Tuesday, September 14, 2010

ဧည့်သည် လုပ်စားခြင်း

တနင်္ဂနွေ တညနေမှာ အိမ်လည် စားရဖို့ အကြောင်းဖန်လာတယ်။ သူများအိမ်တွေ လိုက် စား၊ ကိုယ့်ဖာသာလည်း စလုံးကျွန်း အနှံ့ လိုက်စား၊ စားပြီးရင်း စားနေတဲ့ ဘလော့ဂ်ဂါ မောင်ငယ်လေး တယောက် အိမ်မှာပေါ့။ သူ့ ဘလောဂ့်မှာ အစားအသောက်ပုံတွေ မစားရအညှော်ခံ ကြည့်နေရတာ သွားပြောမိတာလေးကို...။ သူက စိတ်ကြီးတယ်။ ဒါမျိုး အပြောမခံဘူး..."အမ ကျနော့်အိမ် လာစားလှဲ့" တဲ့...။ ဒါနဲ့ ကျမရယ်၊ ညီမငယ် ၂ယောက်ရယ် ဘူကစ်ဂွန်းဘတ် တောင်ကြီးတွေ ရှိတဲ့နားက သူ့အိမ်မှာ ဧည့်သည်လုပ်ဖို့ ချီတက်သွားခဲ့ကြတယ်။

သူက အင်မတန် သိုသိုသိပ်သိပ် နေတတ်သူ။ သူ ဘလော့ဂ်ဂါမှန်း လူသိ နတ်ကြား အဖြစ်မခံဘူး...:P


ဧည့်ခန်းထဲရောက်တာနဲ့ ပြုံးချိုနေတဲ့ အန်တီဒေါ်ဒေါ်က ဆီးကြိုလို့.... (ချစ်စရာ ကောင်းလိုက်တာ)

ဒါက Welcome Drink


ပထမဦးဆုံး မြည်းစမ်းခွင့်ရတာက အန်ကယ်ဦးလေးရဲ့ ပိန်းဥထမင်း။ စားကောင်းတယ် စိမ့်စိမ့်လေး...


အချဉ်နဲ့ တွဲစားတာ...မိုက်မှမိုက်...


တကယ်ပါ တကယ်ပါ သူ ကျမအိမ်မှာ ဧည့်သည် လာလုပ်တုန်းက လက်သံပြောင်ပြောင်နဲ့ တီးသွားတာကို ပြန်လက်စားချေခြင်း လုံးဝမဟုတ်ပါ။ စားကောင်းလွန်းလို့ ပန်းကန်လေးခမျာ ဝတ်လစ်စလစ် ဖြစ်သွားရှာတာ...:P


ဒါတင်ပဲလား ဆိုတော့ ဘယ်ဟုတ်ဦးမလဲ၊ မြီးရှည် စားဖို့ ကျန်သေးတယ်။ ဗိုက် တလုံးထဲ ရှိတာ နာသကွာ...ကတောက် !!


မြီးရှည် အရည်ပါ။ အရသာ ပြေပြေလေးနဲ့ စားကောင်းတယ်...
ဂေါ်ဖီ၊ ပဲပင်ပေါက်၊ နံနံ နဲ့ အချဉ်လေးတွေ ထည့်အပြီး၊ မြီးရှည်တို့ ရှိအပ်သော အင်္ဂါရပ်နဲ့ ပြည့်စုံသွားရှာတဲ့ မြီးရှည်ပေါ့...


စားပြီးတော့ ဗိုက်လေးနေသေးလို့ ခဏ ထိုင်ရသေး၊ ပြီးမှ ဧည့်ခန်းထဲ ပြန်ရွှေ့ တီဗီကြည့်ကြ၊ စကားပြောကြ၊ သူတို့ သားအမိ စ နောက် စကားပြောနေတာလေးတွေ တပြုံးပြုံးနဲ့ နားထောင်ရ...
ပါးစပ်ကလည်း မူရကူး-ကုလားပဲချောင်းကြော် ဝါးရသေးတာ...မအားရဘူး ဆိုပါတော့:)


