ကျွန်မက အင်မတန် စိတ်လက်မြန်ဆန်သူဖြစ်တယ်။ တစ်ခုခုဆို
ချက်ချင်းဆုံးဖြတ်ပြီး လုပ်လိုက်ရမှ။ နောက်ဆက်တွဲ မှားမှန်တွေကိုလည်း
ရဲရဲရင်ဆိုင်ပစ်လိုက်တာပဲ။ အဖြူအမဲ အဖြေကို သဲသဲကွဲကွဲသိလိုက်ရမှ
နေသာထိုင်သာရှိသလို အဖြေကို စောင့်နေရတာမျိုးအတွက် စိတ်မရှည်တတ် တဲ့သူပါ။
စကားပြောလည်း မြန်ဆန်သလောက် တစ်ခါတစ်လေ သူများပြောနေ တုန်း ဖြတ်ပြောမိ သလို
ဖြစ်သွားတတ်တာမို့ အတော်လေး သတိထားနေရပါတယ်။ ကိုယ်က မေ့လည်း မေ့တတ်လာတာမို့
သတိရလာတုန်းလေး ပြောချလိုက်ချင်တာလည်း ပါပါတယ်။
ကျွန်မရဲ့ အဲဒီစရိုက်ဟာ ချစ်ကြည်အေးဆိုတဲ့ ကလောင်တစ်ခုယူပြီး စာရေးတဲ့အခါမှာ သိတ်ကို ထင်ရှားလာပါတော့တယ်။ တခါတလေ ကျွန်မရေးခဲ့တဲ့ အရင်ကပိုစ့် အဟောင်းတွေ ပြန်ဖတ်တဲ့ အခါမှာ ရှေ့ကို မြန်မြန်သွားနေတဲ့ အရေးအသားတွေကို တွေ့ရ တယ်။ မြန်မြန်ပြီးပစ်လိုက်ချင်တယ်။ စာဖတ်သူ ဇာတ်ရည်လည် မလည်ထက် ကျွန်မက မြန်မြန်ဖြတ်ချ လိုက်ချင်တာမျိုး တွေပဲ တွေ့ရတယ်။ စာပိုဒ်တွေက တစ်ခုနဲ့ တစ်ခု ချိတ်ဆက်မနေဘဲ ခပ်မြန်မြန် ပုံဖော်လိုက်တာမျိုး တွေ များမှများပါပဲ။
ဥပမာ လွမ်းစရာကောင်းတဲ့ နေရာမျိုးမှာ စာဖတ်သူကို တစ်စိမ့်စိမ့်လွမ်းအောင် ကျွန်မက ဆွဲခေါ်မသွားဘဲ တုံးတိဖြတ်ချလိုက်တာမျိုး။ ဒီတော့ စာဖတ်သူက ၀မ်းနည်းစရာလေးပါလားဆိုပြီး ခံစားမလို့ ရှိတုန်း ဗြုန်းဆို ကျွန်မက နောက်တစ်ခန်း ခေါ်သွားနေခဲ့ပြီ။ အဲသလိုမျိုးပါ။ ကျွန်မက ကိုယ်တိုင်လည်း သိတ်မနုတော့ စာတွေကလည်း မာဆတ်ဆတ် ထောင့်တောင့်တောင့်တွေရယ်။ ကြာကြာလည်း မခံစားတတ်သူ၊ ဘာဖြစ်ဖြစ် ပြီးပြီပဲ ဆိုပြီး လွှတ်ချခဲ့တတ်သူ ဖြစ်လေတော့ အဲဒီမှာ ကျွန်မရေးတဲ့ စာတော်တော်များများဟာ အဲဒီ စရိုက်တွေ ၀င်နေခဲ့တော့တယ်။
ခုဆို ကျွန်မ၀တ္ထုတိုလေးတွေ မဂ္ဂဇင်းစာမျက်နှာမှာ ဟိုနား ဒီနား ပါစပြုလာပြီ။ စာရေးသူတစ်ယောက်အနေနဲ့ ၀မ်းသာစရာကောင်းတဲ့အချက်ပါ။ အဲသလို ၀မ်းသာတာနဲ့ထပ်တူ သတိပြုစရာတွေကလည်း များပြားလာခဲ့ပါတယ်။ အရင်ကလို စာရေးရင် မလောဖို့။ စိတ်ရှည်လက်ရှည် ရေးဖို့။ ဇာတ်ကောင်စရိုက်တွေမှာ ကိုယ့်ကာရိုက်တာတွေ သိတ်လွှမ်းမနေဖို့၊ ပြောတဲ့ ဒိုင်ယာလောဂ့်တွေကအစ ကျွန်မ၀င်ပြောနေတာမဟုတ်ဘဲ ကျွန်မဖန်တီးထားတဲ့ ဇာတ်ကောင်ရဲ့ စရိုက်နဲ့ အပ်စပ်တဲ့ ပြောစကားတွေ ဖြစ်စေဖို့ စသဖြင့် ကိုယ့်ကိုယ်ကို သတိထားပေးနေရပါတယ်။
