Monday, October 3, 2011

စိနတိုင်းသွားတောလား-၂

ခရီးအစကနေ အဆုံးထိ အစီအစဉ်အတိုင်း ရေးဖို့ပဲ၊ ဒါပေမဲ့ ညီမလေးများက ဂရိတ်ဝေါကြီး ကြည့်ချင်လှချည်ရဲ့ ဆိုတာနဲ့ ဂရိတ်ဝေါကြီးကို အရင် ဆွဲတင်ပေးလိုက်ပါရတယ်။ အဲဒီနေ့က စိတ်စောနေလို့ ကျွန်မမှာ မနက်စာတောင် ဖြောင့်အောင် မစားနိုင်ဘူး။ ဒါကို ကိုရွှေတိုးဂိုက်က လမ်းကြုံလို့ဆိုပြီး ကျောက်စိမ်းအရောင်းပြခန်းတစ်ခုကို အရင်ဆုံး ခေါ်သွားပြတယ်။ ရေလည်ပဲ၊ တင်းတယ်ကွာ။ ဒီက မြန်မာပြည်သူပါ။ သူတို့ကျောက်စိမ်း စိတ်မဝင်စားလှပါဘူး။ သို့သော် အများနဲ့ ဆိုတော့ကာ သည်းခံ ဒကာမကြီး သည်းခံလော့ ဆိုပြီး ဆက်ဖ်ကူးလ်လင်းဒေါင်း လုပ်ရတော့တာ။ ဗဟုသုတရတာပေါ့လေဆိုပြီး တာဝန်ရှိတဲ့သူ ရှင်းပြတာတွေ စိတ်မပါလှစွာ နားထောင်ခဲ့ပါတယ်။

ကမ္ဘာမှာ တရုတ်ပြည်ကထွက်တဲ့ ကျောက်စိမ်းဟာ အရည်အသွေး အကောင်းဆုံးဖြစ်တယ် တဲ့။ ဟာ... အဲဒီစကားအကြားမှာ အိပ်ချင်နေသေးတဲ့ ကျွန်မမျက်လုံးတွေ ပြူးကျယ်ထွက်သွားတယ်။ ဒီငတိကတော့ကွာ...၊ ပေါက်ဖော်ကြီးကတော့ကွာ လုပ်ချလိုက်ပြန်ပြီ။ ကျွန်မတို့ တစ်အုပ်စုလုံးကို ရှင်းကျားဖောက စလုံးတရုတ်တွေ ထင်သလား မပြောတတ်ပါဘူး။ ကြားရတာ တော်တော် ဖီလင်အောက်သွားတယ်။ ဒါနဲ့ပဲ " ဟေ့ ငါတို့က မြန်မာကွ " လို့ ပြောလိုက်မှ ငတိက နဲနဲရှိန်သွားပုံရတယ်။ အဲဒါနဲ့ ဘေးနားက အရောင်းဝန်ထမ်း အမျိုးသမီးက "ဟုတ်တယ် နင်တို့ မြန်မာပြည်က ကျောက်စိမ်း အရည်အသွေး သိတ်ကောင်းတယ်" လို့ ဝင်ပြောတယ်။ အဲဒီအမျိုးသမီး ကယ်လို့ပေါ့ကွာ၊ ထားလိုက်ပါတော့လေ။ အတိတ်ကို အတိတ်မှာပဲ...ဟင်း...

ဟော...အားလုံး ရောက်ချင်နေကြတဲ့ မဟာတံတိုင်းကြီး ရှေ့မှာ မြင်နေရပါပြီ။ အဲဒီကောင်ကြီးက ဘေဂျင်း လက်စွပ်ကြီး ၇ကွင်း (7 rings of Beijing) ရဲ့ အဖျားအနား၊ စကတ်အပြင်ဘက် (Outskirt)မှာ ရှိတာ။ ဒီလိုလေ ဘေဂျင်းကို အတွင်းပိုင်း မြို့လယ်ကနေ စက်ဝိုင်းတစ်ဝိုင်း ဝိုင်းတာကို 1st ring (Ring Road)-အဲဒီမှာကတော့ CBD area မို့ တကယ့်ဒိတ်ဒိတ်ကြဲနေရာတွေချည်းပဲ၊ နောက်တစ်ဝိုင်း 2nd Ring Road၊ နောက်တစ်ဝိုင်း 3rd Ring Road၊ အဲလိုနဲ့ ဝိုင်းသွားလိုက်ရင် ဘေဂျင်းမြို့အစွန်ဆုံးထိ ၇ကွင်းရှိပါတယ်။ မဟာတံတိုင်းကြီးက အဲဒီ ၇ကွင်းရဲ့ အပြင်ဘက်မှာရှိပြီး ဘေဂျင်းမြို့ထဲနဲ့ မိုင် ၅၀ခန့် ဝေးပါတယ်။






