Monday, November 28, 2011

အသဲကွဲ စီကေအေ

ဂျက်စတားအကြောင်းတော့ လေသံတောင် မဟချင်ဘူး၊ စိတ်နာလွန်းလို့။ စီကေအေတို့ ဘယ်နေမလဲ၊ ဟိုတိုင် ဒီတိုင်ပေါ့။ ခက်တာက အဲသလို ဘတ်ဂျက်အဲလိုင်းတွေက ဒါမျိုး ရိုး..လွန်းလို့ အရေထူနေပြီဆိုတဲ့ အထာနဲ့။ တစ်ခုပဲ Trip Advisor မှာ ကိုသောမတ်စ် (AATO) တင်ပေးတဲ့ စီကေအေတို့ ကွန်ပလိန်းစာ နဲ့ Travel Myanmar မှာတင်ပေးတဲ့ ဒီပိုစ့် ကို သူတို့ Travel Industry ကလူတွေ အကုန်ဖတ်ကြပြီးသကာလ ဂျက်စတားကို Internally အမဲရောင် စာရင်းသွင်းလိုက်သတဲ့။ ဆိုတော့ကာ Myanmar Travel Industryမှာတော့ ဂျက်စတားက ရေပန်းမစားနိုင် ရှာတော့တဲ့ အနေအထားတော့ ဖြစ်သွားတယ်။ တော်တော်လေး ပွက်သွားတယ် ဆိုရမယ်။ ဒီတော့ ကြားကြားချင်း စီကေအေတို့ " အောင်ပြီ အောင်ပြီ အောင်ပြီ" ၃ကြိမ်တိတိ လက်သီးလက်မောင်း တန်းပြီး အော်ပစ်လိုက်တယ်။ ဘာရမလဲ...။ (အမျှ အမျှ အမျှယူတော်မူကြပါကုန်)

ရင်နာနာနဲ့ ပြန်ပြောရမယ်ဆိုရင် သြဂတ်စ်လထဲက ရွာပြန်ဖို့ လက်မှတ်ဖြတ်၊ သူငယ်ချင်းတွေ၊ တွေ့ဖို့ရှိတဲ့ လူတွေနဲ့ တွေ့ရအောင် အစီအစဉ်ဆွဲထားခဲ့တာ။ ဘယ်သွားမယ်၊ ဘာစားမယ် စာရင်းတို့ထား၊ စီကေအေက မေ့တတ်တယ်လေ။ ရောက်တုန်းရောက်ခိုက် စာရေးဖို့အတွက် ကုန်ကြမ်းလေးဘာလေး ရှာရအောင်...တွေးထား...၊ ဘယ်သွားရှာရရင် ကောင်းမလဲ။ အင်း...ဟိုဘလော့ဂ်ဂါလေးလို ကော်ဖီနဲ့ ဆိုင်ကယ်တွဲရောင်းတဲ့ဆိုင် သွားမလား။ ဟိုအစ်မကြီးလို ပျင်းပျင်းရှိ ဓါတ်ဆီဆိုင်သွား တန်းစီ ထုတ်ရင် ကောင်းမလား၊ စီကေအေမှာ ကားနဲ့တူတာ ဘိုအုန်းသီးတောင် မရှိပေမဲ့ပေါ့လေ။ ရွာရဲ့ လေအလျင် လိုမြန်သော၊ ဖြတ်ကနဲ ဖြတ်ကနဲ မပြောမဆို ပြုတ် ပြုတ် ကျတတ်သော အိုင်နက်ရဲ့ စပိဒ်ကို ခံစားဖို့ အင်တာနက်ဆိုင် တစ်ဆိုင်ဆိုင်ကိုပဲ သွားရကောင်းမလား။ ဒါမှမဟုတ် မင်းလမ်း မုန့်တီဆိုင်၊ ဖီးလ် မြန်မာထမင်းဆိုင်တွေက အစားအသောက်တွေ လှည့်ပတ်စားပြီး ဓါတ်ပုံရိုက်၊ ဘလော့ဂ်ပေါ် တင်ပစ်လိုက်၊ အဲလိုနည်းနဲ့  ဘလော့ဂ်ဖတ်လာ များသတ္တ၀ါတွေ ပို့သတဲ့မေတ္တာကို ခံယူရကောင်းမလား။ တွေး...တယ်။ တွေးတိုင်းလည်း မျက်နှာကြီးက ပြုံး ပြုံးကြီး...။

