သူ့ကို အရပ်က လူပျိုကြီး ဟု ခေါ်ကြသည်။ သမီးငယ် ၁၀ နှစ်၊ သမီးကြီး ၁၂နှစ် အရွယ်မှာ သူ့ ဇနီး ဆုံးပါးသွားကတည်းက ဒီသမီးနှစ်ယောက် လက်ဆွဲကာ ဘဝခရီးကို ရဲရဲ ဆက်လျောက်ခဲ့သည်။ လုပ်ရည် ကိုင်ရည်လည်း ရှိ၊ အရွယ်လည်း ကောင်း၊ ရုပ်ရည်လည်း ပြေပြစ်၊ အသောက်အစားလည်း ကင်းသော သူ့ကို ပတ်သက်ရာ ပတ်သက်ကြောင်းတွေနှင့် လာ၍ စပ်ဟပ်ကြပါသေးသည်။ သူကတော့ အချစ်နှင့် ပတ်သက်၍ ကောင်းစွာ အလုပ် မလုပ်တော့သော သူ့ နှလုံးသားကို ပိုက်ကာ၊ သမီးလေး နှစ်ယောက် မျက်နှာကို ကြည့်ကာနှင့်ပင် မုဆိုးဖို လူပျိုကြီး လုပ်နေခဲ့တော့သည်။
ခုဆို သမီး နှစ်ယောက်လုံး အရွယ်ရောက်ပြီ။ အိမ်ထောင်ရက်သား ပြုမယ်ဆို ပြုသင့်တဲ့အရွယ်။ သူ့မျက်စေ့ထဲမတော့ ကလေးတွေဟုပင် ထင်နေတုန်း၊ သမီးကညာ အခါမလင့် ဆိုသည်ကလည်း သူ့ရင်ဝကို ဝင် ဝင်ဆောင့် နေသေးသည်။ တနေ့တနေ့ သမီးကလေးများ မသင့်တော်သော လူပေလူတေကလေးများနှင့် တွေ့သွားမလား၊ သူ ဘယ်လိုမှ လက်မခံနိုင်သော လူငယ်ကလေးတွေများ ခေါ်လာပြမလားနှင့် သူ့မှာ အပူလုံး ဆို့နင့်စွာ နေ နေခဲ့ရသည်။
ဒီလိုနှင့် ဖခင် တယောက်၏ လက်ဦးမှုကို ရယူရန် သူကပဲ အကွက် စရွှေ့ခဲ့သည်။ သူ သဘောတွေ့မိသည့် သူ့ ရုံးက အရာရှိငယ်ကလေး မောင်မင်းသန့်ကို ရှာကြံ၍ အိမ်သို့ လွှတ်ကာ တမင် မေ့ထားရစ်ခဲ့သော ဖိုင်တခုကို သွားအယူခိုင်းခဲ့ရာက ဇာတ်လမ်း စ ခဲ့လေသည်။
မောင်မင်းသန့်က တကောင်ကြွက် တမျက်နှာ၊ ကိုယ့်တက်လမ်း ကိုယ်ရှာ၍ ရိုးရိုးကုပ်ကုပ် ကြိုးစား၊ ဘဝကို အေးချမ်းရိုးစင်းစွာ ဖြတ်သန်းနေသူ ပညာတတ် လူငယ်လေး တယောက်။ ဒီကလေးနှင့် ဆိုလျှင် ယောင်နောက် ဆံထုံးပါသွားစရာ မလို၊ သမီး နှစ်ယောက် အရှိ အပြင် သားတယောက်ပါ တိုးလာဦးမည့် အဖြစ်။ ဆိုရသော် ဘယ်ဘက်က လှည့်တွေးတွေး သားရွှေအိုးထမ်းလာသည်ကိုသာ သူ မြင်လေသည်။
တဖြည်းဖြည်းနှင့် မောင်မင်းသန့် နှင့် သမီးကလေး နှစ်ယောက်မှာ မောင်နှမတွေလို တတွဲတွဲ ရှိတတ်လာသည်။ တခါတလေ သုံးယောက်သား စက်ဘီး ထွက်စီးကြ၊ အိမ်မှာပဲ လဘက်သုတ် ရေနွေးကြမ်း နှင့် ဝိုင်းဖွဲ့ စကားပြောကြ၊ ပန်းချီကားတွေ အကြောင်း၊ စာအုပ်တွေ အကြောင်း အပြင် မောင်မင်းသန့် ပြောပြသော နိုင်ငံတကာ ရေးရာ သတင်းများကိုပါ ညီအမနှစ်ယောက် မျက်လုံး အဝိုင်းသားလေးတွေနှင့် နားထောင်တတ်ကြသည်။ သူကတော့ တခါတခါမှ "သမီးရေ ရေနွေးလေးနဲနဲလောက် အဖေ့ ထပ်ဖြည့်ပေးပါဦးကွယ်" ဆိုတာမျိုး၊ "ပြန်တော့မလားကွ ညစာပါ စားသွားပါဦး မင့်ညီမတွေ ချက်ထားတာမှ အများကြီးရယ်" ဆိုတာမျိုးလောက်သာ ခပ်လှမ်းလှမ်းမှ ပြောရင်း လူငယ်တွေ မျက်နှာ အကဲခတ်ရသည်။
