ဇီးရိုးဒီဂရီ စင်တီဂရိတ်ရဲ့အောက် မိုင်းနပ်စ် 9.5 မှာ....
Clarence Birdseye ရဲ့ ၁၉၂၉ကစခဲ့တဲ့ စမ်းသပ်ဖြန့်ချိမှုအောက်မှာ...
စက်စွမ်းအင်နဲ့ စည်းနှောင်ပိတ်ကြပ် သေသပ်စွာထုတ်ပိုးမှုတစ်ခုရဲ့ အထဲမှာ...
ဗီတာမင်တစ်ချို့တစ်ဝက် လျော့ပါးပျောက်ဆုံးမှုတွေကြားမှာ...။ ။
အချိန်စီးမှုအလိုက် တန်ဘိုးအဖြတ်ခံကြရ...
IQF နည်းပညာတွေနဲ့ ပြောင်းလဲ စမ်းသပ် ခံခဲ့ကြရ...
မူရင်းအရသာမပျက်ယွင်းစေဘဲ အနံ့အရသာမဲ့ CMCတွေ ထည့်ဝင်ပေါင်းစပ်ခံကြရ....
Thawing လုပ်ပြီးတဲ့အခါ ၂၄နာရီထက် အပြင်မှာ ပိုမထားရန်...
သတိပေးစာတမ်းတွေလည်း ကိုယ်ပေါ်မှာ အကပ်ခံကြရ။ ။
တစ်ချိန်က...
ဘာကောင်ကြီးပဲ ဖြစ်ခဲ့ ဖြစ်ခဲ့
တစ်လုံးပိုရှူလို့ မရတဲ့ ဘ၀တူတွေထဲမှာ
ကျုပ်တို့ဟာ....
အသက်မဲ့ မျက်နှာသေတွေနဲ့
လေးထောင့်မှန်ပုံးထဲမှာ တုန်ခိုက်အေးခဲစွာ။ ။

IQF - Individually Quick Frozen
CMC - CarboxyMethylCellulose
Thawing - Defrosting , Unfreezing