Saturday, April 17, 2010

ပီတိပန်း...


ကျမ မီးဖိုထဲရောက်နေတုန်း အိမ်ရှေ့က ကျမနာမည် ခေါ်သံကြားလို့ ထွက်ကြည့်တော့မှ ရင်းနှီးချစ်ခင်ရတဲ့ အမဆိုလည်းဟုတ်၊ သူငယ် ချင်းဆိုလည်း ဟုတ်တဲ့ ဇနီးမောင်နှံ ဖြစ်နေ ပါတယ်။ မျှော်လင့်မထားတာမို့ အံ့ဩဝမ်းသာရင်း နှစ်ဆန်းတရက်နေ့မို့ ဘုရားပန်းလာလှူတာ လို့ ဆိုပြန်တော့ ပိုလို့ ကြည်နူးသွား ရပြန်ပါတယ်။ ဟိုး အရှေ့ဖျားကနေ ကျမနေတဲ့ အနောက်ဖျားကို ခုလို တကူးတကန့် လာပေး ရှာတဲ့ စေတနာ...တွေးမိရင် ပီတိဖြစ်ရပါတယ်။



ဒါနဲ့ သူတို့လည်းပြန်ရော ဘုရားပန်း အသစ် ချက်ချင်းလဲလို့ ရင်ထဲက ပီတိကို စာအဖြစ် အသွင်ပြောင်းချလိုက်ရပါတယ်။ အဲဒီအမက ကျမဘလော့ဂ်ကို ဖတ်သာနေတယ် ကျမ ရေးနေမှန်း မသိသူပါ။ တလောက ကျမ ဧည့်ခန်းပုံပါတဲ့ ပိုစ့် ဖတ်မိတော့မှ ကျမရေးနေမှန်း သိသွားခဲ့တာ။ ခင်ရာဆွေမျိုး ဆိုသလိုပါပဲ အဆွေခင်ပွန်းကောင်းရှိရင် လောကကြီးမှာ နေရတာ ကျေနပ်စရာပါ။

ဒီပိုစ့်လေးနဲ့ ကျေးဇူးတင်ခွင့်ပြုပါ...:) အကို ANO နဲ့ အမ NNT တို့ ရေလို ပန်းလို အေးမြ လန်းဆန်း နိုင်ကြပါစေရှင်...

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...