ကျွန်မတို့ Tianjinဆိုတဲ့ မြို့လေးကို သွားခဲ့တဲ့အကြောင်း ပြောပြပါဦးမယ်။ အဲဒီကို Speed Trainလို့ သူတို့ ခေါ်ကြတဲ့ ကျည်ဆန်ရထားလိုမျိုး စီးပြီးသွားခဲ့ကြပါတယ်။ သူတို့က ကျည်ဆံရထားလို့ မခေါ်ဘူးရှင့်။ ဒါပေမဲ့ အမြန်နှုန်းကတော့ ကျည်ဆံရထားလောက်နီးနီးပါပဲ။ အရှိန်အမြင့်ဆုံးက ကျွန်မ ကြည့်ရ သလောက်တော့ ၂၉၄ km/h အထိရှိတယ်။
ဒါက ဘူတာရုံထဲမှာပါ။
လက်မှတ်ခက တစ်ယောက်ကို ၅၅ယွမ်ပါ။ စလုံး ၁၁ ဒေါ်လာလောက် ကျပါတယ်။
ရထားပေါ်ကို တက်ကြဖို့ လေယာဉ်တွေမှာလိုပဲ ချက်အင်လုပ်သလို တန်းစီကြရပါတယ်။
ဒါ ကျွန်မတို့ စီးခဲ့ကြတဲ့ ရထားပေါ့...
အထဲကို ရောက်တာနဲ့ လေယာဉ်ထဲ ရောက်သွားသလိုကို ခံစားရပါတယ်။ အဲဒီတွဲအထဲမှာတော့ ဆေးလိပ်နံ့ မရဘူးရယ်။ သန့်ရှင်း လှပ သပ်ရပ်လို့။
ရထားအရှိန်ဘယ်လောက်ဆိုတာကို တစ်ချိန်လုံး ပြနေတာ။ ကျွန်မ တွေ့ခဲ့ရသလောက်တော့ ဒါ အမြင့်ဆုံးပါပဲ
ရထားပေါ်က အိမ်သာ....
လေယာဉ်ထဲကလိုပဲ တစ်ပုံစံထဲ လုပ်ထားတယ်။ အိမ်သာမ၀င်ခင် အနီးအဝေးကနေ ဓါတ်ပုံရိုက်လိုက်နဲ့ အိမ်သာထဲကို ကင်မရာကြီးနဲ့ ၀င်သွားတဲ့ ကျွန်မကို အတော်လေးတော့ မျက်စေ့နောက်ကြမယ် ထင်ပါရဲ့။ မတတ်နိုင်ပါဘူးလေ။ ဘလော့ဂါဆိုတာက အရေထူရမယ် မဟုတ်လားးး။
ဘေဂျင်းကနေ ထရန်ဂျင်းကို နာရီဝက်သာသာလောက်ပဲ စီးရပါတယ်။ သိတ်မြန်တာပဲ၊ ကျွန်မက အကြာကြီး စီးချင်ခဲ့တာ။ ဘေးနားက ရှု့ခင်းတွေကို တရိပ်ရိပ်နဲ့ ကြည့်ရတာ အင်မတန် သဘောကျမိပါတယ်။
ဒါကတော့ ဘူတာထဲကနေ အပြင်ကို ထွက်ရာလမ်းမှာပါ။
ဘူတာဘက်ကို သမင်လည်ပြန် ပြန်လည် လှည့်ကြည့်မိခဲ့တယ်။
ဘေဂျင်းလောက်မပူဘဲ လှပအေးချမ်း နေချင့်စဖွယ် မြို့လေးပါပဲ။
အီတလီစတိုင် တောင်းတဲ့....။ ကျွန်မတို့ရွာကရော...ဘာစတိုင်နဲ့တောင်းတာပါလိမ့်
အို ရွာပါဆိုမှ ရွာစတိုင်ပေါ့အေ...။ ညည်းနှယ်....း)
ဒါက Culture Street ပါ။
ပါပါလာဇီတွေ ဘယ်လိုများ သိသွားပါလိမ့်။ စီကေအေတို့ သွားလေရာ....။ ဒီလောက် ရုပ်ဖျက်ထား တာတောင်......ကတောက်...
သဘောကျချင်စရာလေးတွေ၊ လူငယ်ကြိုက်လေးတွေ....
ကလေးတုန်းက ရခဲ့ဖူးတဲ့ ဂျုံနဲ့လုပ်တဲ့၊ သကြားနဲ့လုပ်တဲ့၊ မုန့်လိုလည်း စားလို့ရတဲ့ အရုပ်လေးတွေကို သတိရသွားတယ်။ ခုတော့ ပိုပြီး အရောင်စုံ၊ ပိုပြီးလှပ....
ဒါက Tianjin Nanshi Foods Street မှာ...။ တစ်လမ်းလုံး စားစရာတွေ ချည်းပဲ။ လည်ပင်းမူလီ တပ်ထားသလိုပဲ ဘယ်ညာကို လည်နေတော့တာ။ ကြည့်ရတာများ မျက်လုံး ၂လုံးတောင် မလောက်ချင်ဘူး။
ဒါ...။ စားမယ်လို့ တွေးထားပြီးမှ ဘယ်လို အာရုံပြောင်းသွားတယ် မသိဘူး။ မေ့ပြီး လုံးဝ မစားခဲ့ရဘူး...။ အဲဒီအနောက်က ၀ါဝါအကွင်းတွေက မုန့်ချိုသွင်းလို့ ကျွန်မတို့ ခေါ်တဲ့ မြန်မာမုန့်နဲ့ တူလို့လေ....
ဒါ သူတို့ ထရန်ဂျင်းမှာ သိတ်နာမည်ကြီးတဲ့မုန့်ပေါ့။ စားကြည့်လိုက်တော့ မွမွ စိမ့်စိမ့်လေး။ အရသာ အမျိုးမျိုး မူကွဲတွေ လုပ်ရောင်းကြတယ်။ ဘာမုန့်လဲတော့ မသိဘူး။ လွယ်လွယ်ကူကူ မုန့်ကြိုးလိမ်လို့ပဲ နာမည်ပေးလိုက်တယ်။ ထရန်ဂျင်းရောက်ဖြစ်ရင် စားဖြစ်အောင် စားရမဲ့ စာရင်းထဲ တို့ထားလိုက်ကြပါ။
ဟော...မုန့်ကြိုးလိမ်ပြီးတော့ တစ်ခါတည်း နောက်တော့ပစ်က အင်မတန် စိတ်ဝင်စားစရာ။ သူတို့ဆီက အိမ်သာတွေ ရေဆွဲချတဲ့ နေရာက အဲလိုရှင့်။ လက်နဲ့ ဆွဲရမှာ မဟုတ်ဘူး၊ ခြေထောက်နဲ့ နင်းချရတာ။ ကြည့်လေ ဒါမျိုးးး
အဲသလို ရွေ့လျားမုန့်ဆိုင်လေးတွေလည်း နေရာတော်တော်များများမှာ တွေခဲ့ရပါရဲ့...
ဒါကတော့ အခိုက်ဆုံးသော တီထွင်မှုပဲ....။ ကြည့်ပါ...အသေအချာ ကြည့်၊ ရဲရဲကြီး ကြည့်လိုက်ပါ။ အထဲကို...
နှယ်နှယ်ရရတော့ မဟုတ်ဘူးနော် ၀က်ဂွန်တံဆိပ်ရှင့်..
ဆက်ပါဦးမယ်....