ကျမတို့ တောင်ကြီးဝင်တော့ နေ့လည် ၂နာရီ နီးပါး ရှိပြီ။ အင်းလေးကအထွက် တောင်ကြီးရောက်မှ စားမဟဲ့ လို့ တင်းထားသမျှလေးလည်း ခပ်ယဲ့ယဲ့ပဲ ကျန်တော့လေတာ။ ထမင်းဆိုင် ရှာဖွေရေး လုပ်ကြပြန်တော့ ရှမ်းဆိုင်မှ စားမှာနော် လို့ အရေးဆိုမိသေးတယ်။ တကယ်တော့ အဲသည်အချိန်မှာ ဘာစားရ စားရ ဆိုရလောက်အောင် ဆာလောင်လွန်းလှပြီ။ နောက်ဆုံးတော့ နယ်ခံ မိတ်ဆွေတယောက်ရဲ့ လမ်းညွှန်မှုနဲ့ မောခမ်း ဆိုတဲ့ ဆိုင်လေးကို ရွေးချယ်လိုက်ကြတယ်။ သူတို့က အဲသလို "သျှမ်း"တယ်...
မှာစားခဲ့သမျှတွေပါ....
ဝက် အူချိုကြော် :)
ဆေးဘဲဥသုတ် (စလုံးကနဲ့ မတူဘူး)
ဘေဘီကိုက်လန် (ဒါလည်း စလုံးကနဲ့ မတူ ဘာကွာမှန်းကို မသိတာ)
ဝက်နံကြော် (ဒါလည်း ပိုချိုတယ်)
ပဲပြား ရွှေပဲသီးကြော်
ဟင်းရည်ကို ငါးခေါင်းနဲ့ မျှစ်ဟင်းမှာစားခဲ့ပြီး ဟင်းရည်လာချတဲ့အချိန်မှာ ထမင်းတဝက်ကျိုးနေပြီမို့ ဓါတ်ပုံရိုက်ဖို့ အာရုံမရဘူး ဖြစ်သွားတယ်။ မှန်းသာ ကြည့်လိုက်ကြပါတော့။ ဟင်းအရသာလေးတွေက အကုန် အဆင်ပြေပါတယ်။
နေ့လည်စာ စားပြီးတော့ ထမ်ဆမ်းဂူကို သွားခဲ့ကြတယ်။ ထမ်ဆမ်းဂူက ဓါတ်ပုံတွေ များများတင်ဖို့ ရှိတာမို့ နောက်တပိုစ့် သပ်သပ်ရေးပါမယ်။ ခုတော့ အဲဒါကို ကျော်ပြီး တောင်ကြီးမြို့ ညဈေးထဲမှာ စားခဲ့တဲ့ ညစာလေးကိုပဲ လက်စနဲ့ တင်လိုက်ပါဦးမယ်။ အစားအသောက် မတင်တာ ကြာပြီမို့ အတိုးနဲ့ တင်လိုက်ပါတယ် :)
ကျမ အကြိုက် ဟင်းထုပ် (ရင်တွေ တုန်နေတာ လက်တောင် တုန်သွားတာ ကြည့်...)
ရှမ်းထမင်းနယ် (အရမ်း....ကောင်း)
နှစ်ပြန်ကြော်
အကြော်စုံ
ရှမ်းထမင်းသုတ် (လက်တွေ တုန်တယ်ကွာ အရေးထဲ...)
ညဈေးကို ရိုက်တာ ဘယ်က မော်ဒယ်ဘွိုင်း ၂ယောက် ပါလာတယ် မသိဘူး
စကားစပ်မိလို့ ကျမ မိတ်ဆွေ အကိုတယောက်နဲ့ ဖုန်းပြောဖြစ်တာလေး ပြန်ပြောပြပါရစေ။ တနေ့ သူက ဆိုလာတယ်။
"နင်တို့ မိန်းကလေးတွေဟာ အတော်ကို ဒုက္ခပေးတယ်"
ဟာ ဘလိုင်းရှော့ကြီးပါလား အမျိုးသမီးထုကြီးအတွက် ဒါကို ကျမ ဖြေရှင်းမှကို ဖြစ်မယ်။
"ဘာဖြစ်လို့လဲ အကိုရ"
"နင်တို့ မိန်းကလေးတွေလေ ချက်ချင်တာတွေ ချက်၊ စားချင်တာတွေ စားလာပြီး ဓါတ်ပုံတွေရိုက် ပြီးတော့ ဖေ့စ်ဘုတ်ပေါ် တက်ဂ်ကြ၊ ဘလော့ဂ်ပေါ်တွေ တင်ကြ နဲ့ ငါတို့မှာ မစားရ အညှော်ခံ"
"ဟားဟား အကိုကလည်း ဒါများ"
"အမယ် ညီမလေးရဲ့ နင် သိလား အဲဒီပုံတွေကြည့်ပြီး ငါတို့မှာ စားချင်ရက်နဲ့ မစားရတာ၊ နင်တို့ ငရဲကြီးမယ် လူတွေကို ရသာတဏှာစိတ်တွေ ပေါ်အောင် နှိပ်စက်နေကြတာ..."
