Wednesday, December 18, 2019

ဘဝမွတ္စုု ၆

နာက်င္စရာေတြအတြက္ အံကိုတင္းတင္းႀကိတ္ထားရတိုင္း သူ႔ေၾကာင့္...လို႔ ပူေလာင္ခဲ့ဖူးတယ္။
ပိုမိုနာက်င္ရတာေတြအတြက္ လက္သီးက်စ္က်စ္ဆုပ္ထားရတိုင္း ဘယ္သူမျပဳ မိမိမႈပါပဲ...၊ ကိုယ္တိုင္ေၾကာင္႔လို႔ ေလာင္ႂကြမ္းမ်ိဳသိပ္ခဲ့ဖူးတယ္။
အခ်ိန္ေတြၾကာလာတဲ့အခါ အမာရြတ္တခုကို ပြတ္သပ္မိတိုင္း ဘယ္သူ႔ဘယ္သူမွ အျပစ္မျမင္မိေတာ့ဘဲ အေၾကာင္းအက်ိဳးဆက္စပ္ျခင္းတရားကိုသာ ေတြးေတာေျဖသိမ့္ေနလိုက္ေတာ့တယ္။
ကိုယ္႔စိတ္ရဲ႕အနက္ဆံုး အတြင္းသားထဲမွာ သူမလို႔ အမည္ရိွတဲ့မိန္းမတေယာက္ကို နာက်င္မယ္မွန္းသိရက္နဲ႔ သိမ္းထားခဲ့မိတဲ့အခ်ိန္ေတြ။ သူမ ႐ူးမိုက္သမွ် ကိုယ္နာက်င္ရဖို႔ ျဖစ္လာတဲ့အခါေတြ...။
မလြယ္ခဲ့ပါဘူး ႐ူးမတတ္ေန႔ေန႔ညညေတြထဲ အႀကိမ္ႀကိမ္ၿပိဳလဲခဲ့ဖူးတယ္။ ေသျခင္းတရားဆီ ေျခဦးလွည့္မိတဲ့အထိ စိတ္တခုလံုး ေမွာင္အတိက်ဖူးခဲ့တယ္။ နာက်င္ရလြန္းလို႔ မတတ္ႏိူင္ေတာ့တဲ့အဆံုး ကိုယ္တိုင္ပဲ ျပန္ထူထခဲ့ရတယ္။ ဝဋ္နာကံနာဆိုတာေတြကို လက္ကနဲျမင္မိခ်ိန္ သူ႔ေႂကြးရိွရင္ ေ႐ွာင္မရဘူးဆိုတာ သတိရမိျပန္တယ္။ နာက်င္မႈဆိုတာ မျမဲဘူး၊ ေပ်ာ္ရႊင္မႈဆိုတာလည္း မျမဲဘူး။ ဒါေပမယ့္ လြယ္လြယ္ေလးရခဲ့တာေတြလည္း မဟုတ္ဘူး။ နာက်င္မႈက ရဖို႔လြယ္တယ္ထင္လား၊ ေပ်ာ္ရႊင္မႈကေရာ ရဖို႔ ခက္သလား။ ေပ်ာ္ေအာင္ေနဖို႔ကေတာ့ နည္းနည္းလြယ္မယ္ထင္ပါရဲ႕။ ဒါေတြေၾကာင့္ပဲ ဘဝက အဓိပၸါယ္ရိွလာတာ ဟုတ္လား...။ 
နည္းနည္းေတာ့ နာက်င္ေသးတာေပါ့...အရာရာကို ေပါ့ေပါ့တန္တန္သေဘာမထားခဲ့သူမို႔၊ ထိ႐ွရာနက္သေလာက္ အနာေဖးတက္ဖို႔ အခ်ိန္ၾကာ႐ွည္ခဲ့ရတာ။ လူေတြအမ်ိဳးမ်ိဳးနဲ႔ ၾကံဳဆံုခြင့္ရတာ ေက်နပ္ဖို႔ ဟုတ္လား၊ ဘယ္လိုေျပာေျပာ ဝဋ္ေႂကြးဆိုတာ အခ်ိန္တန္ေတာ့လည္း ေၾကတာပါပဲ....။ ေနာက္ဘဝဆိုတာ တကယ္ရိွရင္လည္း ဝဋ္ေႂကြးဆိုတဲ့ ေႏွာင္ႀကိဳးတန္းလန္းနဲ႔ဆို ျပန္မဆံုခ်င္ေတာ့ဘူး။ ဘယ္လိုနည္းနဲ႔ျဖစ္ျဖစ္ ျပန္မဆံုရင္လည္း ေကာင္းသားပဲ။ ေကာင္းကင္ဘံုမွာ ျပန္ဆံုၾကတဲ့အခါ မင္း ကိုယ့္နံမည္ကို မွတ္မိပါဦးမလားဆိုတဲ့ ေၾကကြဲမႈမ်ိဳးနဲ႔ ေနာက္ထပ္ မဆံုး႐ွံုးခ်င္ေတာ့ဘူး။ မတူတဲ့ကမာၻေတြမွာ၊ ဘယ္လိုမွမဆံုႏိူင္တဲ့ဘဝေတြမွာပဲ အသစ္ထပ္ျဖစ္ၾကဖို႔ တတ္ႏိူင္မယ္ထင္ပါရဲ႕....
တကယ္ေတာ့လည္း ဘဝဆိုတာ၊ လူဆိုတာ...ေဟာဒီကမာၻႀကီးထဲ ဘာမ်ားဟုတ္လို႔လဲကြယ္....
သူမ ~
CKA
04122019