သုံးယောက်လုံး၏ မျက်နှာကလေးတွေမှာ ပကတိ ဖြူစင်လွန်းသည်။ တရံတခါတွင်မတော့ သမီးငယ်လေး၏ မျက်နှာပေါ်မှာ မောင်မင်းသန့်အပေါ် အားကိုးလိုစိတ်၊ အထင်ကြီး လေးစားစိတ်တွေ သူ ရိပ်ကနဲ ဖမ်းမိတတ်ပြန်သည်။ မိန်းမတွေ၏ ယောင်္ကျားတယောက်အပေါ် ချစ်မြတ်နိုးလိုမှုသည် ထိုယောကျာင်္းအပေါ် အထင်ကြီးမှုမှ စတင်လေသလား သူ မသိပါ။ သို့သော် အထင်ကြီးခြင်း၊ အထင်သေးခြင်းဟူသည် အထင်ပေါ်၌သာ အခြေခံ၍ လူတယောက်ကို တန်ဘိုးဖြတ်ရာ၌ အစဉ်သဖြင့် မမှန်ကန်နိုင်ကြောင်း သမီးကလေးတွေကို သူ ပြောပြရဦးမည်။
ခုဆို မောင်မင်းသန့် တယောက် သူ့အိမ်ကို ဝင်ထွက်နေတာပဲ နှစ်ပေါက်တော့မည်။ အရပ်ထဲမလည်း စိတ်ဝင်တစား အကြီးမလား၊ အငယ်မနှင့်လား စောင့်ကြည့်ကုန်ကြပြီ။ ဒီအတွက် သူကိုယ်တိုင်မဆိုထားနှင့် ကာယကံရှင်တွေပင် မသိနိုင်သေး။ သူက စခဲ့သော ဇာတ်လမ်းမို့ သူကိုယ်တိုင် လှပစွာ အဆုံးသတ် ပေးသင့်သည်။ အကြီးမဖြစ်စေ၊ အငယ်မဖြစ်စေ သူငယ်လေး၏ ရွေးချယ်မှု၊ သမီးကလေး၏ လက်ခံမှုကို သူ သဘောတူမည်သာ။ ကလေးတွေ အမေ မရှိတော့ကတည်းက သမီးလေးနှစ်ယောက်နဲ့ သူ့ကမ္ဘာလေးကို သူ့ နှလုံးသားနှင့် ပျိုးထောင်ခဲ့ရသည်။ ရှေ့ဆက်ဖို့ အင်အားတွေကို သမီးကလေး နှစ်ယောက် မျက်နှာကြည့်ရင်း ပြန်လည် အားတင်း မွေးမြူခဲ့ရသည်လေ။ တကယ်တမ်းကျတော့ သူ့ရင်ခွင်ထဲက သမီးကလေးတယောက်ကို ခွဲထုတ်ပေးလိုက်ရမှာ အတွေးနှင့်ပင် ဝမ်းနည်းလို့လာသည်။ မျက်လုံးအိမ်တခုလုံး မျက်ရည်များနှင့် ဝေဝေဝါးဝါးကြားမှပင် စိတ်အစဉ်ဝယ် သမီးကလေး နှစ်ယောက်၏ ပုံရိပ်များ ထင်ဟပ်လာခဲ့တော့သည်။
သမီးကြီး ဖူးပွင့်လှိုင်က လှပဖြူဖွေးကာ အမေတူ အလှသွေးကြွယ်သူကလေး၊ ဉာဏ်ရည်ထက်မြက်သော ဆေးကျောင်းသူကလေး ဖြစ်သည်။ သမီးငယ် ထူးတင့်ခိုင်ကျတော့ ဘယ်သူနှင့်မှမတူ အသားညိုစိမ့်စိမ့်ကလေး၊ မျက်လုံး ဝိုင်းဝိုင်းကလေး ကယ်၍သာ ကြည့်ပျော်သည် ဆိုရုံကလေး၊ ငယ်စဉ်ကတည်းက ဉာဏ်နှုံ့နဲကာ ၁၀တန်း နှစ်ခါအကျမှာ ပညာရေးကို ကျောခိုင်း၍ အိမ်မှာပဲ အဖေနှင့် အမအတွက် ဟင်းချက်၊ တဘက်မှလည်း စက်ချုပ်သင်တန်း တက်လိုက်၊ အိမ်တွင်းမှုမှ ဖွင့်သော အစားအသောက် ချက်ပြုတ်နည်း သင်တန်းများတက်လိုက်နှင့် ပျော်နေသူ။ ပြီးတော့ သမီးငယ်ကလေး မွေးကတည်းက ညာခြေထောက်ရှိ ခြေမ၊ ခြေညှိုး နှင့် ခြေခလယ် သုံးချောင်းမှာ အရေပြားက တဆက်တည်းဖြစ်ကာ ရုတ်တရက်ကြည့်လျှင် ခြေချောင်းကလေး သုံးချောင်းထဲ ရှိသလိုပင်။ ညှပ်ဖိနပ် ဝတ်မရဘဲ ကွင်းထိုးနှင့် ရှေ့ပိတ်ဖိနပ်ကလေးများသာ ဝတ်ရရှာသည်။