မင်းဆက် ၃ဆက်ဖြစ်တဲ့ Qin Dynasty၊ Han Dynasty နဲ့ Ming Dynasty ၃ဆက်တိုင်တိုင် လက်ဆင့်ကမ်း ဆောက်လုပ်ခဲ့ကြပြီး ကီလိုမီတာပေါင်း ၈၈၅၀ (၅၅၀၀မိုင်) ရှည်လျားပါသတဲ့။ ဒါက အဖြောင့်တိုင်းရင်ပေါ့၊ ကြားက မြစ်ချောင်းတောင်တန်းတွေ၊ သဘာဝအတားအဆီးတွေ မပါဘဲ သူ့တံတိုင်းကြီး သက်သက်ဆိုရင်တော့ ၆၂၆၀ကီလိုမီတာ (၃၈၉၀မိုင်) ရှိပါတယ်။ သူက တစ်ဆက်တည်း မဟုတ်ဘဲ ပြတ်နေတဲ့ အပိုင်းပိုင်းတွေ ရှိနေတဲ့အတွက် မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ မွန်ဂိုနဲ့ တခြား ကျူးကျော်သူတွေရဲ့ ရန်က ကာကွယ်ဖို့ဆိုတာကြီးဟာ မဖြစ်လာနိုင်ဘဲ ကမ္ဘာ့အံ့ဘွယ် ၇ပါး စာရင်းဝင်တော့ ဖြစ်နေပါသေးရဲ့။ အဲဒါအပြင် ယူနက်စကိုရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် လည်း ဖြစ်သေးတယ်။





မဟာတံတိုင်းကြီးကို စစ်သား၊ အရပ်သားနဲ့ ရာဇဝတ်သား အဲဒီ သား၃သားနဲ့ ဆောက်လုပ်ခဲ့တာ ဖြစ်ပါသတဲ့။ စစ်သားတွေက အမိန့်အရလာရပြီး အရပ်သားတွေကိုတော့ ဖိအားပေးစေခိုင်းခဲ့တာပါ။ ရာဇဝတ်သားတွေ ကိုတော့ အလုပ်ကြမ်း ၄နှစ်အမိန့်နဲ့ ခိုင်းစေခဲ့တာပါပဲ။ အဲဒီသား၃သားရဲ့ အသက်၊ သွေး၊ ချွေးပေါင်းများစွာ ရင်းနှီးပေးဆပ်ခဲ့ကြရတဲ့ တံတိုင်းကြီးဖြစ်ပြီး အလုပ်သမားပေါင်း မီလီယံနဲ့ချီခဲ့ပါတယ်။