ကျမ ရယ်ရင်းကနေ သူ့ပြန်ပြောဖို့ အလျင်အမြန် စကားလုံး ရှာရတယ်။
"ဟာ အဲဒါ အကို လွဲပြီ။ ဒီမယ် ရသာတဏှာစိတ် ပေါ်လို့ ပေါ်မှန်း သိနေတာ အဲဒါ အကို တော်တယ်။ အဲဒီ ရသာတဏှာစိတ်ဟာ မြဲသလား မမြဲဘူးလား ဖြေ..."
သူ သိသွားပြီ အဲဒီအကို...အကြပ်ရိုက်သွားတယ် ပြီးမှ...
"မမြဲဘူးဟာ..."
"အေးလေ အကို မှန်တယ် စားစရာတွေ ကြည့်မိလို့ ရသာတဏှာစိတ် ပေါ်လာတာကို သိတယ် အဲဒီ ရသာတဏှာစိတ် ပေါ်ပြီး ပျက်သွားတယ် မမြဲဘူးဆိုတာလည်း အကို လက်ခံတယ် ဒါဆို ပြီးပြီလေ...အဲဒါလေးမှာ အမှတ်စိတ်လေးထည့်ပြီး ဖြစ် ပျက် မှတ်လိုက်စမ်းပါ အကိုရ၊ ဟော မိုးကုတ်ဆရာတော်ဘုရားကြီး ပြောသလို ရှေ့က ဖြစ် ပျက် နောက်က မဂ် တဲ့ အကိုရ....ကဲ ဘယ်လောက် အကျိုးရှိသွားလဲ၊ ညီမတို့ မိန်းကလေးတွေကို ကျေးဇူးတောင် တင်ရဦးမှာ"
"ဟားဟားဟား နင် လူလည်" ဆိုပြီး ပြောလည်းပြော ရယ်လည်းရယ်ပါတယ်။
ကျမကတော့ ဒီပိုစ့်ရေးရင်း တောင်ကြီးစာလေးတွေကို လွမ်းနေမိတော့တာ...ကဲ...စာလာဖတ်သူ၊ အစားလာငမ်းသူ သူငယ်ချင်းတွေရော....ကျမ ပြောသလို အမှတ်ကလေးနဲ့ ရှုရင်း စား...အဲ...ရှုရင်း မှတ်ကြည့်ကြပါလား....:P
အဆင်ပြေကြပါစေ...Cheers !!!
အောင်မယ်.. တခါတခါ စင်္ကာပူမှာ တကျွန်းကျနေသူတွေ ရန်ကုန်ကပို့လာတဲ့ သူတို့ရဲ့ထောင်ဝင်စာတွေကို ဓာတ်ပုံတွေအများကြီးရိုက်တင်ပြီး ထောင်ဝင်စာလာဖို့မရှိတော့လို့ ငတ်နေတဲ့ တို့လို မဲဇာတောင်တဖက်ခြမ်းကလူတွေကို နှိပ်စက်တတ်ကြသေးတာ၊ ခံရခက်ခက်နဲ့ ဂလုဂလုရေသောက်ပြီး “ဟယ်..စားချင်စရာလေး” နဲ့ “အေးဗျာ..အရသာရှိမယ့်ပုံလေး” နဲ့ သွားမန့်ရသေးတယ်..ဟင်း! ဘဝ.. ဘဝ!။
ReplyDeleteစားချင်လိုက်တာနော်... ဆေးဘဲဥသုတ်အရမ်းလွမ်းနေတာ... ဗီယက်နမ်ကဆေးဘဲဥကမဲမဲကြီးမို့ မစားနိုင်ဘူး... :(
ReplyDeleteTwo Thumbs up!