======================
နာကျင်စရာတွေအတွက် အံကိုတင်းတင်းကြိတ်ထားရတိုင်း သူ့ကြောင့်...လို့ ပူလောင်ခဲ့ဖူးတယ်။
ပိုမိုနာကျင်ရတာတွေအတွက် လက်သီးကျစ်ကျစ်ဆုပ်ထားရတိုင်း ဘယ်သူမပြု မိမိမှုပါပဲ...၊ ကိုယ်တိုင်ကြောင့်လို့ လောင်ကြွမ်းမျိုသိပ်ခဲ့ဖူးတယ်။
အချိန်တွေကြာလာတဲ့အခါ အမာရွတ်တခုကို ပွတ်သပ်မိတိုင်း ဘယ်သူ့ဘယ်သူမှ အပြစ်မမြင်မိတော့ဘဲ အကြောင်းအကျိုးဆက်စပ်ခြင်းတရားကိုသာ တွေးတောဖြေသိမ့်နေလိုက်တော့တယ်။
ကိုယ့်စိတ်ရဲ့အနက်ဆုံး အတွင်းသားထဲမှာ သူမလို့ အမည်ရှိတဲ့မိန်းမတယောက်ကို နာကျင်မယ်မှန်းသိရက်နဲ့ သိမ်းထားခဲ့မိတဲ့အချိန်တွေ။ သူမ ရူးမိုက်သမျှ ကိုယ်နာကျင်ရဖို့ ဖြစ်လာတဲ့အခါတွေ...။
မလွယ်ခဲ့ပါဘူး ရူးမတတ်နေ့နေ့ညညတွေထဲ အကြိမ်ကြိမ်ပြိုလဲခဲ့ဖူးတယ်။ သေခြင်းတရားဆီ ခြေဦးလှည့်မိတဲ့အထိ စိတ်တခုလုံး မှောင်အတိကျဖူးခဲ့တယ်။ နာကျင်ရလွန်းလို့ မတတ်နိူင်တော့တဲ့အဆုံး ကိုယ်တိုင်ပဲ ပြန်ထူထခဲ့ရတယ်။ ဝဋ်နာကံနာဆိုတာတွေကို လက်ကနဲမြင်မိချိန် သူ့ကြွေးရှိရင် ရှောင်မရဘူးဆိုတာ သတိရမိပြန်တယ်။ နာကျင်မှုဆိုတာ မမြဲဘူး၊ ပျော်ရွှင်မှုဆိုတာလည်း မမြဲဘူး။ ဒါပေမယ့် လွယ်လွယ်လေးရခဲ့တာတွေလည်း မဟုတ်ဘူး။ နာကျင်မှုက ရဖို့လွယ်တယ်ထင်လား၊ ပျော်ရွှင်မှုကရော ရဖို့ ခက်သလား။ ပျော်အောင်နေဖို့ကတော့ နည်းနည်းလွယ်မယ်ထင်ပါရဲ့။ ဒါတွေကြောင့်ပဲ ဘဝက အဓိပ္ပါယ်ရှိလာတာ ဟုတ်လား...။ 
နည်းနည်းတော့ နာကျင်သေးတာပေါ့...အရာရာကို ပေါ့ပေါ့တန်တန်သဘောမထားခဲ့သူမို့၊ ထိရှရာနက်သလောက် အနာဖေးတက်ဖို့ အချိန်ကြာရှည်ခဲ့ရတာ။ လူတွေအမျိုးမျိုးနဲ့ ကြုံဆုံခွင့်ရတာ ကျေနပ်ဖို့ ဟုတ်လား၊ ဘယ်လိုပြောပြော ဝဋ်ကြွေးဆိုတာ အချိန်တန်တော့လည်း ကြေတာပါပဲ....။ နောက်ဘဝဆိုတာ တကယ်ရှိရင်လည်း ဝဋ်ကြွေးဆိုတဲ့ နှောင်ကြိုးတန်းလန်းနဲ့ဆို ပြန်မဆုံချင်တော့ဘူး။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ပြန်မဆုံရင်လည်း ကောင်းသားပဲ။ ကောင်းကင်ဘုံမှာ ပြန်ဆုံကြတဲ့အခါ မင်း ကိုယ့်နံမည်ကို မှတ်မိပါဦးမလားဆိုတဲ့ ကြေကွဲမှုမျိုးနဲ့ နောက်ထပ် မဆုံးရှုံးချင်တော့ဘူး။ မတူတဲ့ကမ္ဘာတွေမှာ၊ ဘယ်လိုမှမဆုံနိူင်တဲ့ဘဝတွေမှာပဲ အသစ်ထပ်ဖြစ်ကြဖို့ တတ်နိူင်မယ်ထင်ပါရဲ့....
တကယ်တော့လည်း ဘဝဆိုတာ၊ လူဆိုတာ...ဟောဒီကမ္ဘာကြီးထဲ ဘာများဟုတ်လို့လဲကွယ်....
သူမ ~
CKA
04122019

ကိုုယ္ ခ်စ္တဲ့ကဗ်ာ

ႏွင္းေတြ တကယ္ရွိခဲ့ဖူးတယ္

ႏွင္းေတြဘယ္တုန္းကမွ မက်တဲ့ၿမိဳ႕မွာ ကြၽန္မေနတယ္ ျဖစ္ႏိူင္တာမျဖစ္ႏိူင္တာ ကြၽန္မ မပိုင္တဲ့အရာ ေမွ်ာ္လင့္တတ္ရံုပါ... အဲဒီမနက္ လက္ဘက္ရည္ဝိုင္...