တမအေ၊ တဖအေထဲမှ မွေးပါသည်ဟု ကျိန်ပြောရလောက်အောင် သမီးကလေးနှစ်ယောက်၏ ရုပ်ရည်ရော၊ ဉာဏ်ရည်ပါ ကွာခြားနေမှုကို ငယ်စဉ်ကပင် သူ သိရှိကာ သမီးငယ်လေးအတွက် စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်ခဲ့ရသည်။ သမီးငယ်လေး စိတ်ထဲ အတန်းတူ ရွယ်တူ တခြားကလေးများနှင့် ဘာမှမခြားနား၊ အတူတူဟု မြင်တတ်အောင် သူ စိတ်အင်အားတွေ ထည့်ပေးခဲ့ရသည်။ သမီးကြီးကိုလည်း သမီးငယ်လေးကို စာနာတတ်၊ ညှာတာတတ်အောင် သူ သင်ကြားပေးခဲ့သည်ပဲ။
သမီး မိန်းကလေးများ ဖြစ်၍ ဖခင်တယောက်အနေနှင့် တီးတိုးတိုင်ပင်ခြင်း အမှုတွင် မိခင်တယောက်လို မနီးကပ်သော်လည်း အတတ်နိုင်ဆုံး သူပဲအမေ၊ သူပဲအဖေဖြစ်အောင် နေခဲ့လေသည်။ ယုတ်စွအဆုံး သမီးကလေးများ အပျိုဖော်ဝင်၍ ရာသီသွေးပေါ်ချိန် ကြုံတွေ့ရမည့် အခက်အခဲ၊ အပြောင်းအလဲတွေအတွက် သူကိုယ်တိုင် စာအုပ်တွေ ရှာဖတ်ကာ သမီးကလေးများကိုလည်း ဖတ်စေခဲ့သည်။ မရှက်သင့်တာ မရှက်၊ မကြောက်သင့်တာ မကြောက်ရအောင် သိသင့်တာမှန်သမျှ သိစေခဲ့ရသည်။ မိန်းကလေး ပီသ၍ ဗိုင်းကောင်း ကျောက်ဖိဖြစ်စေရန်၊ အိမ်ထောင်မှု မီးဖိုချောင် နိုင်နင်းစေရန် နှင့် လိမ္မာရေးခြား ရှိစေရန် အစစ သွန်သင်ညွှန်ကြားခဲ့ရင်း ဖခင်တန်မဲ့ ကြက်သားအုပ်မကြီးလို အုပ်ထိန်းမွေးမြူခဲ့ရသော သမီးကလေးများပေ။
၁၀တန်းကျတဲ့နှစ်တုန်းက တအိအိ ငိုနေသော သမီးငယ်လေးအား "ပညာဆိုတာ စာသင်ခန်းထဲမှာပဲ ရှိတာမဟုတ်ဘူး သမီးငယ်၊ တိုးတက်ကြီးပွားလိုတဲ့ ဘယ်သူအတွက်မဆို စာသင်ခန်းရဲ့ ပြင်ပမှာလည်း လေ့လာစရာတွေ၊ သိစရာတွေ တပုံကြီး ရှိပါတယ် သမီးငယ်ရယ်" ဟု အားပေးခဲ့ရသည်ကို သူ မှတ်မိသည်။ နောက်တော့လည်း ဝါသနာပါသော အချုပ်အလုပ်၊ အချက်အပြုတ် သင်တန်းတွေမှာ ထူးချွန်သော သမီးငယ်လေးရဲ့ နေ့ရက်များစွာတို့သည် ခါတိုင်းလို နေသားတကျ ဖြစ်ခဲ့သည်ပင်။
အရွယ်ရောက်လာသော သမီးကလေး နှစ်ယောက်အနက် သမီးကြီးအတွက် ပူပင်ရမှုက အနည်းငယ်မျှသာ၊ သမီးကြီး၏ ဉာဏ်ရည်၊ ပညာ နှင့် ရုပ်ရည်တို့က အချိန်တန်သော် သူ့အိုး သူ့အိမ်နှင့် သူ့လမ်းကြောင်းပေါ် သူလျှောက်မည်မှာ သံသယဖြစ်ရန်မလို။ အိမ်ထောင်ဖက် ရွေးချယ်မှု မှန်ကန်ဖို့သာ လိုသည်။ အတိတ်ကံနည်းသော သမီးငယ်လေးအတွက်မူ သူ အမြဲတစေ ပူပင်မိရသည်။ သမီးကြီးအား အိမ်ထောင်မပြုဘဲ သမီးငယ်လေးနှင့်အတူ တသက်လုံး နေပေးဖို့ ပြောဖို့ရန်လည်း ဤမျှလောက် သမီးကြီးအပေါ် မတရားတာမျိုး မလုပ်ချင်ပြန်။