အချိန်ကို ကြည့်လိုက်တော့ ည ၈ခွဲကျော်နေပြီ။ ဒါနဲ့ပဲ အိမ်သားတွေကို နှုတ်ဆက်၊ နောက်တခါ လာပါအုံးမဲ့အကြောင်းလေး စကား စ ထားခဲ့ပြီး ပြန်ခဲ့ကြတော့တယ်။ အပြန်လမ်းတလျောက်မှာတော့ အိမ်သားတွေရဲ့ နွေးထွေးမှုက ရင်ထဲထိ ကြည်ကြည်နူးနူးလေး လိုက်ပါခဲ့တော့တာ။

မြီးရှည်ချက်ကျွေးတဲ့ ညီမ ၂ယောက်၊ ပိန်းဥထမင်းချက်ကျွေးတဲ့ အန်ကယ်ဦးလေး၊ ချစ်စရာကောင်းလွန်းတဲ့ အန်တီဒေါ်ဒေါ်၊ ချစ်စရာ ဖော်ရွေတဲ့ ညီမငယ်လေး နဲ့ မောင်ငယ်ဘလောဂ့်ဂါ ငယ်နာမည် မောင်အာလူးလေးကိုလည်း ကျေးဇူးတင်ကြောင်း ဒီပိုစ့်လေးနဲ့ ချစ်ခင်စွာ ပြောလိုက်ပါရစေ...





P.S:အန်ကယ်ဦးလေးဆီက ပိန်းဥထမင်းချက်နည်း မေးခဲ့ပါတယ်။ ကျမ အရင် ချက်စားကြည့်ပြီး အဆင်ပြေ ဖြစ်ထွန်းခဲ့ရင် တင်ပေးပါမယ်

36 comments:

မောင်ဘကြိုင် said...

စောစောစီးစီးအရင်ဆုံး လာဂလုသွားတယ်ဗျာ
ချက်တတ်ပြုတ်တတ်ကြတယ်နော် တကယ်မြည်းချင်ပါ့အစ်မရေ ..
ဂလုဂလု

အင်ကြင်းသန့် said...

မိုက်တယ်ကွာ စားစရာတွေက....သြော်....ငါ့အစ်မများ အဲလိုသာသွားစားရမယ်ဆိုရင် ဂျင်းစုတ်ကို ခေါ်ဖို့တောင် သတိမရဘူး....မမရေးထားပုံအရ အဲဒီဘလော့ဂါမောင်အာလူးလေး (ငယ်နာမည်နောက်တစ်မျိုးမှာ မောင်ဗရုတ်ဟု ခိုင်လုံသောသတင်းရပ်ကွက်မှ ရထားပါသည်။) တို့မိသားစုက တော်တော်ဖော်ရွေသဘောကောင်းကြတာပဲနော်။ နောက်တစ်ခါလောက်ထပ်ချက်ကျွေးဖို့ ပြောလိုက်ပါလားဟင်....ဂျင်းလည်း လိုက်မယ်လေ....(((((ဟမ်)))))

Min said...

Finally,
invited by TZA
great!!

ဝက်ဝံလေး said...

ဟက် မချစ်တို့ကောင်းစားနေပါကြောင်း ဟွင့် မလိုနာပါကြောင်း ဟောင်း ဟောင်းး ပြောသွားပါသည် ဒါဗြဲ

ကိုအောင်(ပျူနိုင်ငံ) said...

အစီအစဉ်က ကောင်းလှချည့်လား အမ။

ရွှေရတုမှတ်တမ်း said...

အဲလို မြီးရှည်တော့ မစားဖူးဘူး...အဲဒါဘာမြီးရှည်ခေါ်သလဲ...
မန္တလေးမြီးရှည်...မိုးကုပ်မြီးရှည် တခုနဲ့မှ မတူတာအမှန်..

sonata-cantata said...

အလှူရှိတယ်လား...လော်ကြီးနဲ့ သီချင်းဖွင့်သံ သဲ့သဲ့လေးမှ မကြားလိုက်တာနာသကွာ...
ဖိုးပါကြီး၊ သန်းဖေလေး သားအဖတွေ (ကိုယ်ကချည်း လိုက်စားတာ) ဒီတချီ လွတ်သွားတယ်း)

ချော(အစိမ်းရောင်လွင်ပြင်) said...

