင်ရအောင် ဒီဘုရင်နှယ် အတော်လေးကို စိတ်ကူးယဉ်တတ်လေသူ ဖြစ်မယ်။

ရှည်ရှည်ဝေးဝေး စဉ်းစားနေဖို့တောင် မလိုဘူး။ မျက်နှာချင်းဆိုင်က ကျောက်တောင်တွေဆီမှာ လခြမ်းပုံလေး ခပ်စောင်းစောင်းလေး မြင်တော့ သိလိုက်တယ်။ အဲဒီက အရိပ်က ရေထဲမှာ လခြမ်းပုံလေး သွားပေါ်နေတာ...။ စီစဉ်ပေးတဲ့သူတွေကလည်း ဘုရင့် ရွှေစိတ်တော်ညိုမှာ စိုးကြောက်ရသကိုး။ ဒီတော့ မဖြစ် ဖြစ်အောင် လုပ်ပေးထားရတာ နေမှာ။ မင်းနားခစားရသူဆိုတာ လွယ်တာမှ မဟုတ်တာပဲလေ။ နီးရာ ဓါးကြောက်ရတဲ့ ဘ၀တွေဆိုပါတော့။ (ကိုယ်သာဆိုရင်တော့ စည်ပိုင်းပြတ်တစ်လုံးထဲ ရေဖြည့်ပြီး ကြည့်ရော့လဟယ် ဆိုပြီး ချထားပေးမိမလားပဲ)



နောက်တစ်နေရာကျပြန်တော့ လူတွေ ညာဘက် ပြေးကပ်ပြီး ကြည့်လိုက်ကြ၊ ဘယ်ဘက်ပြေးကပ်ပြီး ကြည့်လိုက်ကြနဲ့ ဘာပါလိမ့်ဆိုတော့....။ အင်း အောက်ကပုံကိုသာ ကြည့်ကြပါလေ....။

နန်းတော်အချွန်ရဲ့ထိပ်က အသီးလေးက ဒီပုံမှာ ဘယ်ဘက်စောင်းနေတာ၊ တွေ့ကြတယ် ဟုတ်။


ဒီပုံမှာကျတော့ ညာဘက်စောင်းနေတာ တွေ့လား။


ဒီပုံကတော့ ရှေ့တည့်တည့်က ကြည့်ရင် မြင်ရတာ။


အင်း အဲဒါ ဘယ်လိုလုပ်ထားတာပါလိမ့်။ သိကြလားဟင်။ ကျွန်မက အိမ်ကလူကြီးကို မေးကြည့်ရင်း အသေအချာ ထပ်ကြည့်လိုက်တော့ ပန်းချီကားက အဲဒီနေရာမှာ တစ်ဆက်တည်းမဟုတ်ဘဲ အနိမ့်အမြင့် မတူတာ ကိုတွေ့ရတယ်။ အဲဒါကြောင့်များလား။ စဉ်းစားတုန်းပဲ။

ပြီးတော့ ဒေသစာ သွားစားခဲ့ကြတယ်။ တောဝက်သားလို့ ပြောတယ်။ အဆီမပါဘဲ အသားနဲ့ အခေါက် ချည်းပဲ။ စားရတာအတော် နုညံ့တယ်။


ဒါက ဇီချွမ်းစာ၊ ကြက်သား ပဲငါးပိ အစပ်....


ဒါက မပါမဖြစ် ရာသီစာ ကြက်ဥ


မုန်ညှင်းဖူး ခရုဆီကြော်


ဒါကလည်း သူတို့ဒေသစာ နာမည်ကြီး သမင်သားလို့ ပြောတာပဲ။ သိတဲ့အတိုင်း အတုလား အစစ်လား ဆိုတာတော့ ဘယ်သိနိုင်ပါ့မလဲ။ ဘာပဲပြောပြော ၀ုတ်ဝုတ်သားမဖြစ်ရင် ပြီးတာပဲ။ (စားတုန်းက သူပဲ စားပြီးတော့)


ဒါပါပဲလေ။ ဒီနေ့တော့။ နောက်တစ်ပိုစ့်ကျရင် အလျှင်ရထားနဲ့ Tianjin မြို့ကလေးကို သွားခဲ့ကြတဲ့ အကြောင်းရေးပါဦးမယ်။


ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...