ဆီဘူးမြို့ဟာ သာယာလှပပြီး မိုးမရွာရင် အင်မတန် ခြေခင်းလက်ခင်းသာတဲ့မြို့ကလေးပါ။ ဒီခရီးက Leisure သက်သက် မဟုတ်ပဲ personal နဲ့ twistဖြစ်တာကြောင့် ကိုယ့်အစီအစဉ်နဲ့ကိုယ် မဖြစ်တော့ပဲ မြို့ခံမိတ်ဆွေတွေရဲ့ လက်ထဲကို ကျမတို့ရဲ့ သွားရေးလာရေး ဝကွက်အပ်ထားရတဲ့ ခရီးမို့ အင်မတန် ဇိမ်ကျနေတယ်လို့ ဆိုနိုင်ပါတယ်။ သူတို့က ဘယ်သွားသွား ကားနှစ်စီးနဲ့ ရှင်လောင်းလှည့်သလို တအိမ်လုံး လိုက်လာချင်သူတွေဖြစ်ပြီး ကျမတို့ နှစ်ယောက်ထဲဆို စိတ်ချလက်ချ ဘယ်ကိုမှ မလွှတ်ကြပါဘူး။
ခုလည်းပဲ သူတို့လာခေါ်မဲ့ ကားစောင့်ရင်း ရေးနေတာပါ။ ဒီဟိုတယ်မှာ အင်တာနက်က အိပ်ခန်းထဲမှာ မမိပဲ ဟိုတယ် စားသောက်ဆိုင်နဲ့ ဟိုတယ် လော်ဘီထဲမှာပဲ ကော်နက်ရှင် မိပါတယ်။ လော်ဘီကလည်း ကျဉ်းတဲ့အပြင် လူဖြူ အထီးကြီးက တချိန်လုံး သူ့အိမ်သူ့ရာလို နေပြီး အင်တာနက် သုံးနေတာကြောင့် မသွားချင်၊ စားသောက်ဆိုင်ကျတော့လည်း ညဘက် ကျမတို့ ပြန်လာတာနဲ့ သူကပိတ်သွားတော့ တော်တော် ခက်နေပါတယ်။ ခုမနက်လေးတော့ ကံကောင်း ထောက်မစွာ ကားလာမကြိုခင် နဲ့ အိမ်ကလူကြီး Hotelက SPA မှာ အနှိပ်ခံနေတုန်း ကျမက ဖျာဝင်ခင်းလိုက်တဲ့ သဘောပါပဲ...:)
ဒီပို့စ်ကတော့ ဓါတ်ပုံတင်မရလို့ သတင်းပေး နှုတ်ဆက်ချင်တာ သက်သက်ဖြစ်သွားပါတယ်။ ရေးဖော် သူငယ်ချင်းတွေအားလုံးနဲ့ ကျမ ခရီးမထွက်ခင် တက်ဂ်ပိုစ့်လေး တခုတ်တရ ရေးပေးခဲ့တဲ့ ညီမလေးများ၊ကျမရဲ့ ဘလော့ကို လာလည်ကြသော မိတ်ဆွေများ ကိုလည်း ကျေးဇူးတင်၊ သတိရနေတဲ့ အကြောင်း၊ ပြန်လာရင် စာတွေ အကြွေးဆပ်ပြီး လိုက်ဖတ်ပါ့မယ်လို့လည်း ပြောချင်တဲ့ အကြောင်း ဒီကနေ လှိုက်လှိုက်လှဲလှဲ ပြောရင်း ပြန်လာမှပဲ တွေ့ကြရအောင်နော်....။