အတိတ်ကို လှန်သော်ပေါ့လေ...။ အိမ်ကလူနဲ့ နယ်မြေဝေခြမ်းရေးလည်း လုပ်ရသေးတယ်။ မန်းလေးမှာ ဘယ်နှညအိပ်၊ တို့များ ရန်ကုန်မှာ ဘယ်နှညအိပ်မယ်ပေါ့၊ အဲသလိုလည်း ညီညွတ် မျှတအောင်လည်း စီစဉ်ထား ရသေး။ မန်းလေးတက်ဖို့ လေယာဉ်လက်မှတ် ဖြတ်၊  ငွေပေါနေလို့တော့ မဟုတ်၊ အချိန်ကို ငွေ နဲ့ ပေးဝယ်ရတဲ့ သဘော။ မေမြို့မှာ ၂ညအိပ်ဖို့လည်း စီစဉ်ရသေးတယ်။ စလုံးက သူငယ်ချင်း မိသားစု နဲ့ မေမြို့မှာဆုံကြဖို့ ချိန်းထားကြတာလေ။ အိမ်ကလူကလည်း တက်ကြွလို့၊ သူ့ အထက်တန်းကျောင်း ဆရာကန်တော့ပွဲ၊ ဘူမိဆရာကန်တော့ပွဲ ၂ခုက တိုက်တိုက်ဆိုင်ဆိုင် စနေ တနင်္ဂနွေဆက်တိုက်မို့ အဆင်တပြေ။ ခါတိုင်းလို တလစီမှာလုပ်ကြရင် ပွဲ၂ခုစလုံးတက်ဖြစ်ဖို့က ခဲယဉ်းပေတာကိုး။ ခုတော့ ကြုံပြီ ကြိုက်ပြီ ကြုံကြိုက်လေပြီပေါ့။

ဒါပေမဲ့ ကံများဆိုးချင်တော့ မင်္ဂလာဆောင်မဲ့အပါတ်မှ ၀ါထပ်နေတာလို...။ ဒီနှစ်ကျမှ ဂျက်စတားဝယ်မိတဲ့ အဖြစ်။ မက်ထားသမျှ အိပ်မက်တွေ အကုန် မြောင်းထဲစိုက်။ MAIလည်း မ၀ယ်ချင်ပါဘူး။ ကိုဂျက်စတား ဆင်တဲ့ အကွက်ထဲ မ၀င်ရေးချ မ၀င်ချင်...။ တခြားအဲလိုင်းတွေ ရှာ...။ အကုန် ဈေးတက်။ မျက်လုံးမက မျက်ဆန်ပါ ပြူးရော။ တတ်နိုင်ပါဘူး။ ဒီတနှစ်လုံး ခရီးထွက်တာများလို့ ၀ိတ်လျှော့ပါမယ် ဆိုနေမှ။ ဟူး... စိတ်တွေကို လျှော့ချ၊ ၀င်လေ ထွက်လေ ရှူ...ရှိုက်၊ အင်း...အနည်းငယ် သက်သာသွားသလိုလို...။

တနင်္ဂနွေတစ်ရက် အရမ်းအားနေတာနဲ့ လေကြောင်းလိုင်းတွေ လျှောက်ဝင်ကြည့်... မတော်တဆကြီးများ ဈေးတွေချနေမှဖြင့်...၊ မျက်လုံးတွေတောင် ပြူးလာသလိုလို ထင်ရ။ ဟာ.... မေ့နေ လိုက်တာ... အဲအေးရှား ရှိသေးတာပဲ။ ကွန်နက်တင်းဖလိုက်နဲ့ မလေးရှားက တစ်ဆင့်သွားလည်း ရတာပဲဟာ...။ အင်း...၀င်ကြည့်မှ.. ၀င်ကြည့်ဦးမှ... ။ ရောဂါ ပြန်သည်းလာပြန်...။

