Friday, April 2, 2010

ဘာလီ ခရီးစဉ်-၃

ဈေးဝယ်ရတာ ဖီလင် သိတ်မလာတော့ဘူးပေါ့ ကိုယ်သွားချင်တဲ့နေရာမှ မဟုတ်တာ အဲဒီကုန်တိုက် ကြီးထဲမှာ ကျမ ဝယ်ချင်တာတွေ မရှိဘူး ကျမက ရိုးရာ ဝတ်စုံလေး ဝယ်ချင်တာလေ........
ဒီမှာ ဒါက ရိုးရာ ဝတ်စုံနဲ့ ဘာလီနီးစ် အမျိုးသမီးလေးပေါ့ ချစ်စရာ မကောင်းဘူးလား...


ကုန်တိုက်က အပြန် ဟိုတယ်မှာ ခဏပြန်နား၊ အဝတ်လဲပြီးတာနဲ့ ကမ်းခြေ သွားခဲ့ကြတယ်...

ဟိုလူကြီး မသိအောင် အနောက်ကနေ တိတ်တိတ်လေး ရိုက်ပစ်လိုက်တယ်.....ဓါတ်ပုံ


အနာဂတ်ရဲ့ သားကောင်းရတနာလေး ၃ယောက် ခေါင်းချင်းဆိုင် တိုင်ပင်နေကြလေရဲ့ စရိတ်ကျေအောင် ပင်လယ်ကြီး ဆားချက်ရောင်းဖို့ ဆိုလား ဘာဆိုလား....
ဘလော်ဂါတွေပဲ ဆားချက်တတ်တယ် ထင်တာမှား.....


ကမ်းခြေမှာ သဲလေဒီရှုးတွေ ရောင်းတယ် တွေ့လား...


ဟိုဟို ဒီဒီ စိတ်လိုက်မာန်ပါ လျှောက်ရိုက်ခဲ့တယ်....


တူးပိစ်လေး ကို သတိတွေရလို့...


အဲဒီ့နေ့က ညစာကို အင်ဒိုဆိုင် စစ်စစ်လေးမှာပဲ စားခဲ့တယ်


နေ့လည်ကစားခဲ့တဲ့ ဆိုင်လောက် သိတ်စားမကောင်းဘူး....



စားစရာ တခုယူတိုင်း အဲသလို ဈေးနှုန်း ကပ်ပြားလေးတွေ ပေးထားတယ် ပြီးမှ အားလုံးပေါင်းရှင်းပေါ့...




အဖြောင်ကူတွေ များပါတယ် ဈေးသက်သာလို့ ထင်ပါရဲ့ အို...တို့များလည်း အဖြူမပါပဲ...တလ တခါ ဆေးဆိုးနေရတာများ...

ဆိုင်အပြင်ဘက်နေ ရိုက်ခဲ့တာ...


ကိုယ့်အစီအစဉ်နဲ့ ကိုယ်ဆိုတော့ အတော်လေး လွတ်လပ်ပြီး နားနားနေနေ ရှိပါတယ် ၂၈ ရက် တနေ့လုံးစာကို ရီကက်ပ် ပြန်လုပ်ရရင်.....

မနက်စာ စား ၊ ကမ်းခြေကို မနက်ပြန် ညနေပြန် နှစ်ခါလျှောက်၊ ရေကူး...အဲ သူကူးတာပါ...ကျမကတော့ နစ်တခါ မြုတ်တလှည့် ပေါ့၊ မကူးတတ်လို့ ဆော့ပဲ ဆော့ခဲ့ပါတယ်
ပြီးတော့ SPA ဆပါးသွား၊ နေ့လည်စာ စား၊ ကုန်တိုက်သွား ဈေးဝယ်၊ ညစာစား၊ ဟိုဒီ လမ်းသလား...အဲဒါပါပဲ...

နောက်ရက် ၂၉ မှာတော့ တရက်ခရီး စီစဉ်ထားပါတယ်။ အရမ်းတန်ပါတယ် Private - 7seater ကား၊ အဲကွန်းနဲ့မှ အစိမ်း ၇၅ ပေးရပါတယ်
အဲဒီ့နေ့ကတော့ ကျမ ဒီခရီးစဉ်တခုလုံးမှာ အကြိုက်ဆုံးနေ့လေးပါ...ဘာလီနီးစ်တွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေက သိတ်စိတ်ဝင် စားဖို့ ကောင်းပါတယ်။ မဇ္ဈိမကနေ နွယ်လာတာမို့ ဟင်ဒူရစ်ဇာမ် ယဉ်ကျေးမှုတွေ၊ကိုးကွယ်မှုတွေ ဒီနေ့ထိ တမြတ်တနိုး ကျင့်သုံးနေ ကြဆဲပါ...နောက်ပိုစ့်မှာ ရေးပါမယ်... :)


ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...