Wednesday, February 6, 2013

စီကေအေ ဖြစ်တည်မှု


များသောအားဖြင့်တော့ ဒေါင်လိုက်ကြီး နေလိုက်တာပါပဲ
တစ်နေရာစာရှိရင်တော့ ၉၀ ဒီဂရီအတိုင်း ထောင့်မချိုးဘဲ ကွေးချပျင်းရိလို့
ကိုယ်ဖြစ်ချင်တာ လုပ်ချင်တာတွေအတွက် ထုံးစံတွေ ကျင့်ဝတ်တွေဆိုတာကို
I G N O R A N C E ဆိုတဲ့ ခြင်းကြီးတစ်လုံးထဲ လုံးထွေးလွှင့်ပစ်ထားလိုက်တတ်တယ်
ဘဝမှာ ဖြစ်တည် လက်ခံထားမှုတွေကို စိမ်းလန်းနေအောင် ရေလောင်းပေါင်းသင်မှု ပြုနေရတာလောက်
ငြီးငွေ့ဖို့ကောင်းတာ မရှိဘူး
သံယောစဉ်တွေကို သူ့အတိုင်းစာလုံးပေါင်းရင်း ရေညီမျဉ်းအတိုင်း အလျားလိုက်ချကြည့်
လစ်တမာ့စက္ကူနဲ့တို့ပြီး အရောင် ပြောင်း မပြောင်း စမ်းကြည့်
ကိုယ့်ကိုယ်ကို  ဘောင်တွေ ကနားတွေခတ်ထားခြင်းမှာ မုန်းတီးရင်း
ငြိတွယ်ခြင်းတွေကို အရောင်ချွတ်ဖို့  ဘယ်လိုချွတ်ဆေးမျိုး လိုအပ်မလဲ
ဒဏ်ရာတွေ  အနာတရတွေကိုတော့ အဖြူရောင်အတိုင်းထားပြီး တန်းထိုးချိတ်ဆွဲလိုက်တယ်
ကိုယ့်ရဲ့ နေ့ တစ်ဓူဝတွေထဲ...တသသကြည့်နေဖို့
ပြီးမှ  အောက်ခြေစာတမ်းကို R E D  အနီရောင်လို့ စာတမ်းထိုးလိုက်မယ်
ကိုယ်ဟာ ဖြစ်တည်မှုတစ်ခုကနေ ဖြစ်တည်မှုတစ်ခုကို လှမ်းချိတ်
ကိုယ့်သွေးတွေကို ဖောက်ထုတ်လိုက်တော့ အစိမ်းတောက်တောက်တွေ ပန်းထွက်လာ
အစိမ်းရောင် တဲ့... 
ကဲ  မင်း ဘယ်လို ဘာသာပြန်ကြည့်ချင်သလဲ
ကိုယ်ဟာ.... 
ကိုယ် စိတ် နှလုံး သုံးပါးစလုံး  စရံအဖြစ် မင့်ဆီ ထားပစ်ခဲ့တဲ့သူ
မင့်ဘယ်ဘက်ကို ၄၅ ဒီဂရီ ငဲ့စောင်းကြည့်လိုက်  ပြူတင်းပေါက်မှာ
မျက်ဝန်းတွေကို အပြင်ဘက်လွှတ်ပို့ထားတဲ့ ကိုယ့်ညာဘက်ပါးပြင်တစ်ခြမ်း
အလွမ်းဆိုတာကို ဆန္ဒရှိသလို မက်မောနမ်းရှိုက်ရင်း...
အတူဆိုညည်းခဲ့ဖူးတဲ့ သီချင်းတွေကို ပဲ့တင်ပြန်ကြားရင်း
ဒီအတိုင်းပဲ   ဒီအတိုင်းပဲ    ဒီအတိုင်းပဲ    ဒီအတိုင်းပဲ...
 ပစ်ချ ထားခဲ့လိုက်ပါတော့ ဖြစ်သလို  ကြုံသလို
ကိုယ်ဟာ....
မြေပြင်ညီရဲ့အပေါ် ခပ်ကွေးကွေးလေး အိပ်စက်နေခဲ့တယ်


ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...