အွန်လိုင်းကနေ ကြည့်ရင်း သေချာချင်တော့ ဖုန်းထဆက်။ လေယာဉ်တော့ ၂စီးပြောင်းရမယ်။ SIN-KUL-SIN နဲ့ KUL-YGN-KUL လက်မှတ် ၂စောင် ဖြတ်ရမယ်။ အချိန်ပိုကုန်မယ်၊ လူ ပို ပင်ပမ်းမယ်။ သွားမလား။ ဘယ်လိုလဲပေါ့။ စီကေအေ သိပ်သွားချင်နေမှန်းသိတော့ အိမ်ကလူက စလုံးS$၁၀၀၀ မကျော်ရင် သွားကြတာပေါ့တဲ့။ အင်း... အားလုံးဘယ်လောက်ကျလဲ ဆိုတော့ S$၁၀၀၂.၄၉ တဲ့။  နိုးပရော်ဘလန် S$၂.၄၉ မိန်းမပဲ ပေးလိုက်ပါ့မယ်လေ၊ သွားကြတာပေါ့လို့ သဘောတူလိုက်ကြတယ်။ အခု ခရက်ဒစ် ကဒ်နဲ့ ပေးရမှာလားဆိုတော့ " နိုးနိုး တာမင်နယ်-1က AirAisa Sales counterမှာ ၄၈နာရီအတွင်း ငွေအကြေ သွားရောက်ပေးချေပါ"တဲ့။ ကိစ္စမရှိပါဘူးလေ၊ ဒီညနေ ဧည့်သည်ကြိုရမှာ၊ လေဆိပ်သွားဖို့ ရှိတာပဲဟာ။ ဒါနဲ့.... မြောင်းထဲကျနေတဲ့ အိပ်မက်ကြီး ကောက်ပြီး ဆက်မက်ကြပြန်တယ်။

တနင်္ဂနွေ ည ၈နာရီဝန်းကျင် တာမင်နယ်-1 AirAisa Sales counter ရှေ့။

"ဘွတ်ကင်နံပါတ်ပြော..."

"*#*@@@***&"

"အိုကေ...အဲဒါက SIN-KUL-SIN နော်"

"ရက်စ် ရက်စ်"နောက် ဘွတ်ကင် တစ်ခု ရှိသေးတယ် KUL-YGN-KULလေ... (စီကေအေမှ တက်ကြွစွာ ပြော သည်)

"သြော် ၀ိတ်ထ် ၀ိတ်ထ် ၀မ်းဘိုင်ဝမ်း အိုကေ...၊ ဒါအတွက် အရင် ပေးရမယ်၊ စကာင်္ပူဒေါ်လာ 270.0ပါ"

"အိုကေ..." (အိမ်ကလူမှ ခရက်ဒစ်ကဒ် ထုတ်ပေး)

"ဟုတ်ပြီ။ နောက် ဘွတ်ကင်နံပတ် တစ်ခု ပြောပါ"

"@$^&%^&$&amp"

"ကျေးဇူး၊ အိုကေ ဒီ ဘွတ်ကင်က KUL-YGN-KUL နော်..."

"ဟုတ်ပါတယ်...ဟုတ်ပါတယ်..." (စီကေအေမှ မျက်လုံးများ အရောင် တလက်လက်နှင့် ပြောသည်)

"အင်း...အဲဒါက စင်္ကာပူ ဒေါ်လာ ၈၃၄.၄၉ ကျပါတယ်"

"ဘာ...အိုင် ဘက်ခ်ယူဝါ ပါဒမ်..."

"စင်္ကာပူ ဒေါ်လာ ၈၃၄.၄၉ ပါ"

"ဟင်...ငါတို့ နေ့လည်က သဘောတူထားတဲ့ ဈေးက ၇၃၂.၄၉ပါ...ဒီမှာကြည့်" (လက်ရေးနှင့် အသေအချာ ချရေးထားသော စာရွက်ကို စီကေအေမှ ပြရင်းပြော)

"အဲဒါတော့ ငါတို့လည်း မသိဘူး၊ ဈေးကတော့ အခု စစ်စတမ်မှာ ပြနေတဲ့ ဈေးပဲ"

"ဒီလို ဘယ်ရမလဲ၊ နေ့လည်ကမှ သဘောတူထားတဲ့ဟာ၊ ငါတို့ ဘွတ်ကင်ကို ၄၈နာရီ ဟိုးလ်လုပ်ထားမယ် လို့ ပြောခဲ့တာ"

"ဘယ်သူလဲ နင်မှတ်မိလား"

"အဲဒီ အမျိုးသမီးနာမည်က Ms Anne တဲ့ call center က"

"ဒါဆို သူ့ဆီ ဖုန်းဆက်ပြီး ပြန်မေးကြည့်လိုက်ပါ"