ပြောချင်တာကလေ ကျွန်မရဲ့ အဲသလိုစာလေးတွေကို ခုချိန်ထိ သည်းခံဖတ်ပေးကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်း ရေးဖော်တွေကို ရင်ထဲက နင့်နင့်နဲနဲ ကျေးဇူးတင်ပါတယ်ဆိုတာပါပဲ။
ကျွန်မရဲ့ အဲဒီစရိုက်ဟာ ချစ်ကြည်အေးဆိုတဲ့ ကလောင်တစ်ခုယူပြီး စာရေးတဲ့အခါမှာ သိတ်ကို ထင်ရှားလာပါတော့တယ်။ တခါတလေ ကျွန်မရေးခဲ့တဲ့ အရင်ကပိုစ့် အဟောင်းတွေ ပြန်ဖတ်တဲ့ အခါမှာ ရှေ့ကို မြန်မြန်သွားနေတဲ့ အရေးအသားတွေကို တွေ့ရ တယ်။ မြန်မြန်ပြီးပစ်လိုက်ချင်တယ်။ စာဖတ်သူ ဇာတ်ရည်လည် မလည်ထက် ကျွန်မက မြန်မြန်ဖြတ်ချ လိုက်ချင်တာမျိုး
ဥပမာ လွမ်းစရာကောင်းတဲ့ နေရာမျိုးမှာ စာဖတ်သူကို တစ်စိမ့်စိမ့်လွမ်းအောင် ကျွန်မက ဆွဲခေါ်မသွားဘဲ တုံးတိဖြတ်ချလိုက်တာမျိုး။ ဒီတော့ စာဖတ်သူက ၀မ်းနည်းစရာလေးပါလားဆိုပြီး ခံစားမလို့ ရှိတုန်း ဗြုန်းဆို ကျွန်မက နောက်တစ်ခန်း ခေါ်သွားနေခဲ့ပြီ။ အဲသလိုမျိုးပါ။ ကျွန်မက ကိုယ်တိုင်လည်း သိတ်မနုတော့ စာတွေကလည်း မာဆတ်ဆတ် ထောင့်တောင့်တောင့်တွေရယ်။ ကြာကြာလည်း မခံစားတတ်သူ၊ ဘာဖြစ်ဖြစ် ပြီးပြီပဲ ဆိုပြီး လွှတ်ချခဲ့တတ်သူ ဖြစ်လေတော့ အဲဒီမှာ ကျွန်မရေးတဲ့ စာတော်တော်များများဟာ အဲဒီ စရိုက်တွေ ၀င်နေခဲ့တော့တယ်။
ခုဆို ကျွန်မ၀တ္ထုတိုလေးတွေ မဂ္ဂဇင်းစာမျက်နှာမှာ ဟိုနား ဒီနား ပါစပြုလာပြီ။ စာရေးသူတစ်ယောက်အနေနဲ့ ၀မ်းသာစရာကောင်းတဲ့အချက်ပါ။ အဲသလို ၀မ်းသာတာနဲ့ထပ်တူ သတိပြုစရာတွေကလည်း များပြားလာခဲ့ပါတယ်။ အရင်ကလို စာရေးရင် မလောဖို့။ စိတ်ရှည်လက်ရှည် ရေးဖို့။ ဇာတ်ကောင်စရိုက်တွေမှာ ကိုယ့်ကာရိုက်တာတွေ သိတ်လွှမ်းမနေဖို့၊ ပြောတဲ့ ဒိုင်ယာလောဂ့်တွေကအစ ကျွန်မ၀င်ပြောနေတာမဟုတ်ဘဲ ကျွန်မဖန်တီးထားတဲ့ ဇာတ်ကောင်ရဲ့ စရိုက်နဲ့ အပ်စပ်တဲ့ ပြောစကားတွေ ဖြစ်စေဖို့ စသဖြင့် ကိုယ့်ကိုယ်ကို သတိထားပေးနေရပါတယ်။