အစကတည်းက ငြိစေလို၍ ကြိုးချင်းထားခဲ့သည်ပဲ...သို့သော် နှစ်ကြိုးထဲက တချောင်းထဲသော ကြိုးကလေးကိုသာ နှလုံးသားနှင့် ရွေးချယ်၍ ငြိခွင့် ရှိသည် ဖြစ်ရာ သူ မစဉ်းစားခဲ့မိသော ရွေးချယ်မှုတခု၊ သူဘာမှ မစွက်ဖက်နိုင်သော ရွေးချယ်မှုတခု၏ အဖြေကို သူ ယခုမှပင် တွေးတော ပူပန်လာမိသည်။ မောင်မင်းသန့် ဘယ်သူ့ကို ရွေးချယ်မှာလဲ...အဖြေကို သိသလိုလိုနှင့် မသိရဲပြန်ချေ။ သည်အတွက် သူ့ရင်ထဲ ထိထိရှရှ ခံစားရလွန်းသည်။ ရွေးချယ်မှုရဲ့ အဖြေအတွက် သမီးငယ်ကလေးရဲ့ နှလုံးသားမှာ ဒဏ်ရာမရစေချင်၊ နိမ့်ပါးသူအဖြစ် အားမငယ်စေချင်တာ အမှန်ပင်။ သို့သော် သူ ဘာမှ မတတ်နိုင်ပါ။
"ဟေ...မောင်မင်းသန့် မင်းဟာ သေချာရဲ့လားကွ"
"ဟုတ် ကျနော် သေချာပါတယ် ဦး"
"ဟေ...အေး ဟုတ်ပါပြီကွာ ဒါနဲ့ မင်း သူ့ကို ဘာကြောင့် ရွေးချယ်ရတာလဲ ဦး သိနိုင်မလား"
"ဟုတ်ကဲ့ ဦး တကယ်တော့ ကျနော် သူတို့ နှစ်ယောက်လုံးအပေါ် မေတ္တာ ရှိပါတယ်"
"ဟေ...ဘယ်လိုကွ မင့်ဟာက..."
"ဒီလိုလေ ဦးရဲ့ လူတွေက ချစ်ခြင်းမေတ္တာရယ်လို့ တွဲသုံးနေကြပေမဲ့ တကယ်တော့ ချစ်ခြင်းက အပြန်အလှန် ရှိတယ်၊ သဘာဝအားဖြင့် ပူလောင်တဲ့ သဘောရှိတယ်။ မေတ္တာ ဆိုတာကျတော့ ပြန်အလာကို မမျှော်လင့်ဘူး၊ အေးမြတဲ့ သဘောဆောင်တယ်လေ...ကျနော်က သူတို့ နှစ်ယောက်လုံးအပေါ် နှမကလေးတွေလို မေတ္တာရှိပါတယ် ဦး ဒါကို ပြောတာပါ...ချစ်ဖို့ ဆိုတဲ့နေရာမှာ ကျနော် တော်တော်နဲ့ ဆုံးဖြတ်မရဘူး ဒါပေမဲ့ အစစ အားငယ်နေတတ်တဲ့ သူ့ကို ကျနော် သနားလာရာက သူ့အပေါ် စောင့်ရှောက်ချင်စိတ် ပေါ်လာတာပဲ ဦးရဲ့၊ ကျနော့် နှလုံးသားကို ကျနော် ပြန်နားထောင် ကြည့်ခဲ့ရတာပေါ့ဗျာ နောက်ဆုံးတော့ ချစ်လို့ကို ချစ်တာပါပဲ ဦးရာ..."
"ဟား ဟား ဟား အေးပါ အေးပါ ဟုတ်ပါပြီ မောင်ရာ မင်းရဲ့ နှလုံးသားက ရွေးချယ်မှုအတွက် ဦး တကယ်ပဲ ဝမ်းသာပါတယ်"
"ဟင် အကို မင်းသန့် ရောက်နေတာကိုး ဖေကြီး ဘာတွေ ဝမ်းသာနေတာလဲ ထူးတို့ကိုလည်း ပြောပြ"
"သမီးတို့ ပြန်လာပြီလား သမီး အကိုကိုသာ မေးကြည့်ပါကွာ ဘာတွေ ဝမ်းသာနေတာလဲလို့"
"အကို မပြန်နဲ့ဦးနော် လဘက်သုတ်ကျွေးမယ်"
"ခရမ်းချဉ်သီးမှ မရှိဘဲ မမဖူးရဲ့ အကိုမင်းသန့်က ခရမ်းချဉ်သီးပါမှ ကြိုက်တာ နော် အကို"
"ဟုတ်လား သမီးငယ် နေ နေ အဖေ လမ်းထိပ် သွားဝယ်လိုက်မယ် မောင်နှမတွေ စကားပြောနေရစ်ကြ"
"သိုင်းကျူးနော် ဖေကြီး ခရမ်းချဉ်သီး ခပ်စိမ်းစိမ်းလေးတွေ ရွေးခဲ့နော်"
"အေး အေး သမီးငယ် ဒါပဲလား ဆီတို့ ဘာတို့ ရှိတယ် မဟုတ်လား"