"We climbed the Great Wall"
အိုင်အမ် ဟီးရိုးအင်း ညှင်း ညှင်း :P


လက်မှတ်က တစ်ယောက်ကို ၄၅ယွမ်-စလုံး ၈ကျပ်ဝန်းကျင်


မဟာတံတိုင်းကြီးရဲ့ လှေကားထစ်တွေဟာ အနိမ့်အမြင့် အထူအပါး မတူကြဘူး။ တစ်ချို့ ၄လက်မကနေ တစ်ချို့ တစ်ပေသာသာမြင့်ကြတာလေ။ ဒီတော့ မြေပြင်ညီပေါ်လျှောက်နေကျ ခြေထောက်တွေက တယ် မမြှောက်ချင်ဘူး။ ဘေးတစ်ဘက်တစ်ချက်က လက်ကိုင် သံတန်းနိမ့်နိမ့်တွေကို အားပြုရင်း ပေါင်နဲ့ ခြေသလုံးကို ၉၀ဒီဂရီချိုးမြှောက်လို့ ကမ္ဘာမြေဆွဲအားကို ဆန့်ကျင်ပြီး တက်ခဲ့ရတာ ပေါ့သေးသေးမှတ်လို့။  အပေါ်တစ်ဆင့်ထိ တက်ပြီး အောင်မြင်စွာနဲ့   အောက်ပြန်ဆင်း ခဲ့ကြတယ်။ အချိန်ရရင်တော့ ဆက်တက်ချင်သေးသား။ အမယ်... ဒါတောင် အောက်ရောက်တော့ ခြေသလုံး စင်စစ်က ဂျယ်လီတွေကို ဖြစ်လို့။ တုန်တုန် တုန်တုန်နဲ့...။

အောက်ပြန်ရောက်တော့ အိမ်သာဆိုတာတွေ့လို့ ဝမ်းသာအားရ၊ မြှားပြထားတဲ့အတိုင်း ကြည့်တော့မှ ပန်းကန်လုံးကလေးနဲ့ ကပချီနိုဆိုပါရောလား၊ တမျိုးပဲ...။ ပေါက်ဖော်ကြီး အားကီးနောက်လယ်....


အစီအစဉ်အရတော့ ဒါကြီးတက်ပြီးရင် နေ့လည်စာပဲ...အဟမ်းးး၊ ဆက်ပါဦးမယ်...:)




http://www.travelchinaguide.com/

27 comments:

TURN-ON-IDEAS said...

နေ့လည်စာကိုအသာထားပြီး နဂိုပလန်ဖြစ်တဲ့ ခရီးစဉ်အစကနေ အစီအစဉ်အတိုင်းသာ ပြန်ရေးပါလေ... :P
TOI

Nyi Linn Thit said...

မချစ်ကြည်အေး.. မိုက်တယ်ဗျာ၊ ကမ္ဘာ့အံ့ဖွယ် တပါးကို အခုလို ရောက်ဖူးသွားတာ..၊ အားကျတယ်..၊း) ဒေးဗစ်ကော့ပါ့ဖီးလ် လိုရော.. ဟိုဖက်ဒီဖက် ဖြတ်လျှောက်ခဲ့သေးလား..?းD

TZA said...

ရှူရှူးကို ကာဖီခွက်နဲ့ပေါက်ခဲ့တဲ့ အတွေ့အကြုံလေးလည်း မျှပါအုံးခင်မျာ.. :p

မိုးငွေ့...... said...

မောသွားတယ် မကြီးနဲ့ ဂရိတ်ဝေါလိုက်တက်လိုက်တာ....:P
ဒါကြီးတက်ပြီး ရင်နေ့လည်စာပဲတဲ့...။
စောင့်စားနေမယ်.....အဟိ...

blackroze said...

မကြီးချစ်ရေ
ကျန်တဲ့အဆက်လေးလည်း
မြန်မြန်တင်ပါနော်..

PhyoPhyo said...

မချစ်ကြည်ရေ
ဖတ်ချင်လို့ စောင့်နေတာ။
စကတ်အပြင်ဘက်ဆိုလို့ ရယ်လိုက်ရတာ။ 7 rings အကြောင်းသိဘူး။ ကျေးဇူး။
ခုရော ဂျယ်လီတုန်းပဲလား :)

Mon Petit Avatar said...

The day we went to Great wall, it was freezing cold and one of my hubby colleagues tripped and fell a few stairs due to snowl. Thank god, she was not badly injured. And thank you Ma Ma CKA for the knowledgeable facts and I long for part 3,4,5,etc.

ချော(အစိမ်းရောင်လွင်ပြင်) said...