ပြောချင်တာကလေ ကျွန်မရဲ့ အဲသလိုစာလေးတွေကို ခုချိန်ထိ သည်းခံဖတ်ပေးကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်း ရေးဖော်တွေကို ရင်ထဲက နင့်နင့်နဲနဲ ကျေးဇူးတင်ပါတယ်ဆိုတာပါပဲ။
ဟာ.. အမချစ်ကြည်အေးကတော့ လုပ်ပြီ၊း) အမရဲ့ စာတွေက မာဆတ်ဆတ်၊ ထောင့်တောင့်တောင့်ရယ်လို့ မဟုတ်ပါဘူးဗျ၊ ပြီးတော့ နုနုနွဲ့နွဲ့ နှေးနှေးကွေးကွေးမှ လွမ်းစရာရယ်လို့ မဟုတ်ပါဘူး၊ ခပ်မြန်မြန်လေးနဲ့ မာမာရင့်ရင့်လည်း လွမ်းစရာ ဖြစ်တာပဲ...၊း)
ReplyDeleteကျနော်ကတော့ အမရဲ့ စာတွေမှာ တွေ့ရလေ့ရှိတဲ့ sense of humour touch လေးတွေကို အရမ်းသဘောကျတယ်၊ ဇဝနဉာဏ် ဆိုတာက လူတိုင်းမှာ မရှိသလို ရှိရင်လည်း ခပ်ပါးပါးလေးနဲ့ လိုသလို ညှပ်ထည့်ရတာမျိုး မဟုတ်လား၊ ရေးရတာ အင်မတန် ခက်ပါတယ်၊ အမရဲ့ စာတွေ မဂ္ဂဇင်းတွေမှာ ပါနေတာအတွက် ဂုဏ်ယူမိသလို ရှေ့ဆက်လည်း ပိုပြီး အောင်မြင်ပါစေကြောင်း ဆန္ဒဆုမွန် ပြုပါတယ်ဗျာ...။
ဘယ်လိုပဲဖြစ်ဖြစ်ကြိုက်တယ် မကြီးရေးတာ ကိုညီလင်းပြောသလိုပဲ ဇ၀နဥာဏ်က လူတိုင်းမှာရှိတာမဟုတ်ဘူး...။ အဲဒီပွိုင့်လေးနဲ့တင်...မိုက်နေပြီ...။ စာအုပ်ထဲပါလာပြီဆိုတော့ ကွန်ဂရက်ကျူးရေးရှင်းပါ...း) နောက်ထပ် စာအုပ်ထဲပါရင်လဲ ဘလော့မှာပြောဦးနော်..သွားဝယ်သိမ်းမလို့..။
ReplyDeleteစိတ်ကလေးလည်းအေးအေးထား အရင်စိတ်ကလေးနဲ့ မပျောက်စေနဲ့ပေါ့ ကျနော်ကတော့ အစ်မချစ် ရဲ့ ရယ်စရာရယ်လို့ရေးတာမဟုတ်ပဲ ပြုံးမိရတဲ့ အရေးသားလေးတွေကြိုက်တယ်း)
ReplyDeleteအစ်မချစ်စတိုင် က အစ်မချစ်စတိုင်ပေါ့။
ReplyDeleteစာကို အလျှင်စလို သိမ်းပစ်ချင်တာ ကျွန်တော်လည်း တူတူပဲ။ အားရှိစရာ ကောင်းတာက ဆရာမကြီး ခင်နှင်းယုကိုလည်း ဆရာကြီး မြသန်းတင့်က အဲလိုသဘောမျိုး ဝေဖန်ဖူးတယ် ဆိုပဲ။ (ဆိုင်ဆိုင် မဆိုင်ဆိုင် ဘယ်လောက် အားရှိစရာ ကောင်းထားလဲ မချစ်ကြည်ရယ်) ဆင်ခြင်သင့်သလောက် ဆင်ခြင်၊ လုံးဝတော့ ပြင်မပစ်လိုက်နဲ့ဗျို့။ တော်နေကြာ ကိုယ့်စာဖတ်သူ ကိုယ့်မိတ်ဆွေတွေက ကိုယ့်စာကို မမှတ်မိပဲ နေဦးမယ်း)
ReplyDeleteခင်မင်သော သတိုး