Tuesday, February 20, 2018

-----


လွယ်မယ်ထင်သလား
ကိုယ့်စိတ်ကို ကိုယ်တိုင်ပြန်လုပ်ကြံရတာ
နေထွက်ကနေဝင် ကျောက်တုံးကြီးကို တဖန်လဲလဲ
တွန်းတင်နေရသလို
မောတယ်၊
ဖြစ်သမျှပါပဲ အသာလေး
ဘေးထွက်ကြည့်နေလိုက်တယ်
ကိုယ်မရှိတော့တဲ့ကမ္ဘာဟာ ဘာတခုမှလျော့မသွားဘူး
မောတယ်.....အရင်အတိုင်း၊
လူရာမဝင်ချင်ပါဘူး
မေတ္တာသာ အရာထင်ချင်တဲ့သူ
နာကျင်မှုတွေအတွက် ဘာနဲ့မှ အလဲအထပ်မလုပ်လိုသူ
ဟိုးအစကနေအဆုံးထိ
တိတ်တိတ်လေး ခေါက်သိမ်းထားသူ...၊


၂၀၀၂၂၀၁၈
ချစ်ကြည်အေး

2 comments:

  1. ဒီကဗျာလေးမိုက်တယ် ခေါင်းစဉ်မရှိ...

    ReplyDelete
  2. ခေါင်းစဉ်က စဉ်းစားလို့ကိုမရတာနဲ့ ချန်ခဲ့လိုက်တာ ညီမမိုး

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...