အားကျသကွာ ချစ်အစ်မကို..
ရောက်ဖူးချင်နေတာ ကြာပေါ့
ဒါပေမဲ့ ခုထိမရောက်နိုင်သေးဘူး
ဂရိတ်ဝေါလ်ကြီးက တကယ်လဲ အံ့သြဖို့ကောင်းတယ်နော်
စက်ကိရိယာ မတိုးတက်မထွန်းကားသေးတဲ့ ခေတ်မှာတောင် ဒီလောက်တောင်ကြီးကျယ်အောင် ဆောက်နိုင်ခဲ့တယ်။
ဟိုရှေးခေတ်က ဘုရင်တွေရဲ့ ဘုန်းတန်ခိုး အာဏာစက် ဘယ်လောက်ကြီးတယ်ဆိုတာ ခန့်မှန်းမိပါရဲ့။
တစ်နေ့တော့ အစ်မချစ်လို့ ဟီးရိုးလုပ်ဦးမယ် ညှင်းညှင်းး)

ချော(အစိမ်းရောင်လွင်ပြင်) said...

ပြောချင်တာ ကျန်သွားတယ်
တရုတ်တွေများ တရားလွန်ပါရဲ့
ကျုပ်တို့ မြန်မာပြည်ထွက်ကျောက်စိမ်းက အကောင်းဆုံးကိုများ သူတို့တရုတ်ထွက်ဖြစ်ရသေးတယ်
ပလီပလာ ဗလောင်းဗလဲနဲ့ ဟွန့်..
တကယ်တမ်း တရုတ်ပြည်မှာကျောက်စိမ်းထွက်ပေမဲ့ အရည်အသွေး လုံးဝမကောင်းပါဘူး
ဒါကြောင့် မြန်မာပြည်က ကျောက်စိမ်းကို အာသာငမ်းငမ်းလိုချင်နေကြတာ ။
ခုလည်း ဧရာဝတီမြစ်ဖျားဟာ သူတို့ နိုင်ငံကနေ စတင်စီးဆင်းတယ်ဆိုပြီး ပလီပလာ ပြောနေပြန်ပြီလေ။ တော်တော် မလွယ်တဲ့ တရုတ်တွေ..

rose of sharon said...

ရောက်ဖူးချင်လိုက်တာ... မချစ်လို စိတ်သွားတိုင်းကိုယ်ပါတဲ့ဘဝလေးကိုအားကျတယ်...

မဒမ်ကိုး said...

တွေ့သွားပီ ဟီးရိုးကြီးကို ဟိဟိ
သွားချင်တယ် သွားချင်တယ်
ဂရိတ်ဝေါရယ် ရင်ပြင်ရယ် မင်မင်းဆက်အုတ်ဂူတွေရယ် သွားကြည့်ချင်လိုက်တာ ဆက်ရေးပါမမချစ်ကြီးရေ
ဖတ်ချင်တယ် အကုန် .
တကတည်း ကြာထှာ ဟွန့်

ချစ်တဲ့
မဒိုးကန်

သက်ဝေ said...

သေချာတယ်... ဒီလိုသာဆို အန်တီသက်ဝေ မတက်နိုင်လောက်ဖူး... မြေပြင်ညီ လမ်းအဖြောင့်ကိုတောင် များများလျှောက်ရရင် လူက ယိုင်ချင်နေတာ...ခွိ ခွိ...

မြသွေးနီ said...

အစ်မချစ်ရေ...
မနာလိုဘူးဝေ့...။ ကမ္ဘာ့အံ့ဘွယ် ဂရိတ်ဝေါကို ရောက်ဖို့ဆိုတာ လွယ်တာမှတ်လို့။ ဒီမှာတော့ မူးလို့ ရှူစရာဆိုလို့ ဂရိတ်ဝေါ ဒါဏ်ကြေလိမ်းဆေးပဲ တွေ့ဘူးတယ်။
ဂျယ်လီတုန်ုတုန်လေးကို မှန်းမြင်ကြည့်နေမိတယ်... ဟိ..။ စကားမစပ်.. ၄၅ယွမ်တန် လက်မှတ်ထဲကပုံက ကိုပန်းသီးနဲ့ အစ်မချစ်လားဟင်...?

ညီရဲသစ် said...

အစ်မချစ်တို့ တော့ တော်တော် ပျော်ခဲ့မယ် ထင်တယ်...
ကျွန်တော်လဲ ရောက်ဖူးချင်တယ်။ အဲဒီလို သမိုင်းဝင် နေရာမျိုးတွေကို...
ဒါပေမယ့် ခုထိတော့ ဘယ်မှ မရောက်နိုင်သေးပါဘူးလေ...

အပြုံးပန်း said...

