မြို့လေးတမြို့မှာရှိတဲ့ ရှီဝဘုရားကိုကိုးကွယ်ကြတဲ့ ဟိန္ဓူဘာသာဝင်တွေရဲ့ ဘုရားကျောင်းကို ရောက်ခဲ့တယ်။ ၄ရာစုနှစ်လောက်ကတည်းက တည်ထားတာဆိုတော့ ခုဆိုနှစ်ပေါင်း ၁၇၀၀ကျော် သက်တမ်းရှိခဲ့ပြီ။ ယူနက်စကိုအမွေအနှစ်စာရင်းဝင်ထားတဲ့နေရာလည်း ဖြစ်တယ်။ ကျွန်မတို့ ပုဂံထက် နှစ်ပေါင်း၅၀၀လောက်စောပြီးတည်ထားတဲ့ဘုရားကျောင်းပေါ့။
အဲဒီကိုရောက်တော့ ပုဂံကို လွမ်းလိုက်တာဆိုတာလေ...။
မိုးလေးဖွဲဖွဲကျနေတာကိုက လွမ်းစရာ...။
ပထမပုံကတော့ ဝီကီကယူလာတာပါ...။
နေရာအတော်များများမှာ မူရင်းလက်ရာမပျက် ပြန်ပြင်ထားတာမျိုးတွေ့ရတယ်။ အုတ်အရွယ်အစားကအစ မူလအရွယ်အစား အထူအပါးအတိုင်း လုပ်ထားတာ။ အုတ်အရောင် အသစ်အဟောင်းကတော့ ကွဲတာပေါ့လေ...။
အမေရိကန်-ဗီယက်နမ်စစ်ပွဲတုန်းက ဗုံးကြဲခံရလို့ ပျက်စီးသွားခဲ့ရတာလို့ဖတ်ရတယ်။