"ဟုတ် ရှိတယ် ဖေကြီး ဒါပဲ"
စွပ်ကျယ်ပေါ်မှာ အင်္ကျီလေး ကောက်ဝတ်ကာ သူ လမ်းထိပ် ထွက်လာသည်။ သူ့ရင်ထဲ ဝမ်းသာမှုတို့က အတိုင်းထက်အလွန် ဖြစ်သော်လည်း သူ ကောင်းကောင်း နားမလည်နိုင်သေး။ လူဆိုတာ မိမိအတွက် အကောင်းဆုံးတွေပဲ ရွေးချယ်လေ့ရှိတာ မဟုတ်လား။ ဘာပဲ ဖြစ်ဖြစ်ပါလေ...သမီးငယ်လေးကို ရွေးချယ်ခြင်းအပေါ် ဖခင်တယောက်အနေနှင့် သူ ဝမ်းသာလွန်းနေသည်။
ဆိုင်ရောက်တော့ ဇကာခုံးလေးထဲ ခရမ်းချဉ်သီး ခပ်စိမ်းစိမ်းလေးတွေ ရွေးထည့်နေခိုက် သူ့နံဘေးမှ ဈေးဝယ်သူကဖြင့် ခပ်နီနီရဲရဲ အလုံးလှလှလေးတွေချည်း ရွေးချယ်နေသည်ကို သူ့မျက်လုံးထောင့်မှ တွေ့ရလေသည်။ သူ့ဘေးနား အနောက်ဘက်ဆီမှ နောက်ထပ် ဈေးဝယ်သူ အမျိုးသမီး တယောက် အသံကြောင့် သူ့ကိုယ်ကို ဘေးသို့ အနည်းငယ် ကျုံ့ပေးမိသည်။
"အမရွှေ ညီမ ဖယ်ထားခိုင်းတဲ့ ခရမ်းချဉ်သီးတွေရော"
"ဖယ်ထားပါ့တော် ဒီမှာ..."
ပြောရင်းနှင့် ပလတ်စတစ် ဇလုံလေးထဲမှ ခရမ်းချဉ်သီးများကို ချိန်ခွင်ထဲ ထည့် ချိန်တွယ်လေသည်။ ချိန်ခွင်ထဲက ခရမ်းချဉ်သီးများမှာ ခပ်ပျော့ပျော့တွေ၊ တချို့မှာ တောင်းပိခံထားရသလို အနည်းငယ် ပြားတားတား၊ အားလုံးသော ခရမ်းချဉ်သီးများမှာ အလုံးပုံ ပျက်နေသော ခရမ်းချဉ်သီး များသာ...။ မဟုတ်မှ လွဲရော ခရမ်းချဉ်သီးငါးပိချက် ချက်ဖို့ပဲဖြစ်မည်။ သူတွေးဖြစ်အောင် တွေးလိုက်သေးသည်။ ဒါတွေကျတော့ ဈေးလည်း ပိုသက်သာ၊ ချက်လိုက်တော့လည်း ဟင်းတခွက်ဖြစ်တာချင်း အတူတူပင်။
သူတို့ ဈေးဝယ်သူ သုံးယောက်၏ ရွေးချယ်မှုတွေက ကွဲပြားနေကြပေမဲ့ သူ့နေရာနှင့်သူ အသုံးတည့်ကြသည်သာ။ သို့သော် လက်တွေ့ ဘဝထဲက ရွေးချယ်မှုသည် ခရမ်းချဉ်သီး ရွေးချယ်မှုလိုတော့ လွယ်ကူမည် မဟုတ်ပေ။ ပစ္စည်းနဲ့ ရွေးချယ်သူရဲ့ အကြိုက် အပ်စပ်ဖို့သာ လိုရင်း ဖြစ်လေသည်။ ပြုန်းကျောက်လေး တပွင့်တောင်မှ တန်ဘိုးထားတတ်သူရဲ့ လက်ထဲရောက်ရင် တန်ဘိုးရှိတာပဲ မဟုတ်လား...
သူ ပြုံးမိသည်။ ရွေးချယ်မှု တခုအပေါ် နားလည်သဘောပေါက်စွာ၊ ကြည်နူးနှစ်လိုစွာ အားပါးတရ ပြုံးလိုက်မိလေသည်။

******************************************************

***************************************************

Mama
ReplyDeleteyour post gives me thinking :)
how did you choose your . . . blogname?
အချစ်မှာ...မျက်စိမရှိပါ....တကယ်ဆိုမချိုပါဘူးအချစ်ရာ...ကြာမှခါးမှန်းသိနိုင်တဲ့အရာ...ကိုယ်လေ...ဒါပေမဲ့ ခုခါ..ကိုယ်မှ မချစ်ပဲလဲမနေနိုင်တာ...........
