Saturday, April 30, 2011

ရွှေလက်တွဲကြသူများ....

1st kiss at balcony














 ဝီလီယမ်နဲ့ ကိတ်ရဲ့ မင်္ဂလာပွဲကို တီဗီကနေ လိုက်ဖ်လွှင့်ပါတယ်။ ပုံတွေက တီဗီ စကရင်ကနေ ပြန်ရိုက်ထားတာမို့ ကွာလတီမကောင်းပါ။ မကြည့်လိုက်ရသူများ အတွက် ကြည့်စေချင်လို့သာ ဇွတ်တင်လိုက်ပါတယ်....:P


ကိတ် သိတ်လှတယ်။ ပါးချိုင့်လေးကလည်း ချစ်စရာ...။ ဝီလီယမ် ငယ်ငယ်ပဲ ရှိသေး၊ ထိပ်ပြောင်နေပြီ....။ ဘာဖြစ်ဖြစ် သူတို့ သိတ်ချစ်ကြပုံပဲ....

အို...ဒါတွေ အားလုံးထက် စိတ်ဝင်စားမိတာက အဲဒီ ပြောင်းရှည်ကြီးတွေနဲ့ အပီရိုက်နေသူတွေ....။
အဲဒါမျိုးကြီး တခုတော့ လိုချင်မိသား....




ဝီလီယမ်နဲ့ ကိတ်တို့ အိုအောင်မင်းအောင် ပေါင်းကြရပါစေ....လို့ ဆုတောင်းလိုက်ပါတယ်....

7 comments:

  1. ကိုကိုမောင်(ပန်းရနံ့)Sat Apr 30, 07:12:00 AM GMT+8

    ပို့စ်တက်နေတာက ကြာလှပြီ အခုမှ မြင်ရတော့တယ်။း))

    ဟုတ်ပါ့။ အဲဒီ ပြောင်းရှည်ကြီးတွေက မိုက်မှမိုက်ဘဲ။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  2. ဒါမျိုးကြီးတစ်ခု လိုချင်တယ်ဆိုတာ အစ်ကိုကြီးသိအောင် ပညာသားပါပါ ပြောလိုက်တာဖြစ်မယ် ဟိဟိ
    ဟုတ်တယ် မဟုတ်လား အစ်မး)
    အားကျစရာ စုံတွဲလေးဘဲနော်
    ရာသက်ပန် ချစ်ခင်မြတ်နိုးစွာ ပေါင်းဖက်နိုင်ကြပါစေလို့

    ReplyDelete
  3. သူတို့နှစ်ယောက် မြဲကြပါစေလို့ ဆုတောင်းပါတယ်... ငယ်ချစ်တွေမို့ ပြသနာမရှိနိုင်လောက်ဘူးထင်ပါတယ်...

    ReplyDelete
  4. သတိုးသမီးကချစ်စရာကောင်းလိုက်တာ.....

    ReplyDelete
  5. အမည်မသိSun May 01, 12:13:00 AM GMT+8

    ကလူသစ်လဲ မင်္ဂလာပွဲတပွဲလုံး အဲ့ဒီပြောင်းတွေပဲ သဘောကျနေတာ :)

    ReplyDelete
  6. ကိတ်ကလှပါတယ် ..... ဒိုင်ယာနာကိုတော့ လုံးဝမီဘူး....ဒိုင်ယာနာ့ကိုအရမ်းသတိရမိတယ်။
    ချားလ်စ်ကိုမုန်းတယ်။ ကမီလာကိုမုန်းတယ်.....

    ကိတ်နဲ့ ၀ီလီယံတို့ သက်ဆုံးတိုင် ရွှေလက်ခိုင်ခိုင်မြဲနိုင်ပါစေ...
    (ဂျင်းက ပုဂ္ဂိုလ်စွဲလိုကို ဖြစ်နေပြီမို့လို့ ခွင့်လွှတ်(စ်))......


    ဂျင်းစုတ်

    ReplyDelete
  7. ကိတ်က ဒိုင်ယာနာ့လောက် မလှပေမယ့် သူရဲ့ ထက်မြက်ပြီး အရာရာကို ယုံကြည်မှုအပြည့်အ၀ရှိတဲ့ မျက်လုံးတွေကို သဘောကျမိတယ်။း) အနာဂတ်မိဖုရားလောင်းအနေနဲ့ ရွှေနန်းတော်ရောက် သူ့ဘ၀ကို ပါးနပ်လိမ္မာစွာ handle လုပ်နိုင်မယ်လို့ ယုံကြည်မိပါတယ် မရေ။ သူတို့နှစ်ဦးရဲ့ ရွှေလက်တွေ ဘုရင်မကြီး အဲလိဇဘက်နဲ့ ကြင်ယာတော် ဖိလစ်မင်းသားကြီးလိုပဲ အိုသည်မင်းသည် အသက်ဆုံးသည်အထိ မြဲမြံစွာ တွဲခိုင်နိုင်ကြပါစေလို့ ဇွန်ကလည်း ဆုတောင်းပေးပါတယ်။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...