ReplyDeleteမီးတို့ တောင်ကြီးစာတွေအတွက် ဂုဏ်ယူလိုက်တာ၊
သွားရည်တွေလည်း ကျလို့။
Thank you Ma Ma!
အယ်..သူငယ်ချင်းရေ... ကလစ်တာနဲ့ လင့်ဝင်သွားတယ်.. ဆောရီးနော်... ဒီက ကော်နက်ရှင်မကောင်းလို့ ပေါက်ကရ သိပ်ဖြစ်တယ်...
ReplyDeleteအစ်မချစ်က လူလည်ကျပြီး အစားသောက်တွေတင်ပြီး စားချင်လိုက်တာ နှိပ်စက်တယ်လို့ပြောမလို့လုပ်နေတာ တော်သေးတာပေါ့ အောက်ကစာလေးဖတ်လိုက်လို့မဟုတ်၇င် ကိုယ်က တရားမရှိတဲ့သူကြီးဖြစ်တော့မယ်း) အင်းး တရားသွားတက်ထိုင်တော့မယ်လေ ဖေ့ဘွတ် တွေ ဘလော့တွေဖြတ်တော့မယ် (မနက်ဖန်ကျမှပြန်ဆက်တော့မယ် )
ReplyDeleteမောင်မျိုး
တောင်ကြီးကို တစ်ခါပဲ ရောက်ဖူးခဲ့ပါတယ်။
ReplyDeleteအဲဒီမှာ စားမိသမျှ အစားအသောက်တွေ အကုန်ကြိုက်တယ်။
မချစ်ကြည်အေးရဲ့ ပုံတွေကို ကြည့်ပြီး သွားရည်ကျသွားပါတယ်။
အေးပါ....အေးပါ.....အစားအသောက်တွေ ပြထားပါ....
ReplyDeleteငါတို့ ဘကြီး လဲ ခုနေမကောင်း ဖြစ်နေပါပြီ...
အဲဒီတော့မှ..မင်းတို့ကို ပြန်ကလဲ့စားချေမယ်...ဟင်း
မချစ် ရေ... ဟိုသီချင်းဆိုလိုက်ရတော့မယ်..... မွေးဌာနီးးးးးးးး အိမ်ပြန်ချင်တယ်ဟူးးးးးးးဟူးးးးး တောင်ကြီးမြို့ကိုလာဖို့ ဖိတ်ခေါ်တယ် ရှမ်းမလေးတွေချောတယ်..(အဲ... ဒီနေရာမှာ ပအို့ဝ်မလေးတွေ ချောတယ်လို့မှတ်....) (ဟူးးးး .... တော်သေးတယ် အမချစ် ရှမ်းစာအကုန်ရိုက်ပြီးမတင်လိုက်လို့..... နို့မို့ရောဂါပိုဆိုးနိုင်တယ်။ ဟီး)
ReplyDeleteအမချစ်ကြည် ရက်စက်လိုက်တာ။ အမှတ်လေးနဲ့ ကြည့်၊ အမှတ်လေးနဲ့ သွားရည်ကျ၊ ဗိုက်ထဲက ဂွီခနဲမြည်၊ မြည်ရင် မြည်တယ်မှတ် ... မှတ်ရင်းနဲ့ ပုံတွေထပ်ကြည့်၊ ကြည့်ရင်းနဲ့ ဗိုက်ဆာ၊ ဆာရင် ဆာတယ်မှတ် ... အမလေး ... မလွယ်ပါဘူး အမရယ် .... ပုံတွေကို ကြည့်လာရင်း (အရမ်း .... ကောင်း) ဆိုတဲ့ နေရာက ဇာတ်ရှိန်အတက်ဆုံး။
ReplyDeleteဂလုပြီး ရေပဲအ၀သောက်လိုက်ရတယ်။ အမှတ်လဲ မကယ်နိုင် ......