အားကျတယ် အမရေ၊

အမ ခန္ဓာကိုယ်နဲ့တောင် တော်တော် မတက်နိုင်ဘူးဆိုတော့
ကိုယ့်ကိုယ်ကိုသာဆိုရင် ဘယ်လိုနေမှာပါလိမ့်လို့တွေးမိတယ်၊

SHWE ZIN U said...

ချစ်ကြည်အေး ရေ

အားကျထာ ဒါပေမဲ့ အဲလိုတော့ တက်နိုင် မယ် မထင်ဘူး ပေါက်ဖော် ကြီး ကျောပိုးခိုင်းမှ ဟားဟားး

ခင်မင်တဲ့
ရွှေစင်ဦး

ချစ်ကြည်အေး said...

ဟုတ် ဟုတ်ကဲ့ပါကိုTOIရှင့် နဂိုပလန်-နဂန်ပလိုအတိုင်း ပြန်ရေးပါ့မယ်...:)

ကိုညီလင်းသစ်>> ဒေးဗစ်ကော့ပါးဖီးလ်လို ဟိုဖက်ဒီဘက်လျှောက်တာနီးလို့ အရှည်လိုက်ပဲ လျှောက်ခဲ့တယ်ရှင့် :)

ဟဟဟား မောင်တီ နင်တော့ ငါ့လက်နဲ့ နီးပြီ ပေါက်ကရဖော်တိတွေ၊ ကပချီနိုခွက်နဲ့ လုပ်စမ်းဘာာာ :)

ဟုတ် ညီမဘလက်နှင်းဆီ...နားနားပြီးတင်ပါ့မယ် :)

ညီမဖြိုး ခု ဂျယ်လီကနေ တော်ဖီဖြစ်သွားပြီ ဟဲဟဲ:)

Ok My sis MPA, တူဘီကိုတင်ညွန့် soon:)

ဟုတ်ပ ရွှေချောရယ် ဒီလောက် ထုကြီးထည်ကြီးကို သာမန်လက်နဲ့ ဆောက်ခဲ့ကြတာ။ အဲဒါ ပြောတာပေါ့အေ၊ ဒင်းတို့က လွန်လွန်းတယ်၊ တို့ဆီက အစိမ်းတုံးတွေ သူတို့လက်ထဲ နည်းပေါင်းစုံနဲ့ ပါသွားတာများ ဟွန်းးး

ညီမရိုစ့်ရယ် ကိုယ်သွားနိုင်တုန်းလေး သွားချင်တဲ့ စိတ်ကို အလိုလိုက်ရတာလေ...

ဒိုးကန်ရယ် စိတ်အေးအေး စောင့်ဖတ်ပါအေ၊ Ming Tombကို မရောက်ခဲ့ဘူးအေ့၊ ရောက်ခဲ့ သမျှ မြင်ခဲ့သမျှကိုတော့အကုန်ရေးမှာ စိတ်ချ :)

တက်ဂ်ဝေရယ် အဲလောက်လည်း အားမလျှော့ပါနဲ့လေ၊ လမ်းအဖြောင့်မို့လို့ ယိုင်ချင်တာ နေမှာပါ၊ လှေကားတက်ရရင် လူက မတ်သွားရော တဲ့ :P

ညီမမြသွေး အဲဒီဂရိတ်ဝေါ ယူမသွားခဲ့မိလို့ပေါ့ကွာ၊ ဟင်း နောက်တနေ့ကျ ခြေထောက်က ထောက်ရင်ကို နာရောပဲ။ ဟုတ်ပ အဲဒါ အမချစ်နဲ့ အိမ်ကလူ ကိုပန်းသီးလေ...ဟိ:)

ကိုညီဘလက်ရဲ ပျော်မောပင်ပန်းကြီးပေါ့အေ၊ စိတ်ကသာ ရည်မှန်းထား တစ်နေ့ရောက်ကို ရောက်ရမယ် လို့...

