Thursday, February 6, 2020

ဘဝမြတၥဳ - ၈ (ဘဝမွတ္စုု - ၈)


ဘဝမှာ ကိုယ် အတေးအမှတ်အကြီးဆုံးထားတဲ့အရာက ကိုယ့်ဒဏ်ရာတွေရဲ့အကြောင်းရင်းပဲ။ ကိုယ့်ကို နည်းနည်းကလေးဖြစ်စေ နာကျင်အောင်လုပ်ရင်တောင် ကိုယ်က မှတ်သားထားတတ်တယ်။ လက်တုန့်ပြန်ဖို့တော့ မဟုတ်ဘူး၊ ဘယ်ကမ္ဘာမှာဖြစ်ဖြစ် ပြန်ဆုံရင် မမှတ်မိချင်တော့လို့၊ သေချာမှတ်ထားတာ။ တကယ်တော့ ချစ်ခြင်းတွေ၊ မုန်းခြင်းတွေ၊ ဘယ်လိုမှမနေခြင်းတွေဟာ ဘဝမှာ ဘာမှလည်း ဟုတ်မှ မဟုတ်တာ။ ချစ်ခြင်းတရားဆိုတာကို တကယ်ရှိတယ်လို့ ထင်ခဲ့ဖူးတယ်။ တကယ်က မဟုတ်ဘူး၊ တကယ်မရှိဘူး။ ခဏတာ စွဲလန်းစိတ်ကနေ ကြာရှည်ရူးသွပ်သွားတတ်ခြင်းတခုမျှပဲ။ ဘာမှ မထူးဆန်းဘူး။ သွေးအေးသွားတဲ့အခါ ဖြည်းဖြည်းချင်းအသေးစိပ် ပြန်ကြည့်ပါ၊ ရယ်မောပါ။ ချစ်ခြင်းတရားဆိုတာ တယောက်ထဲစောက်ရူးထရတာ မဝလို့ စောက်ရူးထဖို့ အဖော်ညှိခံရခြင်းပဲ။ နောက်ထပ်ရယ်မောပါ။ ခက်တာက အဲ့အချိန်တုန်းက ကိုယ်ဟာ စောက်ပိုတွေကို အချိန်ကုန်ခံလုပ်ခဲ့မှန်း နည်းနည်းကလေးမှ မသိရှိ၊ မရိပ်မိခဲ့တာပဲ။ ရိုးသားခြင်းဆိုတာကို အသွေးအသားထဲကနေ ယုံကြည်သူအဖို့ အရှုံးဟာ လှလှပပလေးပဲ တသက်စာလုံလောက်စွာ အဖပ်တင်ကျန်ရစ်တယ်။ ဒီထက် မပိုဘူး။ ဒါပေမယ့် ကိုယ့်မျက်နှာ အမြဲမော့လျက်ပဲ၊ ဘယ်တော့မှ လဲကျသွားမယ့်သူ မဟုတ်သလို၊ ဘဝတခုကို လွယ်လွယ်နဲ့ ချေဖျက်ခံမယ့်သူလည်း မဟုတ်ဘူး။ ကိုယ့်ဘဝပျက်မှ ပျော်နိူင်မယ်ဆိုရင်တော့ ရည်ရွယ်ချက်မအောင်မြင်ဘူးဆိုရမယ်၊ ဝမ်းနည်းစရာပဲ။ ဝဋ်ကြွေးဆိုလည်း ဝဋ်ကြွေးပေါ့၊ အချိန်တခုထိတော့ သေကြေပေးလိုက်မယ်။ စိတ်တခုလုံး အသတ်ခံခဲ့ရသူအတွက် ရှင်သန်ခြင်းဆိုတာ အပိုပဲ။ သို့သော် အပေါ်ယံမျက်နှာစာ လှပအောင် ဆေးခြယ်နေတတ်သူတွေအထဲ ကိုယ်မပါဘူးဆိုတာကတင် ကျေနပ်ဖို့ကောင်းနေပြီ။ ဘဝမှာ တပါးသူ မျက်ရည်ကြီးငယ်ကျအောင် တခါမှ မလုပ်ဖူးတာကတင် နေပျော်လှပြီ။ ဟန်ဆောင်ကောင်းသူတွေကို ကိုယ် အကြောက်ဆုံးပဲ။ ပိပိရိရိလိမ်လည်တတ်သူတွေဟာ ဟန်ဆောင်ကောင်းတဲ့သူတွေပဲ။ ရတာမလိုရင် ရအောင်မလုပ်နဲ့လေ၊ ရအောင်လုပ်ပြီးမှ မလိုဘူးဆိုတာဟာ စော်ကားခြင်းပဲ။ ကိုယ့်အတွက် တပါးသူကို ချနင်းဖို့ ဝန်မလေးတဲ့သူတွေ၊ တပါးသူအတွက် ထည့်မတွက်တတ်တဲ့ ငတေမာရင် ပြီးရောတွေကို မမုန်းဘူး၊ နာတာ…။ ကိုယ့်ဘဝတသက်လုံးစာ နာကျင်နေမှာ။ အနာကျင်ခံပြီးတော့ကို သတိရနေမှာ….။ တသက်လုံး မမေ့ချင်လို့ကို တနုံ့နုံ့နာကျင်နေရအောင် ကိုယ့်အနာဖေးတွေကို ပြန်ပြန်ခွာနေရတာ။ အင်ကြင်းပန်းတွေမြင်တိုင်း နာကျင်တတ်တဲ့ ရာဇဝင်ထဲက မိန်းမလို၊ အဲ့ထက်မလျော့တဲ့ စိတ်နာမှုမျိုးပဲ ဖြစ်တယ်…။ ဘဝမှာ သင်ယူခဲ့ရသမျှ သင်ခန်းစာတွေထဲ ကြေးအကြီးဆုံးဟာ စိတ်တခုလုံးသေကြပေးလိုက်ရတာပဲ….၊