ReplyDeleteဖတ်လို့ကောင်းလိုက်တာ
ReplyDeleteဟုတ်တယ်နော်အစ်မ လူတိုင်းမှာ ရွေးချယ်ခွင့်ကိုယ်စီ ရှိနေနိုင်ပေမဲ့ ကိုယ်ရွေးချယ်တာ မှန်ပါ့မလားဆိုတဲ့ သံသယနဲ့
ဟင်းတစ်ခွက်တောင် မချက်ဖြစ်တော့ပါဘူး အစ်မရယ်..
ခရမ်းချဉ်သီးအပုပ်တွေ ဖြစ်နေမှာစိုးလို့း)
မိန်းမတွေ၏ ယောင်္ကျားတယောက်အပေါ် ချစ်မြတ်နိုးလိုမှုသည် ထိုယောကျာင်္းအပေါ် အထင်ကြီးမှုမှ စတင်လေသလား သူ မသိပါ။ သို့သော် အထင်ကြီးခြင်း၊ အထင်သေးခြင်းဟူသည် အထင်ပေါ်၌သာ အခြေခံ၍ လူတယောက်ကို တန်ဘိုးဖြတ်ရာ၌ အစဉ်သဖြင့် မမှန်ကန်နိုင်ကြောင်း သမီးကလေးတွေကို သူ ပြောပြရဦးမည်။
ReplyDeleteအဲ စာပိုဒ်လေး သဘောကျတယ် အမချစ်.:D
အကွက်စရွေ့လိုက်တာကို သဘောကျတယ်။ မှတ်ထားတယ် ဟီးဟီး
ReplyDeleteဖတ်လို့ကောင်းတယ် အစ်မ၊ တွေးစရာလေးပါ ပေးသွားတယ်။
ReplyDeleteပိုစ့်အစမှာ အရပ်က လူပျိုကြီးခေါ်ကြသည် သမီးငယ်က ၁၀ နှစ် သမီးကြီးက ၁၂ ဆိုတဲ့စာတွေ့ပြီး ဘေးမှာ ကိုကျောက်(ရွှေရတုမှတ်တမ်းကြီး)ဓါတ်ပုံနှင့်တွေ့တော့ ကိုကျောက်ကိုများပြောနေသလား ကိုကျောက်မှာများ သမီးတွေရှိလား ရှိုထားတာလား ဘာလားနဲ့ စိတ်က မြန်လိုက်တာဗျာ တွေးမိသေးတယ်.နောက်တော့မှဆက်ဖတ်ရင်း သဘောပေါက်လာသဗျာ ငယ်ငယ်တုန်းက မတော်လိုက်ရတဲ့ ယောက်ခမ အဖိုးကြီးကိုလဲ သတိယလာတယ်ဗျာ အဲ့ဒီတုန်းက ကျနော်က ၂၁ သူက ၄၈ ကျနော်တို့အရွယ်ပေါ့..ခုတော့..အဆက်သွယ်မရခဲ့တာကြာပါပြီဗျာ.မချစ်ကြည်ရေ..
ReplyDeleteအဖေတွေရဲ့ အချစ်ကိုလဲပိုနားလည်လာပါတယ်ဗျာ..
နိမ့်ပါးတဲ့ သူအတွက် ကံကြမ္မာက လူကောင်းလေးနဲ့ တွေ့ပေးလိုက်သလိုပါပဲ။ တနပ်စာ ဟင်းအတွက် ဆီလျော်ရာ ရွေးချယ်ပေမယ့် (ငွေကြေးအတိုင်းအတာလည်း ပါမှာပေါ့)
ReplyDeleteတဘဝစာ လက်တွဲဖော်ကိုတော့ စိတ်နှလုံးသား အလိုအတိုင်း ရွေးချယ်ကြတာပဲ။ အလှအပထက် ဂရုဏာ စိတ်ကို ပိုဦးစားပေးတဲ့ စိတ်ကောင်းရှိသူမို့ ဒီလို ရွေးချယ်တာနဲ့ တူပါရဲ့။
တနပ်စာထမင်းနဲ့ဟင်းအတွက်အရွေးမှားသွားခဲ့ရင်လည်း
ReplyDeleteပြသနာမရှိနိုင်ပေမဲ့....တဘဝစာလက်တွဲဖော်အရွေးမှားခဲ့ရင်တော့
မကြီးချစ်ရေ...တဘဝလုံး ဒိန်းဂျား ဖြစ်သွားမှာသေချာတယ်
ဒိန်းဂျား=danger
သမီးတို့အဖေလူပျိုကြီးအကွက်ရွေ့ပုံလေးကပညာပါတယ်
စိတ်ချင်း ဆုံလို့ ထင်ပါရဲ့။ အချစ်ဆိုတာ ဆန်းကြယ်ပါတယ်လေ..