ကြိုးစားဆက်သည်။ အဂန်း အန် အဂန်း...၊ ဖုန်းက တစ်ချိန်လုံး ဘီးဇီး....နှင့် မအား...။

"ဧည့်သည်ကြိုဖို့ လေယာဉ်ဆိုက်ချိန်က နီးပြီ၊ သွားကြစို့၊ တော်ပြီကွာ ဒီလောက် ပြသာနာ များလှတာ သွားမနေပါနဲ့တော့" (အိမ်ကလူကြီးမှ စိတ် အလွန်အမင်း ပျက်သံနှင့် ပြော)

"အိုကေ၊ ပလိစ် ကန်ဆယ် အာဝါ ဘွတ်ကင်" (စီကေအေမှ ရင်ထုမနာ ပြော၏)
ဘတ်ဂျက်အဲလိုင်းများနှင့် အကျိုး လုံးလုံးမပေးသော ကိုယ့်ကုသိုလ်ကံကိုပဲ ပုံချ။

ဧည့်သည်ကြို၊ အတင်း ကြိုးစား ပြုံးပြ၊ အပြုံးမမည်...၊ မချိသွားဖြဲ...။
ည...အိပ်မပျော်...။ မနက် ဧည့်သည် မနက်စာကျွေးဖို့ စောစောထ။ ဘ၀ကြီးက ကြမ်း...။

မနက်စာစားပြီး ခဏအကြာ...။ အီးမေးလ် စစ်။ ဟာ..."၀ီအာပလိစ်တူ ကွန်ဖမ်း ယူဝါဘွတ်ကင်...အဲအေးရှား" ဆိုပါလား...ကြည့်လိုက်တော့ SIN-KUL-SIN ဘွတ်ကင်တစ်ခုထဲအတွက် လေယာဉ်လက်မှတ် ပို့လိုက်ခြင်း...။
ပြန်စဉ်းစားတော့မှ၊ ဟုတ်ပေသားပဲ။ ၀မ်းဘိုင် ၀မ်း ဆိုပြီး ပထမဘွတ်ကင်အတွက် ခရက်ဒစ်ကဒ်ထဲက ယူလိုက်ပြီးသားကိုး...။

ကန်ဆယ် အာဝါ ဘွတ်ကင်လို့ ပြောပေမဲ့ အဲဒီအချိန်မှာ ခရက်ဒစ်ကဒ်ဖြတ်ပြီးသား။ လောလော လောလောနဲ့ void မှ ပြန်မလုပ်ခဲ့တာ။  မြွေပဲ...။

အဲအေးရှားကို ချက်ချင်း ဖုန်းဆက်၊ အကျိုး အကြောင်း ရှင်းပြ။ ဟိုဘက်က အမျိုးကောင်းသား အလွန် သဘောကောင်း။ ဒါ သူတို့ဘက်က အမှားပါ။ သဘောတူထားတဲ့ ဈေးအတိုင်းပဲ ပြန်ယူပါတဲ့....။
မျှော်လင့်ချက်တွေ တစ်ပတ် လည်လာပြန်ပေါ့...။ အိမ်ကလူကို ဖုန်းဆက်။ ဘယ်လိုလဲ ယူလိုက်မလား၊ ယူလိုက်ရမလားမေး..။

"တော်ပါပြီကွာ...ဒီလောက် စိတ်အနှောက်အယှက် ဖြစ်ရတဲ့ ခရီး မသွားတာပဲ ကောင်းပါတယ်။ ပြောလိုက် ရီဖန်းပဲ ပြန်ထုတ်ပေးလို့..."

"ဂွပ်...."

ဖုန်းချတာ မဟုတ်...စီကေအေ အသဲ ကျကွဲသွားခြင်း...
စဉ်းစားကြည့်ပါ ပရိတ်သတ်ကြီးရယ်...၂ခါ ကွဲတဲ့ အသဲ မနာဘဲ နေပါ့မလားနော်....

မေတ္တာပို့  : ၇ရက် သားသမီးများ အသဲကွဲခြင်းမှ ကင်းဝေးကြပါစေ။ ဘတ်ဂျက်အဲများ ကျန်းမာကြပါစေ...


24 comments:

Ko Boyz said...

သုံးခါ ကွဲတာပါဗျာ...။

အလင်းသစ် said...

