Wednesday, January 3, 2018

ဗီလိန်

စကတည်းက 
ဇာတ်ညွှန်းအမှားကြီးနဲ့ လူကြမ်းဖြစ်လာသူ
တစ်ကားလုံးအပြီးမှာ လူမုန်းခံရတာ အမြတ်ပေါ့
လူကြမ်းကြီးမျက်ရည်ကျတော့ ပရိသတ်တွေပျော်ကြတယ်
ဒဏ်ရာတွေနဲ့ဖူးယောင်နေလည်း ပရိသတ်တွေလက်ခုပ်တီးကြတာပဲ
လူကြမ်းကြီးက ပြုံးတယ်
အောင်မြင်လိုက်တာမှ ပက်ပက်စက်စက်
ကိုယ်ပေါ်က ဒဏ်ရာတွေက ခဏနဲ့ အသားမာတက်တယ်
စိတ်ဒဏ်ရာတွေကတော့
တစ်သက်လုံး ကြပ်ထုပ်ထိုးယူရတယ်



ချစ်ကြည်အေး

ဝ၃ဝ၁၂ဝ၁၈

2 comments:

  1. မချစ်ရဲ့ ကဗျာလေးတွေ မဖတ်ဖြစ်တာ အတော်တောင် ကြာသွားပြီ၊ ဒီတစ်ပုဒ် ဖတ်ပြီးတော့ ဟိုတလောက ဂျာနယ်တွေမှာ ဖတ်လိုက်ရတဲ့ လူကြမ်းသရုပ်ဆောင်တွေရဲ့ သနားစရာဘဝတွေ ကို သတိရမိတယ်...။

    ReplyDelete
  2. ကိုညီလင်းသစ် မတွေ့တာကြာပြီနော်။ ကော်မန့်က spamထဲရောက်နေတော့ မချစ် ဒီနေ့ ကွန်ပြူတာကိုင်ဖြစ်တော့မှ တွေ့ရတာ။ ဟုတ်တယ်၊ မချစ်လည်း ဖတ်မိတယ်၊ အင်တာဗျူးလည်း ကြည့်မိတယ်။ သူတို့ဘဝနေဝင်ချိန် အသက်အရွယ်ရလာချိန်မှာ သိပ်သနားဖို့ကောင်းတယ်။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...