ညီမပြုံး ခန္ဓာကိုယ်ကြောင့် မဟုတ်ပါ ညီမရာ၊ အသက်ကလေး ထောက်လာလို့ နေမှာပါ...ဟားဟား :)

ဟာ...အမဇင် ချစ်ချစ်ကြီး စိတ်ညစ်အောင် အဲလို မလုပ်ကြေးလေ...:)

ဘလော့ဂ်ရေးဖော် မိတ်ဆွေများအားလုံး ကော်မန့်များအတွက် ကျေးဇူးပါရှင် :))

ချစ်ကြည်အေး said...

ဟင်...ညီမမိုးငွေ့ ကော်မန့်က စပန်းထဲ ရောက်နေတာ ခုမှ တွေ့လို့။
ဟဟဟ စောင့်-စားနေပါ ညီမရေ လာပါမယ် လာပါမယ် :))

Shinlay said...

တံတိုင်းကြီးကိုလိုက်လည်ပါတယ်။
လှေကားထစ်တွေတော့တတ်ရဲဘူး။
ကျေးဇူးနော်။

ချစ်ကြည်အေး said...

သူငယ်ချင်း ရှင်လေး ရောက်မှတော့ တက်လိုက်ခဲ့ပါဟယ်၊ အတူ တွဲထားမှာပေါ့...:))

mstint said...

တရုတ်ပြည်ကိုရောက်ဖူးပေမယ့် ဂရိတ်ဝေါကို တစ်ခါမှ မရောက်ဖူးသေးဘူး မချစ်ရေ။ ဗဟုသုတတွေအတွက် ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

sosegado said...

ဒေးဗစ်ကောပါဖီးလို ဟိုဘက်ဒီဘက် ထွက်လို့ရမရ ကြည့်ခဲ့ပါသေးသလား၊

susu said...

မချစ်‌ရေ..ဧရာဝတီအတွက်လက်စား‌ချေတဲ့အ‌နေနဲ့‌ပေါက်‌ဖော်ကြီးတို့ရဲ့မဟာတံတိုင်းကြီးကိုတဖဲ့‌လောက်မယူခဲ့ဘူး
လား...။

T T Sweet said...

အန်တီအကြည်တို့ Great wall အံ့ဘွယ် တစ်ပါးကို ရောက်ခဲ့တာပေါ့။ အားကျတယ် ။
ပိုက်ပိုက်သာ ချမ်းသာရင်လေ အဲလိုတွေ လျှောက်သွားမှာ။ ဥရောပကိုလဲ ရောက်ဖူးချင်တယ်။ လေယာဉ်ခ ဈေးကြီးလွန်းလို့။

Shwe Zin Oo's Blog said...

အမချစ်
ဝိုးးးးးးးးပျော်တယ်ဗျို့ အားကျတယ် သွားချင်တဲ့နေရာတခုကို အခုတော့ အမချစ်နဲ့အတူ လျှောက်လိုက်လည်အုံးမယ်လေ ကျန်တဲ့အပိုင်းတွေ မြန်မြန်တင်ပေးနော်

ခင်မင်တဲ့
seesein

ချစ်ကြည်အေး said...

ဟုတ်ကဲ့ အန်တီတင့် နောက်တခေါက်သွားရင် ဂရိတ်ဝေါသွားဖြစ်အောင် သွားနော်၊ သွားသင့်တဲ့ နေရာမို့ပါ...

ကိုဆိုစီ>> ကန့်လန့် ဟိုဘက်ဒီဘက်ဖြတ်ရတာ နီးလို့ပါ ဆိုမှ...

စု>> အုတ်ခဲ၃လုံးဖဲ့လာတယ်...မီးဖိုလုပ်ဖို့....ခွိ

အို အန်တီမတ်စိကလည်း လူမသေ ပိုက်ပိုက်မရှားတဲ့၊ သွားနိုင်တုန်း သွားသာသွားစမ်းပါဟာ...

ညီမစစ>> အတူခေါ်သွားချင်ပါတယ် အားလုံးကို၊ တကယ် ဘယ်လောက်များ ပျော်စရာကောင်းလိုက်မလဲလို့...။ ရေးတာကတော့လေ နား နားပြီးရေးမယ်နော် စစ...:)

san htun said...

မဟာတံတိုင်းကို ရောက်ဖူးချင်နေတာ မမချစ်ရေ..ဓာတ်ပုံတွေထဲကပဲ ရောက်ဖူးသွားပြီ..

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်