ဆေးဘဲဥသုပ်လေးက စားချင်စရာလေး ကိုက်လန်ကလည်းနုဖတ်နေတော့ တော်တော်ကို စားကောင်းမှာ
ReplyDeleteရန်ကုန်မှာ ရှမ်းထမင်းစားခဲ့တယ် ခေမရဌ်မှာလေ.. သိလား
ဘယ်သူနဲ့လဲ ပြောပြဘူး.. (မမြသွေးနဲ့ ) ဟီး
ရှမ်းပြည်တစ်လွှားတော့ ဘယ်သွားသွား အစားအသောက်က ပေါတယ်.. စားလို့လည်းကောင်းတယ်.. ထောက်ခံပါတယ်ဗျို့... (ကိုယ်ပြော ကိုယ်ထောက်ခံသွားတယ် )
အမချစ်ကြည်ရေအကုန်လုံးကြိုက်၊အကုန်လုံးစားချင်တယ်။
ReplyDeleteအဆင်မပြေဘူး အချစ်ရယ်း))
ReplyDeleteဟင်းထုတ်နဲ့ နှစ်ပြန်ကြော်စားချင်တယ် ....လောလောဆယ် ဘယ်မှလဲ သွားမရဘူးဖြစ်နေတယ်း((
တောင်ကြီး မရောက်ဖူးသေးပါဗျို့
ReplyDeleteသွားကို စားဦးမယ်..မှတ်ပါတယ်
ရှမ်းစာဒွေ ဗြဲ ....
ReplyDeleteကြည့်တယ် ... မြင်တယ် ... စားချင်တယ်လို့
ReplyDeleteလို့ပဲ မှတ်ရှု့သွားပါတယ် ...း))
ခင်မင်လျှက်
ဆောင်းနှင်းရွက်
ထမင်းစားချိန်မှာ မှ လာကြည့်မိရက်သားဖြစ်သွားတယ်။ ပုံတွေကြည့်ရင်း နဲ့ လက်တွေတုန်လာပြီ :-)
ReplyDeleteနှစ်ပြန်ကြော်စားချင်တယ် .......... မှတ်....... မှတ်...........မှတ် :-(
ReplyDeleteအရသာမတူဘူးဆို ဒီကဟင်းသီးဟင်းရွက်တွေက သဘာဝအတိုင်းလတ်လတ်ဆတ်ဆတ်လေ...အသားကလဲ အိမ်မွေး cp မဟုတ်တော့ ချိုနေရော...။ ဘာပဲဖြစ်ဖြစ် အားကျတယ်...နောက်နှစ်ရအောင်သွားမယ်...။ မရောက်တာ နှစ်နှစ်ဆယ်ကျော်သွားပြီ...။
ReplyDeleteခင်တဲ့
မိုးငွေ့
မမြဲသော တရားကို နှလုံးသွင်းသွားပါတော့တယ်။
ReplyDeleteတောင်ကြီးမြို့ကို တခေါက်တိတိရောက်ဖူးတယ်...
ReplyDeleteပုံထဲက စားစရာတွေထဲက တချို့ကို စားဖူးတယ်...
လောလောဆယ်တော့ ရှမ်းထမင်းနယ်ကို စားချင်သွားတယ်...
စကားမစပ်... တောင်ကြီးက လျောင်ကီးနဲ့ မတွေ့ခဲ့ဖူးလား... အဟိ
အစားအသောက်နဲ့ အနှိပ်စက်ခံရတော့မယ်မှန်းသိလည်း လာမျှော်ဆဲပါ မမ :P
ReplyDeleteစားချင်တယ်...
ReplyDeleteဆေးဘဲဥသုတ်၊ ရှမ်းထမင်းနယ်၊ တို့ဟူးကြော်...
ရှလွတ်...ရှလွတ်...
တောင်ကြီး သွားဦးမယ် ...
ReplyDeleteတောင်ကြီးက ရှမ်းခေါက်ဆွဲ တွေကောမစားခဲ့ဘုးလား အမှတ် ၁ ကျောင်းနားက ထိုင်းရိုင်ခေါက်ဆွဲဆိုင်က လက်ပန်ပွင့်မြည်းရှည် / ထလေးကျောင်းနားက မြည်းရှည်နဲ့ ဖက်ထုတ်ကြော် ပြောရင်းနဲ့စားချင်လာပြီ အခုပုံတွေထဲကအစားစာတွေလဲ စားချင်တယ် စားချင်တယ် စားချင်တယ် ........................................... အွမ်းပြေလေးကြည့်ခွင့်ရတဲ့အတွက် ကျေးဇုးအထုးပါ :p
ReplyDelete