Sunday, June 15, 2025

15June25

 တမြို့စာမိုးရွာနေတာနဲ့ နောက်တမြို့ရောက်မှပဲသေချာ အပြင်ထွက်လည်ရတော့တယ်...







တွယ်စရာရှိရင်တော့ တွယ်ရမှာပဲ 😋😋

Wednesday, June 11, 2025

A trip to....10June

 ကျောင်းပိတ်ရက်လေးရတုန်း ခရီးလေးတခု ထွက်ဖြစ်တယ်...။

စိတ်တခုလုံး တင်းတောင့်နေတာတွေ ခဏဖြစ်ဖြစ် ပြေလျော့နိူင်မလားတွေးရင်းပေါ့...။

ဒီခရီးမှာ အတတ်နိူင်ဆုံးပေါ့ပေါ့ပါးပါးပဲ သွားဖို့ စိတ်ကူးထားတယ်။ ခါတိုင်းသယ်နေကျ BB creamတို့ မိတ်ကပ်အရည်တို့ ဘာတခုမှ မသယ်သွားဘဲ စကင်ကဲ၊ နေရောင်ကာနဲ့ lipgloss လောက်ပဲ သယ်သွားဖြစ်တယ်။ ပြင်ရဆင်ရအတော်သက်သာတယ်။ လူလည်း စိတ်လွတ်လက်လွတ်ဖြစ်ရတယ်...။ အလေးဆုံးသယ်ဖြစ်တာ ဒီတခါက ပန်းချီပစ္စည်းတွေပဲ။ 

ဖြစ်ချင်တော့ စရောက်တဲ့နေ့ကတည်းက မိုးတွေချည်းရွာနေလို့ ခုထိ အောက်ဒိုးမထွက်ဖြစ်...။


ပန်းချီအပြင် သူတို့ရဲ့ Potteryကလည်း အဆင့်အတန်းမြင့်မားလှတယ်...

အလင်းနောက်ခံနဲ့မို့ လူကမည်းသွားပေမယ့် ကိုယ်မှန်းတော့ သိသာတယ်ဟုတ်လား 😅
အနှစ်၂၀၀ကျော် အိမ်ဟောင်းလေးထဲက မီးပုံးနီလေးတွေ...

လေဆိပ်ကအထွက်...

စသွားတုန်းက တရောင်၊ ပြန်လာရင် ညိုမှောင်နေဦးမယ်။ အဲလိုပဲ ခရီးသွားပြီဆို လေစိမ်းထိတာနဲ့မဲတဲ့အရည်ပြားပါးသူ 😅

လိုင်းရရင် ရသလို ပုံတွေ တင်ထားမယ်စိတ်ကူးတာပဲ...။

ဟိုတယ်မနက်စာစားတဲ့နေရာကနေ မြင်ရတဲ့ ရှုခင်းလေး...၊ သိပ်အေးချမ်းတာပဲ...

နောက်မှ အကိုကြီးနဲ့ပုံတွေလည်း တင်ရဦးမယ်...


ခကအ


Thursday, June 5, 2025

5062025

 အမေနှစ်ယောက်နဲ့စကားပြောဖြစ်တယ်...။

ဘာမှ အများကြီး မလုပ်ပေးနိူင်ပေမယ့် အဝေးကနေ သူတို့လိုသမျှထောက်ပံ့ပေးနေနိူင်တာကိုပဲ သူတို့က သာဓုခေါ်ကြတာ...။ 





အမေတွေလည်း အသက်တွေကြီးကုန်ကြပြီ။ ကိုယ်တွေလည်း မငယ်ကြတော့...၊


ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...