ပိန်းဥထမင်းချက်ပြီးရင် လက်တို့လိုက်နော် အစ်မ
ဒီတော့မှ ပြန်လာတော့မယ်..
အဲ.. စလုံးမှာ ပိန်းဥရှိတယ်လား.......
မရှိရင်ဒီကနေ ပို့ပေးမလို့
ချက်လို့ပြီးရင် အစ်မက ပြန်ပို့ပေးး)

ညီမ ချော

Anonymous said...

ပန်းကန်တွေ ကြည့်တော့ သင်ဇာအေးပဲ ဖြစ်မယ် ဟင်းဟင်း

အမခင်မင်းဇော်

အပြုံးပန်း said...

ပိန်းဥထမင်းချက်လို့ အဆင်ပြေရင် ခေါ်ကျွေးပါမယ်လို့တော့ ပြောဘူး၊
တင်ပေးပါမယ်တဲ့၊

လသာည said...

အော် ဂလိုလားး)))အဲ့လို စိတ်ကြီးတဲ့ဘလော့ဂါ မောင်ငယ်လေးက ဒီမှာ ရှိရင်သိပ်ကောင်းမယ်.. သွားလည်ရမယ်။

စန္ဒကူး said...

ပိန်းဥထမင်းချက်နည်းလေး မမချစ်ကြည်အောင်မြင်ရင် တင်ပေးမယ့်အချိန် စောင့်နေပါတယ်

~ဏီလင်းညို~ said...

ပိန်းဥထမင်းဆိုတာလေးတော့ ၀ါးချင်သားကွာ.......။
ကတောက်(စ်).......နာနော်..........း)))))

ခင်မင်ခြင်အားဖြင့်........
ဏီလင်းညို

သဒ္ဓါလှိုင်း said...

ပိန်းဥထမင်းမစားဖူးဘူးအမချစ်..။ တနင်္ဂနွေနေ့လေးမှာ အမချစ်က
ဟန်ကျတာကိုးးးး။ ဟင့်..ဟင့်...
ခင်မင်စွာ
သဒ္ဓါ

Anonymous said...

မနာလိုဘူးးး လက်တို့ဖော်တောင်မရဘူးနော် ။

မောင်မျိုး

Z said...

အဲဒီ့ဘလာ့ဂါ နဲ့  မိတ်ဆက်ပေးပါ ၊ အစားကောင်းကောင်းကို မချစ်ကြည်အေးလို အလကားစားချင်လို့  ၊ ငွေစုချင်လို.ပါ ..

ခင်တဲ့

Z

blackroze said...

ဧည့်သည်လုပ်စားတာလဲမဆိုးပါဘူးမကြီးချစ်ရာ
မီးခိုးတိတ်တာပေါ့နော်...
ညီမဆိုလုပ်စားချင်လွန်းလို့
ဖိတ်တဲ့သူမရှိလို့မကြီးရေ...
ကုသိုလ်ကနည်းတာလေ..အရိုင်းလဲများပါဘူးမကြီးချစ်ရာ..
ကင်းကောင်ဆိုရှိတောင်မရှိတော့တာလေ...

SHWE ZIN U said...

ချစ်ကြည်အေး ရေ

မြီးရှည် စားချင်တယ်နော်

မြသွေးနီ said...

ပိန်းဥထမင်းလေးက very attractive နော်..။
အရသာလေးစိမ့်နေမှာပဲ။ မချစ်ကြီးအစားကြီးတာ
ပြောင်နေတဲ့ ပန်းကန်က သက်သေပြနေပြီ..။ :P

An Asian Tour Operator said...

ဖိုးပါကြီးတို့ သားအဖ တဲ့ ဟိဟိ
မလေးရှားလဲ လာခဲ့ပါလေ.. ဒီကလူတွေက သိပ်ဧည့်သည်မျှော် တာ။

Anonymous said...