ReplyDeleteကြည်အေး ရေ
ReplyDeleteကြည့်အုန်း ကိုကြီးကျောက် က အခုမှ အချစ်မှ မျက်စိမရှိပါလုပ်တုန်း ရှာဖွေ ပေးလိုက်ပါအုန်း မမြင်ဘူးလား မသိဘူး ဒါမှမဟုတ် အမြင်လွန်နေတာ ထင်တယ်
စိတ်ဝင်စားစွာဖတ်သွားတယ် နော်
ကျေးဇူး
ရွှေစင်ဦး
ဦးနှောက်လေးတော့သုံးပြီး do or die တော့ခပ်ရဲရဲလေး ရွေးသင့်ရွေးရတာပါပဲ.....။ ခရမ်းချဉ်သီးရွေးတာလောက်တော့ မလွယ်တာမှန်ပေမယ့်...တခါတလေ နောင်တတွေနဲ့ ကျန်ရစ်ခဲ့တာမျိုးကြုံရတတ်သေးတယ်လေ....။
ReplyDeleteခင်တဲ့
မိုးငွေ့
ရွေးချယ်မှု.... သိပ်အရေးကြီးတာနော်.... တဘဝလုံးစာအတွက် ရွေးရတဲ့ ရွေးချယ်မှုက အရေးအကြီးဆုံးပါဘဲ
ReplyDeleteပြောင်မြောက်ပါပေတယ်။
ReplyDeleteဒါလေးဖတ်ပြီး တွေးမိသွားတယ်..ရွေးချယ်ခြင်း အကြောင်းကိုပေါ့..
ReplyDeleteသိပ်ကောင်း အရမ်းကောင်း ရင်ထဲကို တည့်တည့်မှန်သွားတယ်... ဖခင်မေတ္တာတွေကိုလေ... ဒီဖခင် ဘယ်လောက်ပျော်လိုက်မလဲဆိုတာ နားလည်နိုင်တယ်....
ReplyDeleteမမရေးထားတာလေးကောင်းတယ်... ပူးတေအရမ်းကြိုက်တယ်...
ချစ်ခြင်းအစ သနားခြင်းက ဆိုတာမျိုး ဖြစ်သွားတာ ထင်တယ်နော်..
ReplyDeleteအစ်မချစ်ကြည် စာအရေးအသားမှာ မျောပြီး ဘာမှကို မပြောနိုင်တော့ဘူး..
ReplyDeleteဘာလို့ ဒီလောက်တော်နေတာတုန်းးးး :))
အတ္တပါးပါးက အမေတစ်ယောက်ရဲ့ သားအပေါ်ပူပန်မှု(အတ္တ)
ReplyDeleteရွေးချယ်မှုများက အဖေတစ်ယောက်ရဲ့ သမီးအပေါ်ပူပန်မှု(သနားကရုဏာ)
တော်ပါပေတဲ့ ငါ့အစ်မ :)))
ဆန်းကျယ်တဲ့ ရွေးချက်မှုတွေပါလား အမရေ။
ReplyDeleteဖတ်လို့တကယ်ကောင်းပါရဲ့....အတွေးတွေလည်း ပွားမိတယ်။ အင်း....ကိုမင်းသန့်လိုလူမျိုး အပြင်မှာ ဘယ်နှစ်ယောက်လောက်များ ရှိနိုင်မလဲ????
ReplyDelete“ချစ်လို့ကို ချစ်တာပါပဲ” ဆိုတဲ့စကားကိုတော့ သဘောအကျဆုံးပဲ။ “အကြောင်းပြချက်ရှိတဲ့အချစ်ဟာ အချိန်မရွေးသေဆုံးသွားနိုင်တယ်” လို့ ဂျင်းကြားဖူးတယ်။
မကြီးအေးရေ့.......
ReplyDelete၀တ္တုလေးဖတ်လို့ကောင်းတယ်.....။
(အဲ့ဂလို ယောက်ခမလောင်းကြီးမျိုးနဲ့ တွေ့ချင်ပဗျာ.........ဟိဟိ)
ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို
အချစ် အမျိုးမျိုးရှိတဲ့အထဲမှာ “သနားချစ်”ကတော့ အခိုင်မြဲဆုံးပဲ..
ReplyDeleteဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ(သို့) မသန်မစွမ်းဖြစ်နေပါစေ အဲဒီလူရဲ့ လိုအပ်နေတဲ့ ကွက်လပ်တွေကိုဖြည့်စည်းပေးချင်လာတယ်..။
သနားတဲ့စိတ်နဲ့ ပေးစပ်အချစ်နဲ့ချစ်သွားကြတဲ့ ချစ်သူတွေကို မြင်ဖူးတယ်..။
မချစ်ရေ...