======================================================

ဘဝမွာ ကိုုယ္ အေတးအမွတ္အၾကီးဆံုုးထားတဲ့အရာက ကိုုယ့္ဒဏ္ရာေတြရဲ႕အေၾကာင္းရင္းပဲ။ ကိုုယ့္ကိုု နည္းနည္းကေလးျဖစ္ေစ နာက်င္ေအာင္လုုပ္ရင္ေတာင္ ကိုုယ္က မွတ္သားထားတတ္တယ္။ လက္တုုန္႔ျပန္ဖိုု႔ေတာ့ မဟုုတ္ဘူး၊ ဘယ္ကမာၻမွာျဖစ္ျဖစ္ ျပန္ဆံုုရင္ မမွတ္မိခ်င္ေတာ့လိုု႔၊ ေသခ်ာမွတ္ထားတာ။ တကယ္ေတာ့ ခ်စ္ျခင္းေတြ၊ မုုန္းျခင္းေတြ၊ ဘယ္လိုုမွမေနျခင္းေတြဟာ ဘဝမွာ ဘာမွလည္း ဟုုတ္မွ မဟုုတ္တာ။ ခ်စ္ျခင္းတရားဆိုုတာကိုု တကယ္ရွိတယ္လိုု႔ ထင္ခဲ့ဖူးတယ္။ တကယ္က မဟုုတ္ဘူး၊ တကယ္မရွိဘူး။ ခဏတာ စြဲလန္းစိတ္ကေန ၾကာရွည္ရူးသြပ္သြားတတ္ျခင္းတခုုမွ်ပဲ။ ဘာမွ မထူးဆန္းဘူး။ ေသြးေအးသြားတဲ့အခါ ျဖည္းျဖည္းခ်င္းအေသးစိပ္ ျပန္ၾကည့္ပါ၊ ရယ္ေမာပါ။ ခ်စ္ျခင္းတရားဆိုုတာ တေယာက္ထဲေစာက္ရူးထရတာ မဝလိုု႔ ေစာက္ရူးထဖိုု႔ အေဖာ္ညွိခံရျခင္းပဲ။ ေနာက္ထပ္ရယ္ေမာပါ။ ခက္တာက အဲ့အခ်ိန္တုုန္းက ကိုုယ္ဟာ ေစာက္ပိုုေတြကိုု အခ်ိန္ကုုန္ခံလုုပ္ခဲ့မွန္း နည္းနည္းကေလးမွ မသိရွိ၊ မရိပ္မိခဲ့တာပဲ။ ရိုုးသားျခင္းဆိုုတာကိုု အေသြးအသားထဲကေန ယံုုၾကည္သူအဖိုု႔ အရွံဳးဟာ လွလွပပေလးပဲ တသက္စာလံုုေလာက္စြာ အဖပ္တင္က်န္ရစ္တယ္။ ဒီထက္ မပိုုဘူး။ ဒါေပမယ့္ ကိုုယ့္မ်က္ႏွာ အျမဲေမာ့လ်က္ပဲ၊ ဘယ္ေတာ့မွ လဲက်သြားမယ့္သူ မဟုုတ္သလိုု၊ ဘဝတခုုကိုု လြယ္လြယ္နဲ႔ ေခ်ဖ်က္ခံမယ့္သူလည္း မဟုုတ္ဘူး။ ကိုယ့္ဘဝပ်က္မွ ေပ်ာ္ႏိူင္မယ္ဆိုရင္ေတာ့ ရည္ရြယ္ခ်က္မေအာင္ျမင္ဘူးဆိုရမယ္၊ ဝမ္းနည္းစရာပဲ။ ဝဋ္ေၾကြးဆိုုလည္း ဝဋ္ေၾကြးေပါ့၊ အခ်ိန္တခုုထိေတာ့ ေသေၾကေပးလိုုက္မယ္။ စိတ္တခုုလံုုး အသတ္ခံခဲ့ရသူအတြက္ ရွင္သန္ျခင္းဆိုုတာ အပိုုပဲ။ သိုု႔ေသာ္ အေပၚယံမ်က္ႏွာစာ လွပေအာင္ ေဆးျခယ္ေနတတ္သူေတြအထဲ ကိုုယ္မပါဘူးဆိုုတာကတင္ ေက်နပ္ဖိုု႔ေကာင္းေနၿပီ။ ဘဝမွာ တပါးသူ မ်က္ရည္ၾကီးငယ္က်ေအာင္ တခါမွ မလုုပ္ဖူးတာကတင္ ေနေပ်ာ္လွၿပီ။ ဟန္ေဆာင္ေကာင္းသူေတြကိုု ကိုုယ္ အေၾကာက္ဆံုုးပဲ။ ပိပိရိရိလိမ္လည္တတ္သူေတြဟာ ဟန္ေဆာင္ေကာင္းတဲ့သူေတြပဲ။ ရတာမလိုရင္ ရေအာင္မလုပ္နဲ႔ေလ၊ ရေအာင္လုပ္ၿပီးမွ မလိုဘူးဆိုတာဟာ ေစာ္ကားျခင္းပဲ။ ကိုုယ့္အတြက္ တပါးသူကိုု ခ်နင္းဖိုု႔ ဝန္မေလးတဲ့သူေတြ၊ တပါးသူအတြက္ ထည့္မတြက္တတ္တဲ့ ငေတမာရင္ ၿပီးေရာေတြကို မမုုန္းဘူး၊ နာတာ…။ ကိုုယ့္ဘဝတသက္လံုုးစာ နာက်င္ေနမွာ။ အနာက်င္ခံၿပီးေတာ့ကိုု သတိရေနမွာ….။ တသက္လံုုး မေမ့ခ်င္လိုု႔ကိုု တႏံုု႔ႏုုံ႔နာက်င္ေနရေအာင္ ကိုုယ့္အနာေဖးေတြကိုု ျပန္ျပန္ခြာေနရတာ။ အင္ၾကင္းပန္းေတြျမင္တိုုင္း နာက်င္တတ္တဲ့ ရာဇဝင္ထဲက မိန္းမလိုု၊ အဲ့ထက္မေလ်ာ့တဲ့ စိတ္နာမွဳမ်ိဳးပဲ ျဖစ္တယ္…။ ဘဝမွာ သင္ယူခဲ့ရသမွ် သင္ခန္းစာေတြထဲ ေၾကးအၾကီးဆံုုးဟာ စိတ္တခုုလံုုးေသၾကေပးလိုုက္ရတာပဲ….၊



ကိုုယ္ ခ်စ္တဲ့ကဗ်ာ

ႏွင္းေတြ တကယ္ရွိခဲ့ဖူးတယ္

ႏွင္းေတြဘယ္တုန္းကမွ မက်တဲ့ၿမိဳ႕မွာ ကြၽန္မေနတယ္ ျဖစ္ႏိူင္တာမျဖစ္ႏိူင္တာ ကြၽန္မ မပိုင္တဲ့အရာ ေမွ်ာ္လင့္တတ္ရံုပါ... အဲဒီမနက္ လက္ဘက္ရည္ဝိုင္...