အဆင်မပြေချင်ရင်များ..ဂလိုတွေပဲ..:P

blackroze said...

ဖစ်မှဖစ်ရလေ..ချစ်မကြီးရယ်..
ပစ်ပစ်သာဆိုရင်တော့
ဝါးးးးဝါးးးးလို့ခြေကလေးဆောင့်ပြီး
ကိုအော်ပလိုက်ဘဲ..အဟင့်..
ဖတ်နေတဲ့သူပါ..အသဲဖတ်ခနဲကွဲသွားသလိုလို
ဘာလိုလို..ညာလိုလို

TZA said...

ဟားဟားဟား.. အသည်းကွဲကွဲနဲ့ရီသွားပါတယ်၊ မလွယ်ပါလားအစ်မရေ၊ ကျနော်တို့ လေယာဉ်တစ်စီးလောက် စပ်တူ ဝယ်ထားလိုက်ရင် ကောင်းမယ်ထင်တယ်ဗျ :D

အင်ကြင်းသန့် said...

အစ်မချစ်ရေးထားတာကို သဘောကျလို့ ရီချင်ပေမယ့်လည်း မရီရက်တော့ပါဘူး....နာ့အစ်မသနားစရာကောင်းထှာ....:(

ဘတ်ဂျက်အဲများ ကျန်းမာကြပါစေ...

ဂျင်းစုတ်

jasmine(တောင်ကြီး) said...

ရယ်ချင်ပေမဲ့လဲ မရယ်ရက်ပါဘူးနော်
တစ်ခါတစ်လေဖြစ်တတ်ပါတယ် ။
ခင်ခင်မင်မင် jasmine

mstint said...

မချစ်ရေ ခရီးစဉ် schedule ပြောင်းသွားခဲ့လည်း
ရန်ကုန်ကို ရောက်ရင် တီတင့်ကိုဆက်သွယ်လိုက်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

...အလင်းစက်များ said...

အစ်မချစ်က သူ့ ထပ်သွားပြောတကိုး မပြောပဲ ကိုယ့်ဖာသာ ကျိတ်ပြီး နောက်တစ်စောင် အတွက်ဝယ်ပြီးမှ ဟိုက ဘာဖြစ်လို့  ညာဖြစ်လို့  ဆိုပြီး လှိမ့်လိုက် ၇တာပဲကို။

ဟီးဟီး (မြောက်ပေးတာ ရန်ထဖြစ်အောင်) :D :D :D

ညိမ်းနိုင် said...

ဖြစ်ရမယ်...အစ်မချစ်တို့ကတော့...။ဒါဖြင့် ပြန်တော့ဘူး
လားဗျ...ညန်မာပြည်ကို...။

သက်ဝေ said...

အချစ်ရယ်... ခံစားရတယ်... တကယ်ပဲ... :-(

Nyi Linn Thit said...

ဖြစ်မှ ဖြစ်ရလေဗျာ၊ ငယ်ငယ်က ဟာသလေးတောင် ပြန်သတိရမိတယ်၊ ကံကောင်းချင်တော့ လေယာဉ်ပျံ စီးရတယ်၊ ကံဆိုးချင်တော့ ပျက်တယ်၊ ကံကောင်းချင်တော့ လေထီးပါတယ်၊ ကံဆိုးချင်တော့ မပွင့်ဘူး... ဆိုတာလေ၊ ရမလိုလို၊ မရ မလိုလိုနဲ့ စိတ်အတင်အချတွေ အတော်များရတဲ့ အဖြစ်ပါပဲ...။

ကိုရင် said...

ဖြစ်မှ ဖြစ်ရပလေ..အားမလျှော့်နဲ့အုံး..
နောက်တစ်ခါ ထပ်ပြီး ဘွတ်ကင် ကြည့်ပါအုံးလား.. :D

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်မကောင်းဘူး အစ်မရာ
မန္တလေးမှာဆုံပြီး မရွှေစင်နဲ့ စစတို့လိုက်ကျွေးမဲ့ မြီးရှည်စားဖို့ အားခဲထားတာ ခုလိုဖြစ်သွားတော့ ညီမတစ်ယောက်လည်း ဘယ်လိုစားရက်မှာလဲ..
ဖွာထောင်းလေသံနဲ့ဘဲ ညီးလိုက်ချင်တယ်
အော်.. ရယ်.. ဝေး.. အဟင်း.. .. :P :P
စိတ်ညစ်ရင် သူ့သီချင်းနားထောင်လိုက်နော်.
စိတ်ညစ်တာတွေ ပြေသွားလိမ့်မယ်။

မအိမ်သူ said...