သူက အင်မတန် သိုသိုသိပ်သိပ် နေတတ်သူ။ သူ ဘလော့ဂ်ဂါမှန်း လူသိ နတ်ကြား အဖြစ်မခံဘူး...:P ဟီဟိ

အမချစ် တော်တော် နောက်တတ်တယ်
အမ ဘာရေးရေး ဖတ်ကောင်းနေအိ :D

TZA said...

ဟာ... ဒီပန်းကန်တွေမြင်ဖူးသလိုပဲ။

ညီမလေး said...

ံမြီးရှည်စားချင်တာာာာ

Vista said...

မြီးရှည်....................
ပန်ကန်းတွေ ကြည့်တာနဲ့ သိတယ်နော်ဟွန်း

Shinlay said...

ကျမလည်းဧည့်သည်လုပ်ချင်လိုက်တာ။
စားကောင်းပြီး ပျော်စရာကောင်းတဲ့နေ့ ဖြစ်မှာသေချာတယ်။

မောင်လေး said...

မြီးရှည်လေး စားချင်လိုက်တာဗျိုးးးးးးးးးးးးး။
ပိန်းဥ ထမင်းချက်နည်း မျှော်နေမယ်။

Ko Boyz said...

ကျိုင်းတုံ မုန့်တီနဲ့ တူလိုက်တာ...
:P

ဇွန်မိုးစက် said...

အစ်မက သူများဆီ ဧည့်သည်သွားလုပ်ပြီး စားပြီးပြီဆိုတော့ အစ်မဆီတလှည့် ဧည့်သည်လာပြန်လုပ်ပြီး စားမှာနော်။ :P

Anonymous said...

အန်တီရင်ရဲ.လက်ရာတွေပေါ. တို့လဲစားချင်တယ်

ခွန်မြလှိုင် said...

ပါးကြော လျှာကြောတွေတောင် စိမ့်သွားတယ်.. စိတ်ကြီးတယ် နက်ဖြန် ရှမ်းဆိုင် သွားစားပြီပဲ...

မိုးငွေ့...... said...

ပိန်းဥထမင်းလေး စောင့်မျှော်နေမယ် အမချစ်ရေ.... မြန်မြန်လေး ဗိုက်ဆာနေပြီ........

Moe Cho Thinn said...

ဟိုတယောက်ကို မေးပေးပါ။ ဒီလိုပဲ ရွေးကျွေးသလားးးး
(ပေါင်ချိန်လေသံဖြင့် မေးသွားသည်)

ချိုကျ said...

အမချစ်ရဲ့ဝါးတီးတွေကို မောင်လေးချိုကျ လာမျှော်သွားပါ၏ ဟိဟိ

ခင်တဲ့(ချိုကျ)

Dream said...

ဒီမှာတီတီ...ရင်ကိုဖွင့်ချခဲ့စမ်းဘာာာာဆိုလို့ ဖွင့်လိုက်ဘီ....ခိခိ....

ကျေနပ်ဖူးးးကျေနပ်ဖူးးးးးးးးး(

မက်မက်ကိုကျတော့ မခေါ်တွားဘူးးးးးးးးးးးးးးးး(

တီတီတို့ဆီမှာ ဘယ်တော့ ချက်မှာလဲ... လက်စားချေတဲ့အနေနဲ့
အတိုးနဲ့ ပြန်လာစားမလို့... ခစ်ခစ်


အဲ့ဦးအာလူးကလေ...မျက်နှာလိုက်တယ်.....
နောက်တွေ့ရင် မီးကင်ပလိုက်မယ်...အားလူးကင်...
ဖြစ်အောင်...အဟီးးးးးး :P


တီတီ ရေ အခုတော့ ဂလု တွားတယ်...လက်တို့လိုက်နော...

ကိုကိုမောင်(ပန်းရနံ့) said...

ဧည့်သည်သွားလုပ်ရတာ ဟန်ကျတယ်နော်။ ဇိမ္ဘဲ။ း)))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

KT said...

missing one thing!!! NEWSPAPER.....!!!!!! :)

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်