ReplyDeleteစာထဲမှာမျောပါသွားတယ်..။
ဇာတ်သိမ်းလေးက နှစ်သက်ဖို့ကောင်းတယ်..။
မှန်ကန်တဲ့ ရွေးချယ်မှုကို လက်ခံပေးတဲ့ ဖခင်ကိုလည်း လေးစားမိတယ်..။
ဒါမျိုးလေးတွေ ဖတ်ရတာ အရသာရှိတယ်။
Anonymousရေ...အမက ငြိမ်းချမ်းရေးတို့ ချစ်ကြည်ရေးတို့ကို ကြိုက်တယ်၊ ဘလော့နာမည်ရွေးတော့ ငြိမ်းချမ်းအေး၊ ချစ်ကြည်အေး တို့ စဉ်းစားမိတာ၊ နောက် ဆရာမကြီး ကြည်အေးကို ချစ်ခင်လေးစားစိတ်နဲ့ ချစ်ကြည်အေး လို့ ပေးဖြစ်ခဲ့တာပါ...ဖြေခွင့်ရလို့ ကျေးဇူးပါ....:)
ReplyDeleteမှတ်ထားမှပဲ..။ ဒီပို့ကိုတော့..။ ကျွန်တော်လည်း ကလေးဆိုရင်တော့ သမီးလေးတွေပဲလိုချင်တယ်။ သမီးချည်းပဲ သုံးယောက်လောက်ယူမလို့ နာမည်တောင် ရွေးပြီးသွားပြီ...။ ခက်တာက ရည်းစားတောင်မရှိသေးတာနဲ့ပဲ လက်လျှော့ထားရတယ်..။ :)
ReplyDeleteခရမ်းချဉ်သီး ၀ယ်ရင်းများ အတွေးရလို့ ရေးခဲ့သလားအမရေ... ဟဟ
ReplyDeleteအွန်လိုင်း ၀တ္တုတို စကာတင် စာရင်းမှာ
ReplyDeleteတွေ့လို့ပါ အမရေ ..
အရမ်းကောင်းတယ် ..
အားပေးသွားတယ် ..
ခင်မင်လျှက်
ဆောင်းနှင်းရွက်
အွန်လိုင်း ၀တ္တုတို စကယာတင်မှာတွေ့လို့ လာဖတ်ပါတယ်
ReplyDeleteဖတ်လို့ကောင်းလိုက်တာ...
အဖေတွေနဲ့နေရတဲ့သမီးတွေ အမေမရှိဘူးဆိုပြီးအားငယ်နေစရာမလိုအောင် ထိထိမိမိရေးပြသွားတဲ့မမကို ဒီပို့စ်ဖတ်အပြီးမှာပိုပြီးလေးစားသွားရပါပြီ.. ကျေးဇူးတင်ပါတယ်။
ReplyDeleteသေချာမကြည့်ပဲပို့စ်ဖတ်ပြီးတာနဲ့စိတ်လှုပ်ရှားပြီး အပေါ်ကကွန်မန့်မှာ Name ပြီးတော့ထုံးစံအတိုင်း URL ပါထည့်လိုက်မိတယ်။ မျက်စိရှမ်းသွားတာမို့တောင်းပန်ပါတယ်နော်။
ReplyDeleteဆုရပို့စ်ကို သေချာပြန်မဖတ်သေးခင် ကော်မန့်အရင်မန့်လိုက်တယ်၊ မုန့်ကျွေး မုန့်ကျွေး.. ဟားဟား..
ReplyDeleteမ ရေ... Congratပါ... ဆုရသွားလို့ အရမ်းဝမ်းသာပါတယ်...
ReplyDeleteအရမ်းဖတ်လို့ကောင်းပါတယ်။ ဖခင်မေတ္တာ (မိခင်မေတ္တာ) နဲ့ သမီးတွေရဲ့ အကြောင်းကိုဖတ်ရတာ.. ပီတိဖြစ်တယ်။ သူ့အဖေတွေးသလိုမဖြစ်ပဲ.. အကြီးမကို ရွေးမယ်ဆိုရင်တော့.. နောက်ဆက်တွဲ ဘယ်လိုဇာတ်လမ်းဖြစ်မလဲတောင် စဉ်းစားမိသေးတယ်.. (အဖေတစ်ယောက်ရဲ့ ခံစားချက်နဲ့ အငယ်မရဲ့ ခံစားချက်ပေါ့)
ReplyDeleteရေးးးးးးးးးးးးးး တို့အစ်မချစ်!
ReplyDeleteအရမ်းပျော်တယ်ဗျားး))
ဒီပို့စ်ဖတ်ခဲ့တုန်းက အပေါ်မှာရေးခဲ့တဲ့ကွန်မန့်ကို ပြန်ကူးခဲ့တယ်...
TURN-ON-IDEAS said...
အစ်မချစ်ကြည် စာအရေးအသားမှာ မျောပြီး ဘာမှကို မပြောနိုင်တော့ဘူး..
ဘာလို့ ဒီလောက်တော်နေတာတုန်းးးး :))
တခေါက် ပြန်လာဖတ်သွားတယ်...
ReplyDeleteCongratulation... You deserved it... Two thumbs up...!!
အတွေးကြွယ်တဲ့ မချစ်ကြီး
ReplyDeleteဒီထက်မက ပြောင်မြောက်ထက်ရှတဲ့ အနုပညာ လက်ရာများဖြင့် စာချစ်ပရိတ်သတ်များကို ညှို့ ယူနိုင်ပါစေ
လောလောဆယ် ကိုယ်တိုင်ညှို့ ယူခံလိုက်ရပါတယ် :)
အွန်လိုင်းရွှေဝတ္ထုတိုဆုရ ဒီဝတ္ထုတိုလေးကို Myanmar Blogs Digest Page လေးမှာ ဝေမျှချင်လို့ ယူသွားခဲ့ပါတယ် Sis ရေ...
ReplyDeletehttps://www.facebook.com/mmblogsdigest
ကျေးဇူး..
Yan.