သြ... အဖြစ်တွေက.. မချိသွားဖြဲလေး ရီမိသွားတယ်.. :}
တော်ပြီ နောက်တခါ လေယာဉ်မစီးနဲ့တော့.. သဘောင်္နဲ့ပြန်...း)
စိတ်မပျက်ပါနဲ့ မချစ်ရေ တခါတလေ ဒီလိုပဲဖြစ်တတ်ပါတယ်။ အဲဒီခရီး မသွားထိုက်လို့ နတ်သိကြားများ စောင်မတယ်လို့ပဲ သဘောထားလိုက်ပါ။

မဒမ်ကိုး said...

ဟဟဟဟဟ တို့ ချစ်မကြီး ပက်ပက်စက်စက်မှ ကွဲလိုက်ရဲ့လားဟင်
များတို့ကတော့ပဲမြစ်ပေါ်ချိန်အမှီပြန်ချင်သော်လည်း
လေယာဉ်ခမတတ်နိုင်လို့ အိမ်မှာပဲငြိမ်နေရပါမည်း)

မြသွေးနီ said...

အစ်မချစ်ရေ....
ဒါဆို ဘယ်လို လုပ်ကြမလဲ..ဟင်..ဟင်..
ဂျက်စတားကြောင့် " ခဲလေသမျှ ပဲရေပွ.." ကုန်ပြီပေါ့...။ အစ်မချစ် အသဲဂွမ်းခနဲ ကွဲလောက်ပါပေတယ်...။ ညစ်သွားပြီဗျာ...။ ကိုပန်းသီးကြီးကို ညှိကြည့်ပါဦးလားဟင်...ဟင်... :(

MrDBA said...

တူညားတွေ သွားသလို အောက်လမ်းကဆိုလား ... မော်တော်ဘုတ်နဲ့ သွားပါလားဟင် ....

မိုးငွေ့...... said...

သနားပါတယ် နာ့အမ...အသဲကွဲပြီးရင်း ညစ်လုံးလုံးလိုက်တာ နောက်တခါပြန်ကွဲတယ်..။

Vista said...

မင်္ဂလာဆောင်မဲ့အပါတ်မှ ၀ါထပ်နေတာလို.. ( ဘယ်လိုရီချင်မှန်းမသိဘူး ) မချစ် အတွက်တော့ စိတ်မကောင်းပါဘူး မလည်မပတ်ရလို့ ဟိ

mother love said...

မချစ်ရဲ့ အသဲကွဲတာလေး ဖတ်ပြီး ထပ်တူခံစားသွားပါတယ်။

အတွေးကမ္ဘာ..မှတ်တမ်း said...

ဒီနေ့ ကံမကောင်းပါလား..း(

T T Sweet said...

အသည်းကြီး ဂွက် )))) ကနဲ ကျကွဲသွားတာကို မြင်ပြီး ခံစားသွားပါတယ်။ နောက်နှစ်ပေါ့ကွယ် ... ဘယ်တတ်နိုင်မလဲနော့ ...

susu said...

ဟယ်..အဲ‌လောက်ဖြစ်လှတာမချစ်ရယ်..ဒင်းတို့‌လေယာဉ်
နဲ့မသွားရလဲဘာအ‌ရေးလဲ..သ‌ဘော်နဲ့သွားလိုက်ပါလား..အ‌တွေ့အကြုံအသစ်ရတာ‌ပေါ့...။

ဇွန်မိုးစက် said...

ဇွန်က နိုဝင်ဘာမှာ ဖိနပ်တစ်ဖက်ပျောက်ပြီး အသဲကွဲရုံနဲ့ အားမရသေးလို့ ဒီဇင်ဘာရောက်တော့ စာအုပ်လဲ၊ အခွန်ဆောင်ပြီး MAI လက်မှတ်ကို ၆၀၀ ကျော်ပေးရလို့ အသဲတွေ ဖြန်းဖြန်းကွဲသွားတာ နောက်ထပ်ကွဲဖို့တောင် မကျန်တော့ဘူး မချစ်ရေ...။း((

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်